By နွယ်ဇင်, Shweproperty.com
Updated at 13 November 2012
ရန်ကုန်မြို့တွင်း ကွန်ဒိုတိုက်ခန်းများ အငှားများလာပြီး တိုက်ခန်းများမှာလည်း အဝယ်လိုက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ အငှားများလာခြင်းနှင့် အဝယ်လိုက်လာရ ခြင်းတို့မှာ ပြည်ပမှ ရင်နှီးမြုပ်နှံမှုများ ပြုလုပ်၍ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ပါက တည်းခိုနိုင်ရန်အတွက် ကြိုတင် တိုက်ခန်းဝယ်ယူမှုများရှိလာပြီး ကွန်ဒိုတိုက်ခန်းများကို အငှားများလာကြောင်း အိမ်ခြ၊ံ မြေ အကျုးိ ဆောင် များထံမှ ၈-၁၁-၂ဝ၁၂ ရက်က သိရသည်။
ယခုအခါ မြို့တွင်းပိုင်းရှိ တိုက်ခန်း များကို ဝယ်လိုအား ကောင်းမွန်မှုရှိသော် လည်း မြို့နယ်အလိုက် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း အဆင့်မြင့်ကွန်ဒိုတိုက်ခန်း များမှာလည်း အခန်းငှားရမ်းခဈေးနှုန်း များတက်လာသကဲ့သို့ အရောင်းဈေးနှုန်း မှာလည်း ထပ်မံတက်ရန် အနေအထားတွင်ရှိကြောင်း ၊ ကွန်ဒိုတိုက်ခန်း အငှားဈေးကွက်မှာလည်း ယခင်ဈေးများထက် ကျပ်လေးသိန်းဝန်ကျင်အထိ ဈေးတက်သွားကြောင်း အကျိုးဆောင်များက ပြော သည်။
'လတ်တလောမှာတော့ ကွန်ဒိုတိုက် ခန်းတွေကို အငှားလိုက်တာ များပါတယ်။ အရင်က အငှား ကျပ် ၁၂ သိန်းရှိတဲ့ အခန်းက အခုဆို ၁၆ သိန်းအထိ ပေါက် ဈေးရှိတယ်။ ဈေးတက်တယ်ဆိုပေမယ့် လည်း ငှားတဲ့သူတွေက ငှားနေကြတုန်း ပါပဲ။ အဝယ်ဘက်မှာလည်း ပြည်တွင်းက စီးပွားရေးသမားတွေက တိုက်ခန်းတွေ လိုက်ဝယ်တယ်။ ပြည်ပလာမယ့် နိုင်ငံ ခြားသားဧည့်သည်တွေကို ပြန်ငှားမှာ လေ။ ဟိုတစ်လောက ပြပွဲတွေမှာ ပြုလုပ် ခဲ့တဲ့ တိုက်ခန်းတို့၊ ကွန်ဒိုတို့လို အရစ်ကျ နဲ့ ရောင်းချခဲ့တာဟာ တိုက်ခန်းဈေးနှုန်း တွေနဲ့ ကွန်ဒိုတိုက်ခန်းဈေးကွက်ကို နည်းနည်း လှုပ်ခတ်သွားစေခဲ့ပါတယ်။ အရမ်းအများကြီးတော့ မဟုတ်ပါဘူး။ နည်းနည်းပါးပါးပါပဲ''ဟု ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် တိုက်ခန်းအများ ဆုံး အဝယ်လိုက်နေသော မြို့နယ်များမှာ လမ်းမတော်၊ လသာ ၊ ဒဂုံ ၊ ကျောက်တံတား ၊ ဗိုလ်တထောင်၊ မရမ်းကုန်းစသော မြို့နယ်များတွင်အများဆုံး အဝယ်လိုက်လျက် ရှိကြောင်းသိရသည်။ လျက်ရှိကြောင်း သိရသည်။
Source : Pyi Myanmar
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ