By Myanmaalinn, Shweproperty.com
Updated at 22 August 2019
ရန်ကုန် မြို့မှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်များပြားလာတာနဲ့အမျှ စီးပွားရေး လုပ်ငန်းတွေ၊ စက်မှုဇုန်တွေ၊ အိမ်ရာစီမံကိန်း တွေ၊ စက်မှုမြို့တော်တွေအပြင် မြို့သစ်တည် ဆောက်ဖို့ အစီအစဉ်လည်း ရှိနေပါတယ်။ မြို့သစ် တည်ဆောက်မှုကိုတော့ ရန်ကုန်တစ်ဖက်ကမ်း ဒလဘက်အခြမ်းမှာ အကောင်အထည်ဖော်နိုင် ရေး အကြိုလေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပြီလို့ ဆိုပါတယ်။
''ဒလဘက်ခြမ်းမှာ မြို့သစ်တည်ဆောက်ဖို့ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အကြို လေ့လာဆန်းစစ်မှုလုပ်ငန်းတွေလည်း ပြီးစီး နေပြီ ဖြစ်ပါတယ်''လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဩဂုတ် ၁၃ ရက်က ပြောကြားပါတယ်။
အသေးစိတ်လေ့လာမှု လုပ်ဆောင်သွားမည်
ဒလဘက်ခြမ်းမှာ မြို့သစ်တစ်မြို့ တည်ဆောက်ရေးကို အကောင်အထည်မဖော်ခင် အကြိုလေ့လာဆန်းစစ်မှုတွေ ပြီးစီးလို့ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ KOICA) က ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ပထမအဆင့် တင်ပြထားတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ အသေးစိတ်လေ့လာမှုတွေလည်း ပြီးစီးအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး အဆင့်ဆင့်တင်ပြမှု တွေကတစ်ဆင့် ခွင့်ပြုခဲ့ရင်တော့ မြို့သစ်စီမံကိန်း ကို စနစ်တကျအစီအစဉ်တွေနဲ့အတူ အကောင် အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
ဒီလို ဒလဘက်ခြမ်းမှာ မြို့သစ်အကောင် အထည်ဖော်နိုင်ခဲ့ရင်တော့ လက်ရှိမှာ တည် ဆောက်နေတဲ့ ရန်ကုန်-ဒလမြစ်ကူးတံတားပြီးစီး သွားရင် ဒလဝန်းကျင်ဒေသဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ မြန်မာ-ကိုရီး ယားချစ်ကြည်ရေး ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းဟာ ဒလဘက် ခြမ်းမှာ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
အခုဆိုရင် ဘိုးပိုင်လုပ်ငန်းတွေ၊ ချဉ်းကပ်လမ်း နဲ့ တံတားအခြေတွေ လုပ်ကိုင်နေသလို ရန်ကုန် ဘက်ခြမ်းမှာလည်း လုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပါတယ်။ အဲဒီတံတားဟာ ဒလမြို့နယ် ကမာ ကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းနဲ့ ရန်ကုန် ဘက်အခြမ်းက လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း တို့ကို ဆက်သွယ်တည်ဆောက်သွားမှာဖြစ်ပါ တယ်။ လေးလမ်းသွား၊ သံမဏိကြိုးဆိုင်းအမျိုး အစားဖြစ်ပြီး တံတားအရှည် ၆၁၄၄ ပေ၊ အမြင့် ၄၉ ပေရှိကာ စီမံကိန်းကာလ ၄၁ လကြာမြင့်မှာ ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ ရန်ကုန်-ဒလမြစ်ကူးတံတား တည် ဆောက်ပြီးသွားရင် ရန်ကုန်နဲ့ဒလမြို့နယ်တို့ဟာ အချိန်တိုအတွင်း အချိန်မရွေးသွားလာလို့ရပြီ ဖြစ်တာမို့ နှစ်ပေါင်းများစွာဖွံ့ဖြိုးမှုနည်းပါးခဲ့တဲ့ ဒလမြို့နယ်ဟာ ဖွံ့ဖြိုးတိုးတက်စည်ကားလာမှာ ဖြစ်ပါတယ်။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံ ကျတဲ့ အချက်တွေထဲမှာ လမ်းပန်းဆက်သွယ်ရေး လည်း အဓိကပါဝင်ပါတယ်။
ဒလမြို့သစ်စီမံကိန်းဆောင်ရွက်ဖို့ ကြိုးစားနေ
ဒီလိုအခြေခံကျတဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်နေချိန်မှာပဲ ဒလမြို့သစ်စီမံကိန်းကို ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့လယ်နဲ့ ပိုမိုအနီးကပ်ဆုံး ဖြစ်လာမယ့် ဒလမြို့နယ်ဟာ ဖွံ့ဖြိုးမှု တန်းတူဖြစ်လာစေဖို့ တံတားပြီးချိန်ထိ မစောင့်ဆိုင်းတော့ဘဲ မြို့သစ် စီမံကိန်းအတွက် အကြိုလေ့လာမှုတွေ စတင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒလမြို့သစ်စီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီတို့က ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။
ဒါ့အပြင် ဒလမြို့နယ်မှာ စက်မှုဇုန်သစ်တစ်ခု အကောင်အထည်ဖော်ဖို့လည်း အစီအစဉ်ရှိနေ တာကြောင့် အဲဒီမြို့သစ်က ပြည်သူတွေ၊ ဒလ မြို့နယ်က လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ထွက်ပေါ်လာဖို့ရှိနေပါ တယ်။ စက်မှုဇုန်တည်ဆောက်ရေး၊ စက်မှုဇုန် လုပ်ငန်းခွင်တွေအတွက်လည်း လုပ်သားအင်အား စုစည်းမှုရှိစေမယ့် မြို့သစ်အဖြစ်လည်း တည်ရှိ လာမယ့်အနေအထားရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူနေထိုင်မှု အများဆုံး၊ စက်မှုဇုန်လုပ်သားအများဆုံးဖြစ်တဲ့ လှိုင်သာယာမြို့နယ်လို အခု ဒလမြို့သစ်နဲ့ ဒလ မြို့နယ်ဟာလည်း ရန်ကုန်မြို့လယ်နဲ့ နီးကပ် ပြီး စက်မှုဇုန်လည်း ထူထောင်နိုင်ခဲ့ရင်တော့ လူနေထိုင်မှုများပြားလာမယ့် မြို့နယ်တစ်ခုအဖြစ် ရောက်ရှိလာမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ဧရိယာကို တိုးချဲ့ဖို့စီစဉ်နေ တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဟြေကြား ထားသလို လက်ရှိအချိန်မှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ထန်းတပင်မြို့နယ်မှာ စက်မှုဥယျာဉ် စီမံကိန်းကို မြေအကျယ်အဝန်း ၂၂၂၀ ဒသမ ၈၂ ဧကပေါ်မှာ ထူထောင်ဖို့ အစီအစဉ်ရှိနေပါ တယ်။
ရန်ကုန်မြို့ ဖွံ့ဖြိုးမှု ကျယ်ပြန့်စွာဖြစ်ထွန်းနိုင်
နောက်ပြီး လှည်းကူးမြို့နယ်မှာလည်း မြေဧက ၁၃၄၆ ဒသမ ၅၇ ဧကပေါ်မှာ ဖော်ဆောင် မယ့် လှည်းကူးစက်မှုဥယျာဉ်မြို့တော် စီမံကိန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မလစ်ရွာအနီးမှာ ဖော်ဆောင်မယ့် မြို့တော်သစ်အသေးစား စက်မှု ဥယျာဉ်စီမံကိန်း(မလစ်)၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရှိ ကိုရီးယား-မြန်မာ စက်မှုမြို့တော် စီမံကိန်း၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ ဖော်ဆောင်မယ့် ရန်ကုန်မြို့သစ်စီမံကိန်း စတဲ့ စီမံ ကိန်းတွေသာ အကောင်အထည်ဖော်နိုင်ခဲ့ရင် ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကြီးမားကျယ်ပြန့် စွာဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်လောက်မှာ ပြီးစီးမယ့် ရန်ကုန်-ဒလ တံတားနဲ့အတူ ဒလမြို့သစ်စီမံကိန်း ဖော်ဆောင်မှုတွေ ဆောင်ရွက်နိုင်ခဲ့ရင်တော့ ရန်ကုန်မြို့လယ်နဲ့အပြိုင် ဖွံ့ဖြိုးစည်ပင်မှုတွေ မြင်တွေ့ရဦးမှာ အမှန်ပါပဲ။
Ref & Photo Credit : Myanmaalinn
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ