By 7Day Daily, Shweproperty.com
Updated at 23 May 2019
ရန်ကုန်တိုင်းတွင် လယ်ယာမြေကို အခြားနည်းလမ်း သုံးစွဲခွင့် (လန - ၃၉) လျှောက် ထားမှု ၁၈,၀၀၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းကပြောသည်။
မြေနှင့် ပတ်သက်ပြီးလှုပ် ခတ်မှုများသော ရန်ကုန်တိုင်းတွင် လယ်ယာမြေကို အခြားနည်းလမ်း သုံးစွဲခွင့်ထိုသို့လျှောက်ထားမှု ပ မာဏများကြောင်း ၎င်းကဆက် လက် ပြောသည်။ လယ်မြေကို အခြားနည်းလမ်းအသုံးပြုပါက လယ်မြေတန်ဖိုး မူလဈေးနှုန်း ပြောင်းလဲပြီး တန်ဖိုးမြင့်တက် သွားကြောင်း ဝန်ကြီးချုပ်ကပြော သည်။လယ်ယာမြေများတွင် လူ နေထိုင်မှုလျှောက်ထားရာ၌လယ် သမားမဟုတ်ဘဲ စီးပွားရေးလုပ် ငန်းရှင်များသာ လျှောက်ထား ကြောင်း၊ လယ်တစ်ဧက မူလ တန်ဖိုးကျပ်သိန်း ၂၀၀ ခန့် ရှိသော်လည်း လန (၃၉) ရရှိပါ က ကျပ်သိန်း ၅၀၀ မှကျပ်သိန်း ၁,၀၀၀ အကြားဈေးမြင့်တက် ကြောင်း၎င်းကဆက်ပြောသည်။
ထိုအခြေအနေအတွက်အ ခွန်ဆောင်ခြင်း၊ ဒဏ်ငွေပေး ဆောင်ခြင်းတို့ဖြင့် အခြားနည်း လမ်းသုံးစွဲခွင့်ရယူမည်ကိုလည်း မလိုလားကြောင်း၊ ထို့ကြောင့် တိုင်းအစိုးရ ဆုံးဖြတ်ချက်သာမက ပြည်ထောင်စုအစိုးရအဖွဲ့ သ ဘောထားကိုလည်း တောင်းခံ ထားကြောင်း ဝန်ကြီးချုပ်က စီးပွားရေးလုပ် ငန်းရှင်အချို့အား ပြောသည်။
‘‘မြေကိစ္စနဲ့ပတ်သက်ပြီး အ ထူးအဖွဲ့ဖွဲ့ပြီးဆောင်ရွက်ဖို့ပြည် ထောင်စုအစိုးရကလည်း သ ဘောတူညီချက်ရထားပြီ’’ ဟု မေလ ၂၂ ရက်ကရန်ကုန်မြို့တွင် ပြုလုပ်သောဒုတိယသမ္မတနှင့် စီး ပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲ ၌ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။၂၀၁၂ လယ်ယာမြေဥပဒေ အရ လယ်ယာမြေကို လန (၃၉)လျှောက်ထားပါက လျှောက်ထားသူကို ဒဏ်ရိုက်ပြီး မြေပြန် လည် သိမ်းယူသည်အထိ အရေးယူနိုင်ကြောင်း ဝန်ကြီးချုပ်က ပြော သည်။ မန္တလေးမြို့တွင် ကျပ်၁၀ သိန်း၊ ရှမ်းပြည်နယ်တွင် ကျပ် သိန်း ၂၀ ဒဏ်ရိုက်ပြီးအခြားနည်းလမ်းသုံးစွဲခွင့်ပြုခြင်းများ ရှိခဲ့ သည်ဟု ၎င်းကဆိုသည်။ သို့ သော်ရန်ကုန်တွင် ဒဏ်ငွေမည် မျှရိုက်သည်ကိုမူ ဝန်ကြီးချုပ် ကထည့်မပြောပေ။
ပြီးခဲ့သည့်ဧပြီအတွင်း ဒုတိ ယသမ္မတနှင့် စီးပွားရေးလုပ်ငန်း ရှင်များတွေ့ဆုံပွဲတွင် ရန်ကုန် တိုင်းအတွင်း သိမ်းဆည်း ထားသော လယ်မြေများကိုလျော် ကြေးပေးမည့်ကိစ္စပြောကြားထား ပြီးမြို့ပြမြေပေါက်ဈေးပမာဏ အတိုင်းပေးလျော်မည်မဟုတ်ဘဲ လယ်မြေပေါက်ဈေးအတိုင်းပေး မည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းကပြောကြားသည်။
သို့သော် သိမ်းဆည်းခံလယ် မြေများလျော်ကြေးပေးရာ၌ကြား ပွဲစားများ၏ ဆောင်ရွက်မှုများ ကြောင့် အခက်အခဲများကြုံရ သည်ဟု ဝန်ကြီးချုပ်ကဆိုသည်။
Ref : 7Day Daily
Photo Credit : Scandasia
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ