By The Kumudra, Shweproperty.com
Updated at 23 September 2015
ရန်ကုန်မြို့ကိုလာရောက်နေထိုင်တဲ့ လူဦးရေဟာ တစ်နှစ်ကို (၃) သိန်းလောက်အထိ ရှိပြီး မြို့ပေါ်နေလူဦးရေဟာ လာမယ့် (၂၀၃၀) ပြည့်နှစ်အတွင်း (၃၆) ရာခိုင်နှုန်းလောက် တိုးတက်လာမယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။
လက်ရှိမှာတော့ နိုင်ငံတော်အစိုးရကလည်း မြို့ပြလူနေကျပ်တည်းတဲ့ ပြသနာကို မြို့ငယ် (၇) ခုခွဲပြီး တိုးချဲ့ဖို့ လုပ်ဆောင်နေပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) တို့ကလည်း ရန်ကုန်အနီးအနားမှာရှိတဲ့ မြေဧက (၄) သောင်းလောက်ကို တိုးချဲ့ဖို့ ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မြို့မြေရဲ့ တောင်ဘက်အချမ်းကို ဦးတည်တိုးတက်နေတာကြောင့် အစိုးရက အခုနောက်ပိုင်း ရန်ကုန်မြို့ရဲ့ အရှေ့ဘက်တွေဖြစ်တဲ့ ဒဂုံလေးမြို့နယ်နဲ့ အဲသည်မြို့နယ်တွေရဲ့ ဆက်စပ်မြို့နယ်တွေကို တိုးချဲ့ဖို့ အိမ်ရာစီမံကိန်းတွေ ဆောက်လုပ်အကောင်အထည်ဖော်နေပါတယ်။ မြို့ပြလူဦးရေကျပ်တည်းမှု ပြသနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကတော့ အထပ်မြင့် အဆောက်အအုံ အသစ်တွေ တိုးချဲ့ဆောက်လုပ်တာနဲ့ လူနေရပ်ကွက်အသစ်တွေ တိုးချဲ့ အကောင်အထည်ဖော်တာတွေ ဖြစ်တယ်။
အဆောက်အအုံ ဥပဒေအများစုကတော့ Down Town မြို့နယ်တွေကို မြို့မြေလွတ်ရှားပါးတာကြောင့် သက်သာခွင့်တွေ ပေးထားပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ နောက်ထပ်မြို့ပြနေထိုင်မှု ကျပ်တည်းမှုတွေ မဖြစ်ပေါ်အောင် အဆောက်အအုံ တည်ဆောက်မှု ကန့်သတ်ထားရှိထားပါတယ်။
68 Residences က အုပ်ချုပ်မှုဒါရိုက်တာ မပြည့်ပြည့်ကလည်း "မြို့မြေအိမ်ရာ ကျပ်တည်းမှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းက အထပ် (၃၀) (၄၀) အဆောက်အအုံတွေ ဆောက်တာမျိုး အဆောက်အအုံ အဟောင်းတွေကို ပြန်လည်ပြင်ဆင်တာမျိုး လုပ်သင့်တယ်"လို့ သူ့အမြင်ကို ပြောပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ