By Myanmar Builders Guide, Shweproperty.com
Updated at 8 October 2019
#Unicode
ရန်ကုန်တိုင်းအစိုးရက ၎င်းပိုင်မြေကွက် ငါးရာကို ပထမဆုံးအသုတ်အဖြစ် အောက်တိုဘာ ၇ ရက်တွင်စတင်ရောင်းချခဲ့သည်။
ထိုမြေကွက်ငါးရာတွင် ဒဂုံ မြို့သစ် လေးမြို့နယ်၊ရွှေပြည်သာ၊ လှိုင်သာယာနှင့်မှော်ဘီရှိ မြေကွက်၃၈ ကွက်ကို စတင်ရောင်းချရန်ကြေညာခဲ့သည်။
ထိုသို့ရောင်းချရာတွင်ပထမအဆင့်တွင် လှိုင်သာယာ၊ရွှေပြည်သာနှင့်ဒဂုံလေးမြို့နယ်တို့ စက်မှုမြေကွက် ၅၀၀၊ ဒုတိယအဆင့်အနေဖြင့် မြောင်းတကာစက်မှုဇုန်ရှိ စက်မှုမြေကွက် တစ်ရာ့ရှစ်ဆယ်ကျော်၊ တတိယအဆင့်တွင် ဒဂုံအရှေ့နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှ စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ထားသည် ဧကကိုးထောင်ကျော်တို့ပါဝင်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်၊
ထိုမြေများကို လျှောက်ထား သူများသည်ခြောက်လအတွင်း လုပ်ငန်းဖော်ဆောင်ရမည်ဖြစ်ပြီး သုံးနှစ်အတွင်း ပြန်လည်ရောင်းချ ခွင့်မပြုဟူသော အချက်ပါဝင် သည့် အချက် ၁၃ ချက်လိုက်နာ ရမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ စီမံခန့်ခွဲမှု ကော်မတီကထုတ်ပြန် ထားသည်။
တိုင်းအစိုးရက ၎င်းတို့စီမံ ခန့်ခွဲခွင့်ရှိသည့် မြေများကို စီးပွား ရေး၊ စက်မှုလုပ်ငန်းလုပ်ကိုင်ရန် ဖြစ်စေ၊ လူနေထိုင်ရန်ဖြစ်စေ လျှောက်ထားနိုင်သည်ဟု ကြေ ညာထားသည်။ လျှောက်ထားရာ တွင်မည်သူမဆို မှတ်ပုံတင်မူရင်း၊မိတ္တူတင်ပြ၍ လျှောက်လွှာပုံစံ များကို ရန်ကုန်အရှေ့ပိုင်းခရိုင်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစု ပေါင်းရုံးတွင် အောက်တိုဘာ ၇ ရက်မှ နိုဝင်ဘာ ၇ ရက်အထိဝယ် ယူနိုင်သည်ဟု ကြေညာထား သည်။
လိုက်နာရမည့် အချက် ၁၃ ချက်တွင် ထိုမြေကွက်များ၌ ဆောင်ရွက်လိုသည့် လုပ်ငန်းများ ဖော်ပြရမည်။ အသုံးပြုလျှောက် ထားရန် ငွေကြေးအထောက်အထားတင်ပြရမည်။ မြေကွက်တွင် ဆောက်လုပ်မည့်အစီအစဉ်နှင့်ငွေကြေးလည်းတင်ပြရမည်။ သုံးနှစ်အတွင်း အမည်ပြောင်းလဲခွင့် မရှိဟူသော အချက်များပါဝင်သည်။
ထို့ပြင် စည်းကမ်းချက်များ မလိုက်နာပါက မြေနှင့်အဆောက် အအုံများကို တိုင်းအစိုးရက ပြန် လည်သိမ်းယူနိုင်ပြီး ပေးသွင်း ငွေပြန်လည်ထုတ်ပေးမည် မဟုတ်ဟုဆိုထားသည်။
အဆိုပါမြေများသည် လုပ် ငန်းများလုပ်ကိုင်ရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းအတွက်အ စိုးရက ချပေးခြင်းဖြစ်ပြီး လုပ်ငန်း ရှင်များအမှန်တကယ်လုပ်ကိုင် ခြင်းရှိ၊ မရှိစစ်ဆေးမည်ဟု စိုင်း ခွန်နောင်ကုမ္ပဏီ မန်နေဂျင်းဒါ ရိုက်တာဦးစိုင်းခွန်နောင်ကပြော သည်။
ထို့ကြောင့် အဆိုပါမြေများသည် ပြင်ပဝယ်ရောင်းများလက် ထဲရောက်ရှိရန် ခက်ခဲပြီးမြေဈေး ကွက်အပြောင်းအလဲအပေါ်သက် ရောက်မည်မဟုတ်ဟု ဦးစိုင်းခွန် နောင်ကပြောသည်။
#Zawgyi
ရန္ကုန္တိုင္းအစိုးရက ၎ပိုင္ေျမကြက္ ငါးရာကို ပထမဆုံးအသုတ္အျဖစ္ ေအာက္တိုဘာ ၇ ရက္တြင္စတင္ေရာင္းခ်ခဲ့သည္။
ထိုေျမကြက္ငါးရာတြင္ ဒဂုံ ၿမိဳ႕သစ္ ေလးၿမိဳ႕နယ္၊ေ႐ႊျပည္သာ၊ လႈိင္သာယာႏွင့္ေမွာ္ဘီရွိ ေျမကြက္၃၈ ကြက္ကို စတင္ေရာင္းခ်ရန္ေၾကညာခဲ့သည္။
ထိုသို႔ေရာင္းခ်ရာတြင္ပထမအဆင့္တြင္ လႈိင္သာယာ၊ေ႐ႊျပည္သာႏွင့္ဒဂုံေလးၿမိဳ႕နယ္တို႔ စက္မႈေျမကြက္ ၅၀၀၊ ဒုတိယအဆင့္အေနျဖင့္ ေျမာင္းတကာစက္မႈဇုန္ရွိ စက္မႈေျမကြက္ တစ္ရာ့ရွစ္ဆယ္ေက်ာ္၊ တတိယအဆင့္တြင္ ဒဂုံအေရွ႕နဲ႔ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တို႔မွ စိုက္ပ်ိဳးေရးဇုန္အျဖစ္ သတ္မွတ္ထားသည္ ဧကကိုးေထာင္ေက်ာ္တို႔ပါဝင္မည္ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီတြဲဖက္အတြင္းေရးမႉး ဦးသန္းကေျပာသည္၊
ထိုေျမမ်ားကို ေလွ်ာက္ထား သူမ်ားသည္ေျခာက္လအတြင္း လုပ္ငန္းေဖာ္ေဆာင္ရမည္ျဖစ္ၿပီး သုံးႏွစ္အတြင္း ျပန္လည္ေရာင္းခ် ခြင့္မျပဳဟူေသာ အခ်က္ပါဝင္ သည့္ အခ်က္ ၁၃ ခ်က္လိုက္နာ ရမည္ဟု ရန္ကုန္တိုင္းအစိုးရအဖြဲ႕က စီမံခန႔္ခြဲပိုင္ခြင့္ရွိေသာ ေျမမ်ား စီမံခန႔္ခြဲမႈ ေကာ္မတီကထုတ္ျပန္ ထားသည္။
တိုင္းအစိုးရက ၎တို႔စီမံ ခန႔္ခြဲခြင့္ရွိသည့္ ေျမမ်ားကို စီးပြား ေရး၊ စက္မႈလုပ္ငန္းလုပ္ကိုင္ရန္ ျဖစ္ေစ၊ လူေနထိုင္ရန္ျဖစ္ေစ ေလွ်ာက္ထားႏိုင္သည္ဟု ေၾက ညာထားသည္။ ေလွ်ာက္ထားရာ တြင္မည္သူမဆို မွတ္ပုံတင္မူရင္း၊မိတၱဴတင္ျပ၍ ေလွ်ာက္လႊာပုံစံ မ်ားကို ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္အ ေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနစု ေပါင္း႐ုံးတြင္ ေအာက္တိုဘာ ၇ ရက္မွ ႏိုဝင္ဘာ ၇ ရက္အထိဝယ္ ယူႏိုင္သည္ဟု ေၾကညာထား သည္။
လိုက္နာရမည့္ အခ်က္ ၁၃ ခ်က္တြင္ ထိုေျမကြက္မ်ား၌ ေဆာင္႐ြက္လိုသည့္ လုပ္ငန္းမ်ား ေဖာ္ျပရမည္။ အသုံးျပဳေလွ်ာက္ ထားရန္ ေငြေၾကးအေထာက္အထားတင္ျပရမည္။ ေျမကြက္တြင္ ေဆာက္လုပ္မည့္အစီအစဥ္ႏွင့္ေငြေၾကးလည္းတင္ျပရမည္။ သုံးႏွစ္အတြင္း အမည္ေျပာင္းလဲခြင့္ မရွိဟူေသာ အခ်က္မ်ားပါဝင္သည္။
ထို႔ျပင္ စည္းကမ္းခ်က္မ်ား မလိုက္နာပါက ေျမႏွင့္အေဆာက္ အအုံမ်ားကို တိုင္းအစိုးရက ျပန္ လည္သိမ္းယူႏိုင္ၿပီး ေပးသြင္း ေငြျပန္လည္ထုတ္ေပးမည္ မဟုတ္ဟုဆိုထားသည္။
အဆိုပါေျမမ်ားသည္ လုပ္ ငန္းမ်ားလုပ္ကိုင္ရန္ႏွင့္ အလုပ္ အကိုင္အခြင့္အလမ္းအတြက္အ စိုးရက ခ်ေပးျခင္းျဖစ္ၿပီး လုပ္ငန္း ရွင္မ်ားအမွန္တကယ္လုပ္ကိုင္ ျခင္းရွိ၊ မရွိစစ္ေဆးမည္ဟု စိုင္း ခြန္ေနာင္ကုမၸဏီ မန္ေနဂ်င္းဒါ ႐ိုက္တာဦးစိုင္းခြန္ေနာင္ကေျပာ သည္။
ထို႔ေၾကာင့္ အဆိုပါေျမမ်ားသည္ ျပင္ပဝယ္ေရာင္းမ်ားလက္ ထဲေရာက္ရွိရန္ ခက္ခဲၿပီးေျမေဈး ကြက္အေျပာင္းအလဲအေပၚသက္ ေရာက္မည္မဟုတ္ဟု ဦးစိုင္းခြန္ ေနာင္ကေျပာသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ