By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 15 May 2018
ရန်ကုန်မြို့မှာ မိုးမျှော်တိုက်တွေ အပြိုင်အဆိုင် ထိုးထွက်လာခြင်းဟာ မြို့ပြရဲ့ ဂုဏ်ကို မြှင့်တက်စေသလို ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း ဖော်ဆောင်နေပါတယ်။အခုအခါမှာတော့ ရန်ကုန်မြို့ကြီးဟာ အထပ်မြင့်အဆောက်အအုံ အများအပြားနဲ့ တင့်တယ်လှပနေပါပြီ။
Emporis International ရဲ့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ စာရင်းများအရ ရန်ကုန်မြို့ရဲ့ အမြင့်မားဆုံး အဆောက်အဦး (၅)ခု စာရင်းကို ဖော်ပြလိုက်ပါတယ်။
(၁) Yangon Commerical Tower
High-Rise Building တစ်ခုအဖြစ် မြို့ပြအလယ်မှာ ရပ်တည်နေတဲ့ Yangon Commerical Tower ဟာဆိုရင်လည်း Emporis ရဲ့ ရန်ကုန်မြို့ရဲ့ အမြင့်ဆုံး အဆောက်အဦးများစာရင်းမှာ နံပါတ်(၁)နေရာက ရပ်တည်နေပါတယ်။ စီးပွားရေးစုံလင်လှတဲ့ မြို့အလယ်ခေါင်မှာ တည်ရှိတာကြောင့် စီးပွားရေးအတွက် ရင်းနှီးမြှပ်နှံမှု အားကောင်းတဲ့ အဆောက်အဦးတစ်ခုလည်း ဖြစ်ပါတယ်။
(၂) Diamond Inya Palace
Diamond Inya Palace Condo ကတော့ Emporis ရဲ့ စာရင်းများအရ အမြင့်ဆုံး နံပါတ်(၂) နေရာမှာ ရပ်တည်နေပါတယ်။ (၃၄)ထပ် အမြင့်ရှိတဲ့ Diamond Inya Palace Condo ဟာဆိုရင် မရမ်းကုန်းမြို့နယ်၊ ဥိးထွန်းငြိမ်းလမ်းပေါ်မှာ တည်ရှိပြီး လက်ရှိမှာ ဆောက်လုပ်ဆဲ ကွန်ဒို တစ်ခုပါ။ အမြင့်ဆုံးသာမက ရန်ကုန်မြို့ရဲ့ Facilities အကောင်းဆုံးကွန်ဒို တစ်ခုအဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။
(၃) Lotte Hotel
ပြည်လမ်းမပေါ်မှာ Trade Mark တစ်ခုအနေနဲ့ အမြဲမြင်တွေနေရတဲ့ Lotte Hotelကတော့ Emporis ရဲ့ စာရင်းတွေမှာ နံပါတ် (၃) နေရာက ရှိနေပါတယ်။ Lotte Hotel ကိုတော့၂၀၁၄ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး ၂၀၁၇ခုနှစ် သြဂုတ်လမှာ ဆောက်လုပ်မှု ပြီးဆုံးခဲ့ပါတယ်။ အထပ်ပေါင်း (၂၉) ထပ်ပါဝင်ပြီး အင်ယားကန်ရဲ့ အလှအပတွေကို အပေါ်စီးကနေ အပြည့်အ၀ မြင်တွေ့ခံစားရတဲ့ ဟိုတယ်တစ်ခုပဲ ဖြစ်ပါတယ်။
(၄) Kabar Aye Executive Residence
ကမ္ဘာအေးလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ Kabar Aye Executive Residenceကတော့ အထပ်ပေါင်း (၂၇)ထပ်နဲ့ နံပါတ်(၄) နေရာမှာ ရပ်တည်နေပါတယ်။ အခန်းပေါင်း (၁၁၅)ခန်းပါဝင်ပြီး ရန်ကုန်မြို့ရဲ့ အဓိကကျတဲ့ လမ်းမကြီးတစ်ခုမှာ တည်ရှိတာကြောင့် လူကြိုက်များနေတဲ့ Condoတစ်ခုပါ။
(၅) Centrepoint Tower
ကုန်သည်လမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်မှာ တည်ရှိတဲ့ Centrepoint Towerဟာဆိုရင်လည်း ၁၉၉၅ ခုနှစ်မှာ ဆောက်လုပ်ခဲ့သော်လည်း ယခုအချိန်ထိ ရန်ကုန်မြို့ရဲ့ အမြင့်ဆုံး အဆောက်အအံများစာရင်းမှာ နံပါတ်(၅)နေရာကနေ ပါဝင်လျက်ရှိနေပါတယ်။ အထပ်ပေါင်း (၂၅)ထပ်ပါဝင်ပြီး လက်ရှိမှာ ရုံးခန်းများစွာငှားရမ်းကာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Youtube
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ