By Myanmar Times, Shweproperty.com
Updated at 16 October 2015
ရန်ကုန်မြို့တော်မှ အခြားတိုင်းဒေသကြီးများသို့ ပြောင်းရွှေ့သွားသူများနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကြောင့် ရန်ကုန်မြို့တော်သို့ ပြောင်းရွှေ့အခြေချနေထိုင်သူ အချိုးအစားမှာ တစ်အချိုး ရှစ်အထိ ပမာဏ ကြီးမားစွာ ကွာဟနေသည့်အတွက် နှစ်စဉ် ရန်ကုန်မြို့သို့ ပြောင်းရွေ့အခြေချသူ ဦးရေမှာ ခြောက်ရာခိုင်နှုန်းအထိ ပုံမှန်မြင့်တက်လျက်ရှိသည့်အတွက် ရန်ကုန်မြို့တွင် အိမ်ရာ လိုအပ်ချက် နှစ်စဉ်အခန်းပေါင်း ၇၅,၀၀၀ ဖြစ်ပေါ်လာမည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းက ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီများ၏ တွက်ချက်မှုများအရ စတုရန်းပေ ၄၅၀ အကျယ်အဝန်းရှိသည့် တန်ဖိုးနည်းအိမ်ခန်း တစ်ခန်းအတွက်(မြေတန်ဖိုးမပါ) တစ်ခန်းလျှင် တည်ဆောက်ရေးကုန်ကျစရိတ် ကျပ်သိန်း ၁၀၀ နီးပါးကျသင့်သည်။
"မြေနေရာရှိဖို့လည်းလိုတယ်၊ တိုးလာတဲ့ လူတွေကို ပြန်ကြည့်လိုက်ရင်လည်း အများအားဖြင့်က တန်ဖိုးနည်းအိမ်ခန်းတွေပဲ အဓိကလိုနေတာ တွေ့ရတယ်၊ လူချမ်းသာတွေ၊ လူလတ်တန်းစားတွေ အတွက်ကျတော့ သူတို့အတွက်က ဈေးကွက်နဲ့ ဝယ်မယ့်ရောင်းမယ့် လူတွေက အဆင်သင့်ရှိတယ်၊ ဈေးသက်သက်သာသာနဲ့ ရောင်းနိုင်တဲ့ တိုက်ခန်းတွေပဲ အဓိကလိုတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက မြေလည်းဝယ်ရဦးမယ်၊ ဆောက်ဖို့လည်း ရင်းရဦးမယ်ဆိုရင် ရောင်းမယ့် တိုက်ခန်းဈေးက များနေနိုင်တယ်၊ မြေနေရာအတွက်တော့ အစိုးရဘက်က စီစဉ်ပေးရင်တော့ အလုပ်ဖြစ်နိုင်ပါလိမ့်မယ်"ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က အောက်တိုဘာလ ၇ ရက်နေ့တွင်ပြောသည်။
အများပြည်သူ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဖြစ်သည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းများ တည်ဆောက်ပေးနေသည့်အပြင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီကလည်း ဗိုုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းနှင့် ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်းများ တည်ဆောက်ပေးလျက်ရှိသော်လည်း ရောင်းချမည့် အခန်းများ၏ တန်ဖိုးမှာ တစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ အထက်ရှိနေဆဲဖြစ်သည်။
Ref : Myanmar Times
Photo Credit : Myanmar property insider
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ