By Myanmar Builders Guide, Shweproperty.com
Updated at 21 January 2019
ရန်ကုန်မြို့ဧရိယာရှိ နေအိမ်လေးပုံသုံးပုံကို စံမမီဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆိုသည်။ယင်းကြောင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ပြည်သူတိုင်း Standard Housing အဖြစ်နေထိုင်နိုင်ရန်အတွက် ရန်ကုန်တိုင်းတွင် တစ်နှစ်ကို အိမ်ရာတစ်သိန်းတည်ဆောက်ပေးနိုင်ရန် လိုအပ်နေ ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားသည်။
အိမ်ရာလိုအပ်ချက်နှင့် ပတ်သတ်၍လည်း မကြာမီတွင် ADB report ကြီး ပေါ်ထွက်လာမည်ဖြစ်ပြီး၊ National urban policy (အမျိုးသားမြို့ပြမူဝါဒ) ချမှတ်ရန် နှင့် Urban and regional plan law (မြို့ပြနှင့်ဒေသစီမံကိန်းဥပဒေ) ရေးဆွဲနိုင်ရေးတို့ကို ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် မြို့ပြနေထိုင်သူ ရာခိုင်နှုန်းသည် ၃၀ ရာခိုင်နှုန်းသာ ရှိပြီး၊ ကျေးလက်တောရွာများတွင် နေထိုင်သူ ရာခိုင်နှုန်သည် ၇၀ ရာခိုင်နှုန်း အထိ ရှိသည့် အတွက် ကြိုတင်ပြင်ဆင်မှုမရှိပါက Urban Issues နှင့် Urban Problem များ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် အိမ်ရာလိုအပ်ချက်နှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ငါးနှစ်စီမံကိန်းဖြင့် အပိုင်းလိုက်ခွဲကာ ဆောက်ရွက်လျက်ရှိနေပြီ။ သို့သော် ယင်းစီမံကိန်းများမှ အိမ်ရာလိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းလောက်ကိုသာ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း၊ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ အိမ်ရာလိုအပ်ချက် ဖြည့်တင်းနိုင်ရန် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာပေါင်း လေးသောင်းကျော်ခန့် ဆောက်လုပ်ပြီးစီးပြီးဖြစ်ကာ ထက်ဝက်နီးပါးကို ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ