By Myanmar Builders Guide, Shweproperty.com
Updated at 1 August 2019
ထန်းတစ်ပင်စက်မှုဇုန် နဲ့ လှည်းကူးစက်မှုဇုန် တွေကို ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ အကောင်အထည်ဖော်သွားမယ်လို့ ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီကနေ သိရပါတယ်။
ဒီစက်မှုဇုန်သစ် စီမံကိန်းတွေဟာ ဇူလိုင် ၁၂ ရက်နေ့က တိုင်းလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြတာပါ။ အခုတည်ဆောက်မယ့် စက်မှုဇုန်နှစ်ခုဟာ အစိုးရ ပုဂ္ဂလိက ပူးပေါင်းပြီး PPP စနစ်နဲ့ ဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ PPP စင်တာကို အချက်အလက်တွေတင်ပြရမယ်လို့ သိရပါတယ်။
“ သဘောထားမှတ်ချက်ရပြီးရင် သဘောထားမှတ်ချက်နဲ့ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ဆိုဖို့အတွက် စာချုပ်တွေညှိနှိုင်းဖို့ရှိပါတယ်။ တစ်ဖက်ကလည်း သူတို့တွေ MIC ကို တင်ပြဆောင်ရွက်ရမယ့်ကိစ္စတွေရှိပါတယ်။” လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးခိုင်ဦးကပြောပါတယ်။
အခုအကောင်အထည်ဖော်မယ့် စက်မှုဇုန် တွေကို ပြည်တွင်းပြည်ပ ကုမ္ပဏီတွေက ပူးပေါင်းရင်းနှီးမြှုပ်နှံတာဖြစ်ပြီး ထန်းတစ်ပင်စက်မှုဇုန်ကတော့ စင်္ကာပူအစိုးရပိုင်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်မှာလို့ သိရပါတယ်။
စက်မှုဇုန်အသစ်တွေကို အခုလိုအကောင်အထည်ဖော်ရတာဟာ ရန်ကုန်တိုင်းအတွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေအတွက် မြေနေရာအလွယ်တကူရရှိစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ် မြို့နယ် ၃၃ မြို့နယ်ထဲမှာ စက်မှုဇုန် စုစုပေါင်း ၂၉ ခု ရှိပြီး အခုအကောင်အထည်ဖော်မယ့် ထန်းတစ်ပင်မှာတော့ Industrial Park ဖြစ်ပြီး လှည်းကူးမှာတော့ Yangon Technology Park ဖြစ်ပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ