By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 21 June 2018
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်မည့် မြို့တော်စည်ပင် သာယာနယ်နမိတ်ပြင်ပမြို့နယ် ၁၁ မြို့နယ်တွင် နိုင်ငံတကာစက်မှုုဇုန်းများ အကောင်းအထည်ဖော်မည့် စီမံကိန်းကို ဇွန်လ ၂၀ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မှတ်တမ်းအဖြစ်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ စီမံကိန်း အစီရင်ခံစာကို ရန်ကုန်တိုင်းအစိုးရက ပြီးခဲ့သည့်ဇွန်လ ၅ ရက်က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်ပြင်ပရှိ မြို့နယ်များဖြစ်သည့် ကွမ်းခြံကုန်း၊ ကော့မူး၊ တွံတေး၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တိုက်ကြီး၊ မှော်ဘီ ၊ လှည်းကူး၊ ထန်းတပင် စသည့်မြို့နယ်များ အသီးသီးရှိ မြေဧက တစ်ထောင်စီခန့်တွင် စက်မှုဇုန်များ အသီးသီးဖော်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာ တွင်ဖော်ပြထားသည်။
အဆိုပါစီမံကိန်းဧရိယာအတွင်း ပါဝင်သည့် လယ်မြေများကို အစိုးရက ၈၀ ရာခိုင်နှုန်း ရယူမည်ဖြစ်ပြီး မြေယာပိုင်ဆိုင်သည့် လယ်သမားကို ၂၀ ရာခိုင်နှုန်းကို ပြန်လည် ရင်းနှီးမြှုပ်နှံခွင့်ပေးသွားမည်ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Globalnewlightofmyanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ