By EMG, Shweproperty.com
Updated at 12 March 2012
ရန်ကုန်တိုင်း ဒေသကြီးအ တွင်း စက်မှုဇုန်မြေကွက်များကို တစ်နှစ်အတွင်း တည်ဆောက်ရန် ညွှန်ကြားထားကြောင်း မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှရရှိသော သတင်းများအရ သိရှိရသည်။
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်တွေမှာ ချထားပေးထားတဲ့ မြေကွက်တွေကို တစ်နှစ်အတွင်း တည်ဆောက်ကြဖို့ညွှန်ကြားထားပါ တယ်။ တချို့လုပ်ငန်းရှင်တွေက စက် မှုဇုန်အတွက်မြေကွက်ချပေးတုန်းက မြေကွက်ကိုရအောင်ဝယ်ထားတယ်။
သူတို့က လုပ်ငန်းလုပ်ဖို့မဟုတ်ဘဲ ဈေးကောင်းလာရင် ပြန်ရောင်းဖို့ အတွက်ပဲဖြစ်နေတယ်။ ဒါကြောင့်မို့ လို့ စက်မှုဇုန်တွေမှာ မြေကွက်လပ် တွေမထားနဲ့။ စက်ရုံဆောက်မယ် ဆိုလည်း အပြီးဆောက်။ မဆောက် ရင်လည်း ဆောက်မယ့်သူကိုရောင်း ပေါ့။ ပြောချင်တာက စက်မှုဇုန်ဆို တာနဲ့တကယ်အလုပ်လုပ်မယ့်လုပ် ငန်းရှင်တွေအတွက်ပဲ ဒီမြေကို ရသင့် တာပါ''ဟုလည်းပြောကြားခဲ့သည်။
Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ