By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 8 June 2018
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၁)မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွှဲ့ကိုယ်စား ဇွန်(၅)ရက်နေ့က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
ကွမ်းခြံကုန်း၊ ကော့မှုး၊ တွံတေး၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးနဲ့ ထန်းတပင်မြို့နယ်တွေမှာ နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ ဖော်ဆောင်သွားမည်ဖြစ်ပြီး လျာထားရွေးချယ်မှုအပေါ် သက်ဆိုင်ရာထောက်ခံချက်များဖြင့် ရန်ကုုန်တိုင်းဒေသကြီး အစိုးရအဖွှဲ့ထံတင်ပြခဲ့ရာ အတည်ပြုပြီးကြောင်းလည်း သိရှိရပါတယ်။
အဆိုပါ မြို့နယ်(၁၁)မြို့နယ်မှာ စက်မှုဇုန်များထူထောင်နိုင်ပါက ဒေသဆိုင်ရာဖွံ့ဖြိုးရေး၊ ပြည်သူများ အလုပ်အကိုင်ရရှိရေး၊ ရန်ကုန်မြို့တွင်း လူဦးရေများပြားလာမှု၊ ယာဉ်ကြောကျပ်တည်းမှု လျော့ချရေးတွေမှာလည်း အကျိုးရှိစေမှာ ဖြစ်ကြောင်းကို ဆိုပါတယ်။
ထို့နောက် လွှတ်တော်အတည်ပြုချက်ရရှိပြီးပါက ပြည်ထောင်စုအစိုးရအဖွှဲ့ထံမှ အတည်ပြုချက်ရယူပြီး တင်ဒါခေါ်ခြင်းလုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ်ဖြစ်ကြောင်း သိရှိရပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Exoticmyanmartravel
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ