By 7 Day Daily, Shweproperty.com
Updated at 15 September 2017
ရန်ကုန်တိုင်းအတွက် ယခုနှစ်တွင် အစိုးရကအသစ်ပြဋ္ဌာန်းသတ်မှတ်သည့် အိမ်ခြံမြေ တစ်ပေပတ်လည်စံနှုန်းသည် ဈေးကွက်အတွင်း အရောင်းအ ဝယ်ပြုလုပ်နေသည့် ပေါက်ဈေး ထက်ပိုများနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောကြားသည်။
ဈေးကွက်အတွင်းရှိ အိမ်ခြံ မြေဈေးနှုန်းသည် လက်ရှိတွင် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား ကျဆင်းလာသော်လည်း အစိုးရ ၏ တစ်ပေပတ်လည်စံနှုန်းသတ် မှတ်ချက်မှာ ယခင်တစ်ကြိမ် ထက် ၁၀ ရာခိုင်နှုန်းအောက်သာ လျှော့ချပေးထားကြောင်း ပြည် တွင်းအိမ်ခြံမြေအကျိုးဆောင်အ ချို့က ပြောသည်။
‘‘ဈေးကွက်ပေါက်ဈေး အ တိုုင်းလျှော့ပေးဖို့တင်ပြထားတာ တကယ်ထွက်လာတော့ အရင်နှစ် ထက် ဘာမှမထူးဘူး’’ ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ ပိုင်ရှင် ဦးသန်းဦးက ပြောကြားသည်။
ရန်ကုန်အိမ်ခြံမြေဈေးကွက် သည် ရခိုင်ပြည်နယ်မှ ပဋိပက္ခ ပြဿနာများ၊ ကောလာဟလသ တင်းများကြောင့် လတ်တလော တွင် အရောင်းအဝယ်မရှိကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုး ဆောင်ကုမ္ပဏီပိုင်ရှင် ဦးစိုင်းခွန် နောင်က ပြောသည်။
‘‘အိမ်ခြံမြေဈေးကွက်က နိုင် ငံရေးတည်ငြိမ်မှုမရှိရင် အရောင်း အဝယ်က ဘယ်လိုမှမကောင်းနိုင် ဘူး’’ ဟု ဦးစိုင်းခွန်နောင်ကဆို သည်။
အိမ်ခြံမြေတစ်ပေပတ်လည် စံနှုန်းသတ်မှတ်ချက်သည် ဈေး ကွက်အတွင်း အရောင်းအဝယ်ပြု လုပ်နေသည့် ဈေးနှုန်းထက်များ နေခြင်းက နိုင်ငံတော်အတွက် အခွန်ဝင်ငွေရရှိမှုလျော့နည်းစေ ခြင်း၊ တရားဝင်အရောင်းအဝယ် ပြုလုပ်သည့်အခြေအနေမှ တရား မဝင်လမ်းကြောင်းသို့ တွန်းပို့သ ကဲ့သို့ ဖြစ်လာနိုင်သည်ဟု အကျိုး ဆောင်အချို့က ပြောသည်။
အိမ်ခြံမြေ ရောင်းဝယ်ပြီး ဝယ်သူက အမည်ပေါက်ပြောင်း လဲရာ၌ အစိုးရကရာဖြတ်၍ဝင်ငွေ ခွန်စည်းကြပ်နိုင်ရန် တစ်ပေပတ် လည်စံနှုန်းကို သတ်မှတ်ခြင်းဖြစ် သည်။ ထို့ကြောင့် တစ်ပေပတ် လည်စံနှုန်းသတ်မှတ်ချက်ကဈေး ကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေသည့် ဈေးနှုန်းထက်ပို များနေပါက အခွန်ပေးဆောင်ပြီး အမည်ပေါက်အပြောင်းအလဲပြု လုပ်ရန် အခက်အခဲဖြစ်လာနိုင် သည်ဟု အကျိုးဆောင်အချို့က ဆိုသည်။
၂၀၁၇ နှစ်ဆန်းပိုင်းမှ ရန် ကုန်အိမ်ခြံမြေဈေးကွက်နှင့် ပတ် သက်၍ အရောင်းအဝယ်များပြန် လည် ကောင်းလာနိုင်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်အချို့ကခန့်မှန်းခဲ့သော်လည်း လက်ရှိအချိန်တွင် အရောင်းအဝယ်အေးပြီး ဈေးနှုန်းများ ထပ်မံကျဆင်းနေသည်ဟု အထက်ပါပုဂ္ဂိုလ်များက ပြောသည်။
မြို့တွင်း လမ်းမတန်းများ၌ တစ်ပေပတ်လည်ဈေးနှုန်းကျပ် လေးသိန်းခန့်မှ သုံးသိန်းခန့်အထိ ကျဆင်းခဲ့ပြီး မြို့ပြင်ဒဂုံဆိပ်ကမ်း ကဲ့သို့ ပါမစ်မြေကွက်များသည် ကျပ်သိန်း ၃၀၀ ဝန်းကျင်မှ ကျပ်သိန်း ၁၅၀ ဝန်းကျင်သို့ ဈေး နှုန်းကျဆင်းလာကြောင်း အိမ်ခြံ မြေအကျိုးဆောင်အချို့က ဆို သည်။
ရန်ကုန်အိမ်ခြံမြေ စံနှုန်း သတ်မှတ်ချက်ကို သုံးနှစ်ခန့်ကြာမြင့်ချိန်မှ ပြန်လည်ထုတ်ပြန်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်ခဲ့သောစံနှုန်း သတ်မှတ်ချက်သည် ရန်ကုန်မြို့ တွင်းမြို့နယ်များဖြစ်သော ပန်းဘဲ တန်း၊ လသာတို့တွင် မြေတစ်ပေ ပတ်လည်ကို ကျပ်သုံးသိန်းသတ် မှတ်ပြီး ယခုဘဏ္ဍာနှစ်အတွက် ထုတ်ပြန်သည့် ယင်းမြို့နယ်များမှ မြေတစ်ပေပတ်လည်နှုန်းထားသည် ကျပ်နှစ်သိန်းခုနစ်သောင်းဖြစ်သည်။
Ref & Photo Credit : 7 Day Daily
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ