By Myanmar Builders Guide, Shweproperty.com
Updated at 13 November 2019
#Unicode
“ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးမှာ ဖိတ်ခေါ်ဖို့ ဆန္ဒရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှုကို ငါးနှစ်ကနေ ရှစ်နှစ်လောက်ပဲ ပေးနိုင်တဲ့အခြေအနေ ရှိပါတယ်။ ဒီတိုက်ခန်းတွေကို ဝယ်ယူနေထိုင်မည့် ပြည်သူတွေက အရစ်ကျပေးရမယ်ဆိုရင် တန်ဖိုးပမာဏများပြားနိုင်ပါတယ်။ ဒီတန်ဖိုးပမာဏများပြားခြင်းက သူတို့ရဲ့ နေ့စဉ်ဝင်ငွေနဲ့ ယှဉ်တွက်မယ်ဆိုရင် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီတန်ဖိုးနည်းအိမ်ရာတွေကို အရစ်ကျပေးချေတဲ့နေရာမှာ သူတို့ လစာငွေကနေ ဘယ်လောက်ပေးချေနိုင်သလဲ ဆိုတာကို တွက်ချက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ဆိုရင် တန်ဖိုးနည်းအိမ်ရာတွေကို ၁၅ နှစ်ကနေ အနှစ် ၂၀ လောက်လာပြီး ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်လိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုရရှိပါက အစိုးရမှ စနစ်တကျ ရောင်းချပေးနိုင်ရန်ဖြစ်ကြောင်း၊ သို့မှသာ ရန်ကုန်တွင် လာရောက်လုပ်ကိုင်နေသူများ ရွှေ့ပြောင်းလုပ်သားများ အခက်အခဲအမျိုးမျိုးကြောင့် ရန်ကုန်တွင် ရောက်ရှိနေသူများအတွက် ယင်းကဲ့သို့ အခွင့်အလမ်း ဖန်တီးပေးနိုင်ရန် ကြိုးပမ်းနေကြောင်း၊ အဆင့်တစ်ခုသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ အမြန်ဆုံးဆောင်ရွက်နိုင်ရန် မြေပေးပြီး ဆောင်ရွက်နိုင်မည့်နည်းလမ်းကို ကြိုးပမ်းနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“အခုမြေကို ဆိုက်ထည့်ပေးနိုင်ပြီး ဒီပေါ်မှာအိမ်ရာကို ချေးငွေစနစ်တစ်ခုနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ရန်ကုန်တိုင်းအတွင်း တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်မည့် ကုမ္ပဏီများကို ဖိတ်ခေါ်ရန် အစီအစဉ်ရှိကြောင်း၊ တန်ဖိုးအိမ်ရာများသည် ရန်ကုန်တိုင်းအတွင်း များစွာလိုအပ်ကြောင်း၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည့် ဧရိယာအတွင်း မြေတန်ဖိုးအား မယူဘဲ တည်ဆောက်နိုင်ရန် ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
#Zawgyi
တည္ေဆာက္ၿပီး တန္ဖိုးနည္း၊ တန္ဖိုးသင့္အိမ္ခန္းမ်ားကို ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားအၾကား အခ်ိဳးက်ခြဲေဝ ေရာင္းခ်ေပးလ်က္ရွိၿပီး ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္ ရန္ကုန္ၿမိဳ႕တြင္ တန္ဖိုးနည္းအိမ္ရာမ်ားကို ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ ဖိတ္ေခၚေဆာင္႐ြက္ကာႏိုင္ငံဝန္ထမ္းအၿငိမ္းစားမ်ားကို ေရာင္းခ်ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက ေျပာၾကားသည္။
ျပည္တြင္းလုပ္ငန္းရွင္မ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈသည္ ငါးႏွစ္မွ ရွစ္ႏွစ္အတြင္းသာရွိသည့္အတြက္ တန္ဖိုးနည္းအိမ္ရာမ်ား တည္ေဆာက္ရန္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဖိတ္ေခၚသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။
“ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈကို တန္ဖိုးနည္းအိမ္ရာတည္ေဆာက္ေရးမွာ ဖိတ္ေခၚဖို႔ ဆႏၵရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံသူေတြက ရင္းႏွီးျမႇဳပ္ႏွံမႈကို ငါးႏွစ္ကေန ရွစ္ႏွစ္ေလာက္ပဲ ေပးႏိုင္တဲ့အေျခအေန ရွိပါတယ္။ ဒီတိုက္ခန္းေတြကို ဝယ္ယူေနထိုင္မည့္ ျပည္သူေတြက အရစ္က်ေပးရမယ္ဆိုရင္ တန္ဖိုးပမာဏမ်ားျပားႏိုင္ပါတယ္။ ဒီတန္ဖိုးပမာဏမ်ားျပားျခင္းက သူတို႔ရဲ႕ ေန႔စဥ္ဝင္ေငြနဲ႔ ယွဥ္တြက္မယ္ဆိုရင္ အခက္အခဲေတြ ရွိလာႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ဒီတန္ဖိုးနည္းအိမ္ရာေတြကို အရစ္က်ေပးေခ်တဲ့ေနရာမွာ သူတို႔ လစာေငြကေန ဘယ္ေလာက္ေပးေခ်ႏိုင္သလဲ ဆိုတာကို တြက္ခ်က္ၿပီး ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ဒီလိုေဆာင္႐ြက္ႏိုင္ဖို႔ဆိုရင္ တန္ဖိုးနည္းအိမ္ရာေတြကို ၁၅ ႏွစ္ကေန အႏွစ္ ၂၀ ေလာက္လာၿပီး ရင္းႏွီးျမႇဳပ္ႏွံသူကို ဖိတ္ေခၚလိုပါတယ္” ဟု ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။
ယင္းကဲ့သို႔ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈရရွိပါက အစိုးရမွ စနစ္တက် ေရာင္းခ်ေပးႏိုင္ရန္ျဖစ္ေၾကာင္း၊ သို႔မွသာ ရန္ကုန္တြင္ လာေရာက္လုပ္ကိုင္ေနသူမ်ား ေ႐ႊ႕ေျပာင္းလုပ္သားမ်ား အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ ရန္ကုန္တြင္ ေရာက္ရွိေနသူမ်ားအတြက္ ယင္းကဲ့သို႔ အခြင့္အလမ္း ဖန္တီးေပးႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း၊ အဆင့္တစ္ခုသို ့ေရာက္ရွိေနၿပီျဖစ္ေၾကာင္း၊ အျမန္ဆုံးေဆာင္႐ြက္ႏိုင္ရန္ ေျမေပးၿပီး ေဆာင္႐ြက္ႏိုင္မည့္နည္းလမ္းကို ႀကိဳးပမ္းေနၿပီျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။
“အခုေျမကို ဆိုက္ထည့္ေပးႏိုင္ၿပီး ဒီေပၚမွာအိမ္ရာကို ေခ်းေငြစနစ္တစ္ခုနဲ႔ ေဆာင္႐ြက္ႏိုုင္ဖို႔အတြက္ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္”ဟု ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။
ရန္ကုန္တိုင္းအတြင္း တန္ဖိုးနည္းအိမ္ရာမ်ား တည္ေဆာက္မည့္ ကုမၸဏီမ်ားကို ဖိတ္ေခၚရန္ အစီအစဥ္ရွိေၾကာင္း၊ တန္ဖိုးအိမ္ရာမ်ားသည္ ရန္ကုန္တိုင္းအတြင္း မ်ားစြာလိုအပ္ေၾကာင္း၊ တန္ဖိုးနည္းအိမ္ရာ တည္ေဆာက္မည့္ ဧရိယာအတြင္း ေျမတန္ဖိုးအား မယူဘဲ တည္ေဆာက္ႏိုင္ရန္ ျပင္ဆင္ေနေၾကာင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ