By 7daydaily, Shweproperty.com
Updated at 8 August 2016
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အဓိကတံတားကြီးကိုး စင်းကို ရေရှည်အသုံးပြုနိုင်ရန် ကုန်တင်ယာဉ်ကြီးများ တန်ပိုတင် ဆောင်မောင်းနှင်ခြင်းကို စိစစ် မည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦး ဝင်းခိုင်ကပြောသည်။
‘‘တံတားတွေ ရေရှည်ခံ အောင် ကြာကြာသုံးနိုင်ဖို့ ဝန်ကြီး က မှာသွားတယ်။ ရန်ကုန်မှာက ကွန်တိန်နာတွေ၊ ကုန်တင်ယာဉ် တွေသုံးတာ အရမ်းများတော့ အ ဓိက တန်ပိုမတင်အောင်စစ်ဆေး ဖို့ လိုတယ်ဆိုပြီး ဝန်ကြီးက မှာ ကြားသွားပါတယ်’’ ဟု သြဂုတ် ၆ ရက်တွင် ရန်ကုန်မြို့ Prime Hill Business Square ၌ ပြုလုပ်သည့် ညှိနှိုင်း အစည်းအဝေးတွင် ပြည် ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်ဟု အဆိုပါအ စည်းအဝေးသို့ တက်ရောက်ခဲ့ သည့် ဆောက်လုပ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းရှိ တံတားကြီး ကိုးစင်းနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်နှင့်အတူရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း ပါတက်ရောက်ပြီး ဆွေး နွေးခဲ့ကြောင်း သိရသည်။
အဓိက တံတားကြီးကိုးစင်း ဖြစ်သည့် ပန်းလှိုင်မြစ်မှ တံတား နှစ်စင်း၊ လှိုင်မြစ်မှ တံတားလေး စင်း၊ ပဲခူးမြစ်မှ တံတားနှစ်စင်း၊ ပုဇွန်တောင်ချောင်းမှ တံတားတစ် စင်းတို့ကို အဓိကထား ထိန်းသိမ်း ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရန်ကုန်၌အဓိက တံတားကြီးကိုးစင်းအတွက် လိုအပ်နေသေးသည့် နည်းဥပဒေများကို ပြဋ္ဌာန်းမည်ဖြစ်ပြီးရေရှည်အသုံးပြုနိုင်ရန် မှာကြားခဲ့ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးကဆိုသည်။
လက်ရှိ ရန်ကုန်တိုင်း သန် လျင်တံတား အမှတ် (၁) တွင် တန်ပိုတင်ဆောင်သည့် ကားများ ဖြတ်သန်းမှု စစ်ဆေးခြင်းနှင့် တွဲ ကားများ၊ ၁၂ ဘီးကား များတင် ဆောင်မှုကို ဖြတ်သန်းခွင့်ပိတ်ပင် လိုက်ပြီး အခြားတံတားများတွင် လည်း လိုအပ်ပါက သန်လျင်ကဲ့ သို့ လုပ်ဆောင်နိုင်ရန် ညှိနှိုင်းဆွေး နွေးမှုများရှိကြောင်း သိရသည်။
ထပ်မံပြီး ငမိုးရိပ်ချောင်းတွင် တည်ဆောက်နေသော တံတား အသစ်များ အကြောင်းနှင့် ရန်ကုန်-ဒလတံတားစီမံကိန်းအ သစ်နှင့် သန်လျင် တံတား အသစ် နှင့်ပတ်သက်သည့် လက်ရှိလုပ် ဆောင်နေသော အခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
Ref & Photo Credit : 7daydaily
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ