By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 18 September 2019
မိုင်အရှည် (၃၈၅) ဒသမ (၅) မိုင်ရှည်လျားတဲ့ ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြင့်တင်ရေး စီမံကိန်း အဆင့်(၁)ဖြစ်တဲ့ ရန်ကုန်- တောင်ငူလမ်းပိုင်းကို အောက်တိုဘာလ(၁)ရက်နေ့မှာ စီမံကိန်း အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်မယ်လို့ သိရပါတယ်။ အရှည်အားဖြင့် (၁၆၆)မိုင်ရှိတဲ့ အဆိုပါ ရန်ကုန်- တောင်ငူ လမ်းပိုင်းကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ CP 101 (ပုဇွန်တောင် - ပဲခူး)၊ CP 102 (ပဲခူး - ညောင်လေးပင်)၊ CP -103 (ညောင်လေးပင် -တောင်ငူ) တို့နဲ့ ကန်ထရိုက်တာ(၃)ဖွဲ့မှ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
တစ်လမ်းသွားစနစ်နဲ့ ရထားသံလမ်းများစတင်ဖြုတ်ပြီး တာပေါင်များကို စတင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ရထားလမ်းများပြုပြင်ပြီး သံလမ်းများ ခင်းကျင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ပြုပြင်ဆောင်ရွက်ဖို့ အတွက် မြန်မာ့မီးရထားအစီအစဉ်နဲ့ ကျောက်ကျင်းစုစုပေါင်း ၂၀၀၄၀၀ ကျင်းကို စုဆောင်ထားပြီးဖြစ်ပါတယ်။
စီမံကိန်းဆောင်ရွက်နေစဉ် ကာလအတွင်းမှာ မူလ အစုန် - အဆန် နှစ်လမ်းမောင်းစနစ်မှ တစ်လမ်းမောင်း စနစ်ကို ယာယီပြောင်းလဲပြေးဆွဲမှာဖြစ်ကြောင်း၊ ဘူတာယာဒ်ဝန်းများအပါအဝင် အချက်ပြစနစ်များကို ပြောင်းလဲသွားမှာဖြစ်ကြောင်း၊ နှစ်အလိုက် အဆင့်ပေါင်း(၁၂)ဆင့်ဖြင့် လုပ်ငန်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ရန်ကုန်- တောင်ငူလမ်းပိုင်းတစ်လျှောက်ရှိ ရထားလမ်းတံတား (၂၃၉)စင်းကို ပြုပြင်တည်ဆောက်သွားမှာ ဖြစ်ပြီး၊ လက်ရှိပြွန်ပေါက် တံတား(၂၂၀)စင်းကို ရထားဝင်ရိုးတန်ချိန် (၂၀)ခံနိုင်တဲ့ တံတားတွေဖြစ်စေဖို့ အသစ်တည်ဆောက်သွားမှာဖြစ်သလို၊ ပေ (၁၈၀)အထက် တံတား(၂၂)စင်းကို အသစ်တည်ဆောက် သွားမယ်လို့ သိရပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ