By Sint Sint, Shweproperty.com
Updated at 22 December 2020
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် ပြည်သူ့အငှားအိမ်ရာ အခန်းပေါင်းတစ်သောင်း တည်ဆောက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ပုံငွေကျပ်ဘီလီယံ ၁၃၀ ထုတ်ပေးမည်ဟု သတင်းထုတ်ပြန်လိုက်ပါတယ်။အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများနေထိုင်မှု အဆင်ပြေရေးအတွက် ရန်ကုန်နှင့် မန္တလေးတိုင်းအစိုးရများ၊ နေပြည်တော်ကောင်စီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်ပြီး အိမ်ရာအခန်းပေါင်း တစ်သောင်းကို တစ်နှစ်အတွင်း တည်ဆောက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားထားပါတယ်။ အဆိုပါ စီမံကိန်းအတွက် ပုဂ္ဂလိကအသင်းသုံးသင်းက ငွေစိုက်ထုတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အစိုးရကနှစ်စဉ်ဘဏ္ဍာရန်ပုံငွေမှပိုလျှံငွေဖြင့် ပြန်လည်ပေးချေခြင်းဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ပိုလျှံရန်ပုံငွေ ကျပ်ဘီလီယံ ၁၃၀ ကို ဝန်ကြီးဌာနကပေးအပ်ရန်လည်းဖြစ်သည်။အငှားအိမ်ရာစီမံကိန်းကို ပုဂ္ဂလိကမှဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်နှင့် မြို့ပြနှင့်အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းတို့က ဆောင်ရွက်သွားကြမှာလည်း ဖြစ်ပါတယ်။ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စံပြစိုက်ပျိုးရေး အထူးဇုန်အတွင်းရှိ မြေ (၁၇၁ )ဧကပေါ်တွင်အခန်းပေါင်း ၅,၀၇၂ ကို တည်ဆောက်နေခြင်းဖြစ်သည်။ ရန်ကုန်တွင် အခန်းပေါင်း (၆,၃၀၀ )အထိ တည်ဆောက်မည်ဖြစ်ပြီး နေပြည်တော်တွင် အခန်းပေါင်း ၇၀၀၊ မန္တလေးတိုင်းဒေသကြီးတွင် အခန်းပေါင်း ၃,၀၀၀ တည်ဆောက်မည်ဖြစ်သည်။ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများနေထိုင်ရေး အဆင်ပြေစေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီတို့နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပြီး ပြည်သူ့အငှား အိမ်ရာတည်ဆောက်ရေး ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း ကျင်းပပြီးဖြစ်ပါတယ်။ ပြည်သူ့အငှားအိမ်ရာ အခန်း (၁) သောင်း စီမံကိန်းသည် လုပ်ငန်းပမာဏကြီးမားပြီး၊ အချိန် (၁၂) လအတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လုပ်ငန်းပိုင်းတွင် စိန်ခေါ်မှုများစွာရှိပါကြောင်း၊ ဦးစီးကော်မတီအနေဖြင့် မူဝါဒပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို အချိန်နှင့်တပြေးညီ ခေါ်ယူဖြေရှင်းပေးလျက်ရှိပါကြောင်း၊ ယခုစီမံကိန်းကို အသင်း (၃) သင်း၏ ငွေကြေးစိုက်ထုတ်မှုနှင့်ဆောင်ရွက်ပြီး အစိုးရ၏နှစ်စဉ်ဘဏ္ဍာရန်ပုံငွေမှ ပိုလျှံငွေနှင့် ပေးချေဆောင်ရွက်သွားရန် ညှိနှိုင်းခဲ့ပါကြောင်း၊ လုပ်ငန်းများစတင် ဆောင်ရွက်သည့်ကာလ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်၏ ပိုလျှံဘဏ္ဍာရန်ပုံငွေသုံးစွဲခွင့်ကို ရရှိခဲ့ပါခြင်းဖြစ်သည်။ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘဏ္ဍာငွေသုံးစွဲရေးကို ကြီးကြပ်ဆောင်ရွက်ပေးရန်နှင့် အသင်းများမှ လုပ်ငန်းများအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အချိန်မီပြီးစီးရေး စနစ်တကျခွဲဝေဆောင်ရွက်သွားရန်တို့ဖြစ်ပါတယ်။တစ်နှစ်အတွင်း အပြီးဆောင်ရွက်ရမည့် ပြည်သူ့အငှားအိမ်ရာ အခန်းတစ်သောင်း စီမံကိန်း အတွက်ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဒီဇင်ဘာ ၁၇ ရက်က ကျင်းပခဲ့ကြောင်းသိရပါတယ်။ လာမယ့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသော မြို့ပြ Urban Planning အဖြစ် အကွက်ချတည်ဆောက်ပြီးဖြစ်သည့်မြို့များ ဖြစ်စေရန်နှင့် ယင်းမြို့များတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍမှ အိမ်ခန်းပေါင်းတစ်သန်းအထိ တည်ဆောက်ပြီးစီးရန်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားထားပြီးဖြစ်သည်။မြန်မာနိုင်ငံ၏ လူဦးရေတိုးနှုန်းအရ နှစ်စဉ်ပျမ်းမျှအိမ်ရာ (၃၀၀၀၀) ကျော် ထုတ်လုပ်ပေးရန် လိုအပ်နေသော်လည်း မြေ၊ ဘဏ္ဍာငွေအရင်းအမြစ်နှင့် ထုတ်လုပ်နိုင်စွမ်းအရ လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ ကိုသာ ထုတ်လုပ်ပံ့ပိုးရန်ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် ပြည်သူများအတွက် သင့်လျော်သည့်အိမ်ရာများ ဖြည့်ဆည်းပေးရန် ရည်မှန်းချက်တာဝန်နှင့်အညီ လူဦးရေတိုးနှုန်း၊ မိသားစုဝင်ငွေနှင့် အိမ်ရာ လိုအပ်ချက်များအတွက် လေ့လာဆန်းစစ်ချက်များ ပြုလုပ်ပြီး ကာလတို၊ ကာလရှည် အိမ်ရာစီမံကိန်းများ ရေးဆွဲတည်ဆောက်ပေးခြင်းဖြစ်သည်။ကျန်ရှိနေသည့် ရာခိုင်နှုန်း ၈၀ ကို ပုဂ္ဂလိကကဏ္ဍက ထုတ်လုပ်ပြီးလိုအပ်သည့် နည်းဥပဒေနှင့် ဥပဒေအကာအကွယ်များကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ အိမ်ရာလိုအပ်ချက် အများဆုံးဖြစ်သည့်နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၅ ဘီလျံ၊ အငှားအိမ်ရာ အခန်းပေါင်း ၈၁၂ ခန်း တည်ဆောက်ပေးခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နေပြည်တော်၌ အခန်းပေါင်း ၁၂၀ ထပ်မံတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊အနေဖြင့် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် နေထိုင်ရေးအဆင်ပြေစေရန် ရည်ရွယ်ဆောင်ရွက်မည့် ပြည်သူ့အငှားအိမ်ရာအခန်း (၁) သောင်း တည်ဆောက်ရေးစီမံကိန်းအတွက် “ပြည်သူ့ အငှားအိမ်ရာ တည်ဆောက်ရေးဦးစီး ကော်မတီ” ကို ဖွဲ့စည်းပြီး ဘဏ္ဍာငွေရရှိရေး၊ လုပ်ငန်းစာချုပ်များချုပ်ဆိုနိုင်ရေး၊ စီမံကိန်း အင်ဂျင်နီယာအကြို လုပ်ငန်းများနှင့် Structure Design များ အပြီးသတ်ပြင်ဆင်ရေးတို့ကို ကာလတိုအတွင်း ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးရ သတင်းများ စက်မှုဇုန်များ အမှိုက်သိမ်းဝန်ဆောင်မှုအတွက် သြစတြေးလျကုမ္ပဏီကဒေါ်လာ ၁၁ သန်း ရင်းနှီးမြှုပ်နှံ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် COVID-19 ကြောင့် စိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလားအလာကောင်း များရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား Written By : Khine Zar (ShweProperty.com) Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ