By ဝိုင်းနန္ဒီထွန်း, Shweproperty.com
Updated at 25 October 2019
#Unicode
ရန်ကုန်မြို့ပတ်ရထားဘူတာ(၁၂)ခုကို အဆင့်မြှင့်တင်ဆောင်ရွက်မယ်လို့ တောင်ကိုးရီးယားကုမ္ပဏီများနဲ့ မြန်မာ့မီးရထားတို့ပူးပေါင်းပြီး အောက်တိုဘာလ(၂၃)ရက်နေ့က ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကနေ တစ်ဆင့် သိရပါတယ်။ Seoul Metro, SAMAN, SINDOSY, SUSA စတဲ့ တောင်ကိုးရီးယားကုမ္ပဏီများနဲ့ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ခဲ့တာဖြစ်ပြီး၊ အဆင့်မြှင့်တင်တည်ဆောက်မယ့် ဘူတာရုံတွေဟာ ခရီးသွားပြည်သူတွေ နေချင့်စဖွယ် ဒုတိယအိမ်ပုံစံမျိုးဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
အဆင့်မြှင့်တင်မယ့် ဘူတာ (၁၂)ခုတွင် ရန်ကုန်ဘူတာကြီး၊ အင်းစိန်၊ ပုဇွန်တောင်၊ မလွှကုန်းနဲ့ သမိုင်းဘူတာတို့ ပါဝင်ပါတယ်။ ရထားလမ်းပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေအတွက် အဆင်ပြေအောင်ညှိနှိုင်းမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။
“ ရထားလမ်းရဲ့ ကုန်ကျစရိတ်အတွက် တိုင်းပြည်က စိုက်ထုတ်ပေးရတဲ့ငွေကြေးလျော့ပါး သက်သာအောင် လုပ်ပေးရတဲ့ အနေအထားဖြစ်တယ်။ ရထားပြေးဆွဲတဲ့လုပ်ငန်းထက် ဒီလုပ်ငန်းက ပိုအရေးကြီးပါတယ်။ ရထားပြေးဆွဲတဲ့လုပ်ငန်းက အမြတ်အစွန်းရတဲ့ လုပ်ငန်းမဟုတ်ပါဘူး၊ ခရီးသွားပြည်သူတွေ အဆင်ပြေအောင် လုပ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဘူတာပတ်ဝန်းကျင်မှာ သာယာပျော်ရွှင်ဖွယ်ကောင်းအောင် တည်ဆောက်ပြီး တော့ အဲ့ဒီကရတဲ့ ငွေတွေကို ရထားစက်ခေါင်းတွဲတွေ၊ တွဲတွေဝယ်ယူတဲ့နေရာမှာ ပြန်လည်အသုံးပြုသွားမှာ ပါ” လို့ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ဆိုပါတယ်။
ရန်ကုန်မြို့ပတ်ဘူတာတွေအပြင် ကချင်ပြည်နယ်၊ မြစ်ကြီးနား ဘူတာကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီး ဝင်ငွေရရှိအောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
#Zawgyi
ရန္ကုန္ၿမိဳ႕ပတ္ရထားဘူတာ(၁၂)ခုကို အဆင့္ျမွင့္တင္ေဆာင္ရြက္မယ္လို႔ ေတာင္ကိုးရီးယားကုမၸဏီမ်ားနဲ႔ ျမန္မာ့မီးရထားတို႔ပူးေပါင္းၿပီး ေအာက္တိုဘာလ(၂၃)ရက္ေန႔က ျပဳလုပ္တဲ့ အလုပ္ရံုေဆြးေႏြးပြဲကေန တစ္ဆင့္ သိရပါတယ္။ Seoul Metro, SAMAN, SINDOSY, SUSA စတဲ့ ေတာင္ကိုးရီးယားကုမၸဏီမ်ားနဲ႔ အလုပ္ရုံ ေဆြးေႏြးပြဲျပဳလုပ္ခဲ့တာျဖစ္ၿပီး၊ အဆင့္ျမွင့္တင္တည္ေဆာက္မယ့္ ဘူတာရံုေတြဟာ ခရီးသြားျပည္သူေတြ ေနခ်င့္စဖြယ္ ဒုတိယအိမ္ပံုစံမ်ိဳးျဖစ္ေအာင္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။
အဆင့္ျမွင့္တင္မယ့္ ဘူတာ (၁၂)ခုတြင္ ရန္ကုန္ဘူတာႀကီး၊ အင္းစိန္၊ ပုဇြန္ေတာင္၊ မလႊကုန္းနဲ႔ သမိုင္းဘူတာတို႔ ပါဝင္ပါတယ္။ ရထားလမ္းပတ္ဝန္းက်င္မွာရွိတဲ့ ျပည္သူေတြအတြက္ အဆင္ေျပေအာင္ညွိႏိႈင္းမႈေတြ ျပဳလုပ္ထားေၾကာင္း သိရပါတယ္။
“ ရထားလမ္းရဲ႕ ကုန္က်စရိတ္အတြက္ တိုင္းျပည္က စိုက္ထုတ္ေပးရတဲ့ေငြေၾကးေလ်ာ့ပါး သက္သာေအာင္ လုပ္ေပးရတဲ့ အေနအထားျဖစ္တယ္။ ရထားေျပးဆြဲတဲ့လုပ္ငန္းထက္ ဒီလုပ္ငန္းက ပိုအေရးႀကီးပါတယ္။ ရထားေျပးဆြဲတဲ့လုပ္ငန္းက အျမတ္အစြန္းရတဲ့ လုပ္ငန္းမဟုတ္ပါဘူး၊ ခရီးသြားျပည္သူေတြ အဆင္ေျပေအာင္ လုပ္တဲ့ လုပ္ငန္းျဖစ္ပါတယ္။ ဘူတာပတ္ဝန္္းက်င္မွာ သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းေအာင္ တည္ေဆာက္ၿပီး ေတာ့ အဲ့ဒီကရတဲ့ ေငြေတြကို ရထားစက္ေခါင္းတြဲေတြ၊ တြဲေတြဝယ္ယူတဲ့ေနရာမွာ ျပန္လည္အသံုးျပဳသြားမွာ ပါ” လို႔ ျမန္မာ့မီးရထားမွ ဦးေဆာင္ညႊန္ၾကားေရးမွဴး ဦးဘျမင့္က ဆိုပါတယ္။
ရန္ကုန္ၿမိဳ႕ပတ္ဘူတာေတြအျပင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား ဘူတာကိုလည္း အဆင့္ျမွင့္တင္ေဆာင္ရြက္ၿပီး ဝင္ေငြရရွိေအာင္ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။
Written By : ဝိုင္းနႏၵီထြန္း (ShweProperty.com)
Photo Credit : Prize0725
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ