By လဲ့မို့, Shweproperty.com
Updated at 5 June 2012
ရန်ကုန်မြို့ရဲ့ စီးပွားရေးဇုန်သစ်တွေ အပါအဝင် မြို့စွန်မြေကွက်တွေ ဈေးနှုန်း မြင့်တက်နေပေမယ့် အရောင်းအဝယ်ကတော့ အေးစက်နေတယ်လို့ သိရပါတယ်။
“အခုစက်မှုဇုန်တွေဘက်မှာ ဝယ်ထားတဲ့သူတွေ ပြန်ထုတ်ရောင်းနေတာမျိုးလဲရှိတယ်၊ တချို့က မြို့ထဲကို အရောင်းဝယ် ပြန်ရွေ့လာတယ်” လို့ အာရှမြေယာ အိမ်ခြံမြေမှ ကိုပိုင်မြင့်က ပြောပါတယ်။
မြို့တွင်းပိုင်းအိမ်ခြံမြေ အရောင်းအဝယ်ဖြစ်နှုန်းနဲ့ နှိုင်းယှဉ်ပါက မြို့စွန်အရောင်းအဝယ်က ပိုအလုပ်ဖြစ်နေပေမယ့် ထင်သလောက် အလုပ်မဖြစ်သေးဘူးလို့ သိရပါတယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံ့သူတွေအတွက် အိမ်ခြံမြေ ရင်းနှီးမြှပ်နှံမှုတွေက မြို့တွင်းပိုင်းကိုသာ အဓိက သက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။
စက်မှုဇုန် မြေကွက်တွေမှာ သုံးလအတွင်း လုပ်ငန်းမလုပ်ကိုင်ပါက ပြန်လည်သိမ်းဆည်းမယ်ဆိုတဲ့ သတင်းတွေနဲ့ သီလဝါစီးပွားရေးဇုန်နယ်မြေသတင်း၊ ရန်ကုန်နဲ့ ဒလ တံတားဆောက်မယ်ဆိုတဲ့ သတင်းတွေကြောင့် မနှစ်က လှုပ်ခတ်ခဲ့တဲ့မြို့နယ်တွေမှာ ဈေးနှုန်းမြင့်တက်မှု အရှိန်သာကျန်ခဲ့ပြီး အရောင်းအဝယ်ကတော့ အေးသွားတယ်လို့ သိရပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ