By မြန်မာ့အလင်း, Shweproperty.com
Updated at 1 February 2018
လူတွေ၊ ကားတွေ၊ အဆောက်အအုံတွေနဲ့ ပြည့်ကျပ်နေတဲ့ ရန်ကုန်မြို့ကတော့ အဆောက်အအုံအသစ်တွေ တည်ဆောက်နေဆဲ၊ လာေ ရာက်နေထိုင် အခြေချသူတွေ တိုးပွားနေဆဲ၊ လမ်းတွေပေါ်မှာ မောင်းနှင်သွားလာနေတဲ့ မော်တော်ယာဉ်တွေကလည်း ဖွေးဖွေး လှုပ်ေ နအောင် များပြားနေဆဲပါပဲ။
ဒါကြောင့်မို့လို့ ရန်ကုန်မြို့ အပြင်ပတ်လမ်းနဲ့ဆက်စပ်ပြီး မြို့သစ်တွေဖော်ဆောင် တည်ဆောက်ဖို့ နေရာခုနစ်နေရာ သတ်မှတ် ထား တဲ့ အ နက် လှည်းကူးမှာ Eco Green City စီမံကိန်း စတင်အကောင်အထည်ဖော် တာစူနေပြီ ဖြစ်ပါတယ်။ ဒီေ န ရာကတော့ လှည်း ကူး အမြန် လမ်း နံဘေးမှာရှိတဲ့ မိုင်တိုင်အမှတ် သုံးမိုင်၊ ငါးဖာလုံ ဝန်းကျင်မှာရှိပြီး မြေလွတ်မြေရိုင်းဧက ၁၆၂ဝ ခန့်ပေါ်မှာ အကောင် အထ ည်ေ ဖ်ာဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
အဲဒီမြေအကျယ်အဝန်းမှာ ရေနုတ်မြောင်းနဲ့ ရေသွင်းမြောင်းဧရိယာတွေ ဖယ်ထုတ်လိုက်ရင်တော့ စီမံကိန်းဧရိယာအကျယ် အဝန်းက ဧက ၁၄၂ဝ ခန့် ကျန်ရှိမယ်လို့ ဆိုပါ တယ်။
တကယ်တော့ ရန်ကုန်မြို့အပြင်ပတ်လမ်းနဲ့ ဆက်စပ်ပြီး အကောင်အထည်ဖော်မယ့် ဖွံ့ဖြိုး ရေးစင်တာတွေဖြစ်တဲ့ လှည်းကူး၊ မှော်ဘီ၊ ထန်းတပင်၊ တွံတေး၊ ဒလ၊ ကော့မှူး၊ သန်လျင် စတဲ့နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ လှည်းကူးမှာတော့ Eco Green City စီ မံ ကိန်း အကောင်အထည် ဖော်ဖို့ ပန္နက်တင်ခြင်းကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ် ခဲ့ပြီး ဖြစ်ပါတယ်။ တကယ် ဆိုရင် အခု စီမံ ကိန်းဟာ ရန်ကုန်မြို့ အပြင်ပတ်လမ်း ဖွံ့ဖြိုးရေးဇုန် ခုနစ်ခုအနက်မှာ ရန်ကုန် အနောက်မြောက်ပိုင်း ဖွံ့ဖြိုးရေးဇုန်ထဲမှာ ပါဝင်နေ တာ ဖြစ်ပါတယ်။
အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်လာတဲ့ ရန်ကုန်မြို့ ဟာ မဖြစ်မနေ တိုးချဲ့ဖို့၊ ဒဂုံ မြို့သစ်တွေ ဖော်ထုတ်ဖို့၊ မိုးပျံလမ်းတွေ တည် ဆောက်ဖို့၊ အိမ်ရာစီမံကိန်းတွေ ဖော်ဆောင်ဖို့ အားထုတ်နေရပြီဖြစ်တာမို့ အခု မြို့သစ်စီမံ ကိန်းဟာလည်း မကြာမီကာလအတွင်းမှာ ရုပ်လုံးေ ပါ် လာတော့မှာ ဖြစ်ပါတယ်။ လှည်းကူး အမြန်လမ်းနံဘေးမှာ တည်ဆောက်မယ့် Eco Green City စီမံကိန်းကို သုံးနှစ်တာကာလ အတွ င်းမှာ အကောင်အထည်ပေါ်လာအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့အဝင် ပါးစပ်ပေါက်နေရာမှာ တည်ရှိနေတဲ့ မြို့သစ်ဖြစ်တာနဲ့အညီ တည် ဆောက်ရေးလုပ်ငန်းတွေဟာ နိုင်ငံတကာ စံချိ န် စံ òန်းမီအောင် အကောင်အထည်ဖော် သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ရန်ကုန်မြို့နဲ့ သုံးမိုင်ခန့်သာဝေးပြီး ပဲခူး-ဟံသာဝတီလေဆိပ် နဲ့လည်း အဖြောင့်တိုင်းရင် ၁ဝ မိုင်ခန့်သာ ကွာဝေးတာမို့ ရန်ကုန်မြို့နဲ့ တစ်ဆက်တစ်စပ် တည်းဖြစ်တဲ့ မြို့သစ်စီမံကိန်းလည်း ဖြစ်ပါ တယ်။
ဒါကြောင့် အချိန်တိုအတွင်း ဖွံ့ဖြိုး တိုးတက်မှု မြန်ဆန်လာမယ့် မြို့သစ် ဖြစ်လာ ပါလိမ့်မယ်။
Eco Green City စီမံကိန်း အကောင် အထည်ဖော်မယ့် အခြေအနေကိုကြည့်ရင် လှည်းကူးအမြန်လမ်းရဲ့ အနောက်ဘက်ခြမ်း စီမံ ကိ န်း ဧရိယာပေါ်မှာ တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာနဲ့ အိုးအိမ်စီမံကိန်းတွေ ပါဝင်တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာသ င်ေ ကျာင်းတွေ၊ အထွေထွေရောဂါကု ဆေးရုံနဲ့ ရုံးအဆောက်အအုံတွေ၊ အပန်းဖြေ နေရာနဲ့ သုတေသနစင်တာတွေလည်းပါဝင်မှာ ဖြစ်တ ယ်လို့ ဆိုပါတယ်။
လှည်းကူးအမြန်လမ်း အရှေ့ဘက်ခြမ်းရဲ့ စီမံကိန်းဧရိယာ ပေါ်မှာတော့ အဆင့်မြင့်အိမ်ရာစီမံကိန်း၊ ကွန်ဒိုအထပ်မြင့် တိုက်ခန်းတွေ၊ ဂေါ က်ကွင်း၊ အပန်းဖြေနေရာ၊ အဝေးပြေးယာဉ် ရပ်နားစခန်း၊ အရောင်းစင်တာကြီးတွေနဲ့ ရုပ်ရှင်ရုံစတာတွေ ပါဝင်မှာဖြစ်ပါတယ်။
အမြန်လမ်းဘေးဝဲယာ နီးကပ်တဲ့နေရာ တွေမှာ ကားမောင်းသံတွေရဲ့ဆူညံမှုက ကင်းဝေးအောင် လူနေအိမ်တွေကို ကားလမ်းနဲ့ အ နည်း ဆုံး ပေ ၁ဝဝဝ ခန့် ခြားထားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါမှသာ နေ့စဉ်နဲ့အမျှ နေ့ရောညပါ အရှိန်ပြင်းပြင်းနဲ့ မော င်းနှင်သွား လာေ နကြတဲ့ ကားမောင်းသံတွေနဲ့ ကင်းဝေးသက်သာစေမှာ ဖြစ်ပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင် အခုတည်ဆော က်မယ့် Eco Green City စီမံကိန်းကြီး ပြီးစီးသွားမယ်ဆိုရင် လူဦးေ ရငါးေ သာင်း ခန့် အထိ နေထိုင် နိုင်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိလာ မှာဖြစ်ပါတယ်။
ဒီမြို့သစ်စီမံကိန်း အကောင်အထည်ဖော် နေစဉ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်မှာ ဖြစ်သလို ပြီးစီးသွားရင်လည်း ဈေးကွ က်သစ်တစ်ခုအဖြစ်လည်း ပေါ်ထွက် လာမှာ ဖြစ်ပါတယ်။
ကုန်သွယ်မှု၊ ရောင်းဝယ်ဖောက်ကားမှု၊ လူနေထိုင်မှုတွေ ဟာ ရန်ကုန်မြို့နဲ့ဆက်စပ်ပြီး တည်ရှိနေတာမို့ အချိန်တို အတွင်းမှာ လူနေစ ည်ကားလာမယ့် မြို့သစ်တစ်မြို့ ထွက်ပေါ် လာမှာဖြစ်သလို ရန်ကုန်မြို့ပြရဲ့ မွန်းကျပ်မှုကို အထိုက် အလျောက်ဖြေလျော့ပေးနိုင်မှာ ဖြစ် ပါတယ်။
ရန်ကုန်မြို့ဟာ လာမယ့် ၂ဝ၃ဝ ပြည့်နှစ်လောက်မှာ လူဦးရေ ၁ဝ သန်းခန့်အထိ ရှိလာနိုင်မှာဖြစ်တယ်လို့ ခန့်မှန်း ထားတာမို့ အခုလို မြို့သ စ်စီမံကိန်းတွေဖော်ဆောင်နိုင်ရေး ကြိုးစားခြင်းလည်း ဖြစ်ပါတယ်။
ခေတ်စနစ်နဲ့အညီ တည် ဆောက်မယ့် ဒီမြို့သစ်စီမံကိန်းဟာ ဘက်ပေါင်းစုံက လေ့လာ သုံးသပ် ပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှုမရှိအောင်နဲ့ သဘာဝဘေးအ္တရာယ်တွေရဲ့ ဒဏ်က ထိခိုက်ကြုံတွေ့ရမှုနည်းပါးအောင် စနစ်တကျလေ့လာ အကော င် အထည်ဖော်မှာဖြစ်တဲ့အတွက် စိတ်ဝင်စားစရာ ကောင်းနေတာတော့ အမှန်ပါပဲ။
ပူးပေါင်းညှိနှိုင်းဆောင်ရွက်
ဒါကြောင့် ဒီမြို့သစ်စီမံကိန်းဟာ ပြည်ထောင်စုအဆင့် စီမံကိန်းလည်းဖြစ်တာမို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက လည်း ပူးပေါင်း ညှိနှိုင်းေ ဆာင်ရွက်သွားမှာ ဖြစ်တာကြောင့် လက်ရှိစီးပွားရေးမြို့တော် ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးမှုအလှကို ပိုမို တင့်တယ်တောက်ပစေမယ့် မြို့သ စ်ဖြ စ်လာပါလိမ့်မယ်။ ။ Ref & Photo Credit : မြန်မာ့အလင်း Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ