By Myanmar Builders Guide, Shweproperty.com
Updated at 24 June 2019
မကြာခင်အကောင်အထည်ဖော်တော့မည့်ရန်ကုန်မြို့သစ် တည်မည့်နေရာသည် လက်ရှိ လှိုင်သာယာမြို့ထက် ပင်လယ်ရေမျက်နှာပြင်အောက်သို့ များစွာကျ ရောက်နေတဲ့ကျွမ်းကျင်သူတွေကထောက်ပြနေပါသည်။
လှိုင်သာယာသည် ပင်လယ်ရေမျက်နှာ ပြင်အထက် ပေ ၂၀ မှ ပေ ၃၀ အထိရှိပြီး ယခု မြို့သစ်တည်မည့်နေရာ၌ ကျေးရွာများမှအပ ကျန်နေရာများသည် ပင်လယ်ရေမျက် နှာပြင်အထက် ၁၁ ပေမှ ၁၆ ပေ အထိသာရှိကြောင်း စစ်ဆေးတွေ့ရှိချက်တွေအရ ဘူမိပညာရှင်တွေကပြောကြားသည်။
ထို့ကြောင့် စံချိန်မီ မြို့သစ် ဖြစ်လာစေရန် လက်ရှိ မြေပြင်အထက် အနည်းဆုံး ပေ ၂၀ မှ ပေ ၃၀ အထိ (သုံးထပ်တိုက်တစ်လုံး အမြင့်အထိ) သဲနှင့် အခြားနေရာ မှ သယ်ယူမြေ (Transported Earth) များဖို့ဖို့လိုအပ်တယ်လို့ ပညာရှင်တွေကထောက်ပြပြောဆိုလာပါသည်။ အင်္ဂလိပ်တို့ ရန်ကုန်မြို့ကို တည်စဉ်က ပေ ၅၀ အမြင့်အထိ သဲဖို့တည်ဆောက်ခဲ့ရသည်ဟု သိရှိရ၏။ ဤမြို့သည်ပင် လက်ရှိအချိန်၌ ရေမြုပ်ခြင်း၊ ရေမြောင်းပိတ် ဆို့၍ ရေစီးရေလာ မကောင်းခြင်းများ တွေ့ကြုံခံစားနေရသည်နှင့် ချိန်ထိုးခံစားကြည့်နိုင်၏။ သို့ဖြစ်၍ မြေဖွံ့ဖြိုးရေးစရိတ် များစွာကုန်ကျမည်ဖြစ်ရာ လယ်မြေလျော်ကြေး ပါပေါင်းလျှင် စရိတ်အလွန်ကြီးမားမည်ဖြစ်၏။ စင်ကာပူကဲ့သို့ အခြားမြေနေရာများအား ရွေးချယ်ရန်လည်းမရှိ၊ ဓနငွေကြေးလည်း များစွာချမ်းသာလျှင်ပင် လယ်ပြင်ကို မြေဖို့တည်ဆောက်နိုင်၏။
မကြာမီက ရန်ကုန်မြို့ ကြက်ခြေနီအသင်းရုံးချုပ်တွင် ကျင်းပသော မြေငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ၌ ဘူမိဗေဒပညာရှင် ဒေါက်တာထွန်းနိုင်၏ ပြောကြား ချက်များအရ စစ်ကိုင်းပြတ်ရွေ့သည် ရန်ကုန်မြို့နှင့် အလှမ်းမဝေးသော ခရမ်း-သုံးခွ အရှေ့ဘက် တွင်ရှိကြောင်း၊ Soil Study ပြုလုပ်ချက်များအရ သာကေတ၊ ဒဂုံ (ဆိပ်ကမ်း)၊ ဒလနှင့် ကြည့်မြင် တိုင်တစ်ဖက်ကမ်း အေးရွာ အစရှိ သောနေရာများသည် Soft Soil Area များသာဖြစ်ကြောင်းလည်း သိရှိရ၏။
Mexico City ၏ ၂၀၁၇ ခုနှစ် ငလျင်ကြီးကြောင့် မြို့သူ၊ မြို့သားပေါင်း ၁၅၀ ကျော်သေဆုံးပြီး အဆောက်အအုံပေါင်း ၆၀ ကျော် ပြိုကျခဲ့ပေသည်။ အဓိက အကြောင်းရင်းမှာ Mexico City မြို့ ကြီးကို Soft Soil Basin (ခေါ်) မြေပျော့ချိုင့်ဝှမ်းပေါ်၌ တည်ဆောက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရ၏။ ကြည့်မြင်တိုင်တစ်ဖက် ကမ်း၌ မြို့တည်လျှင် ‘မြေပျော့ရာ မြို့တည်’ဆိုသကဲ့သို့ရှိမည်မှာ အလွန်သေချာလှပေသည်။
မြို့သစ်တစ်မြို့၏ ရေရှည်တည်တံ့မှု (Sustainability) ကို အထူးဦးစားပေးသောခေတ်၌ သဘာဝဘေး အန္တရာယ်ထိခိုက်လွယ်သော မြေနေရာ (Disaster Prone Area) ကို ရှောင်ကြဉ်ခြင်းသည် လွန်စွာအရေးကြီးကြောင်း ဖော်ပြလိုပေသည်။ သို့မဟုတ်ပါက နည်းပညာနှင့် ငွေအရင်းအနှီး အကြီးအကျယ်သုံးစွဲမှ တန်ရုံကျမည်ဖြစ်ကြောင်း သတိပြုရမည်ဖြစ်ပါသည်။
မျက်မှောက်ခေတ် မြို့သစ်တည်ရာ၌ လမ်းပန်းဆက်သွယ်မှု အခြေခံသော ဖွံ့ဖြိုးမှု (Transport Orien-ted Development) ရှိခြင်းကို ဂုဏ်ရည်တစ်ရပ်အဖြစ် နိုင်ငံတကာမှ အသိအမှတ်ပြုထား၏။ အတိုကောက်အားဖြင့် TOD ဟု ခေါ်ဆိုကြ၏။
ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြို့သစ်နေရာသည် မြောက်ဘက်တွင် ပန်းလှိုင်မြစ်၊ တောင်ဘက်တွင် ခနောင်တို ချောင်းနှင့် တွံတေးတူးမြောင်း၊ အရှေ့ဘက်တွင် လှိုင်မြစ်တို့ ဝန်းရံသော ချောင်ပိတ်ဧရိယာဖြစ်၏။ ရထားလမ်းဖြင့် သယ်ယူပို့ဆောင်ရန် ရန်ကုန်ကို အားပြုရမည်ဖြစ်၏။ လေယာဉ်စီးရန်အတွက်လည်း ရန်ကုန်ကို အားပြုရ၏။
သင်္ဘောဆိပ်ရှိရာ ရန်ကုန်ကို ရေလမ်းခရီးအတွက် အားပြုရပြန်၏။ ရန်ကုန်မြို့ကိုသာ လမ်းပန်းဆက်သွယ်ရေး အားပြုရှင်သန်နေရရှာသော မြို့သည် အဘယ်မှာ ထူးခြားသော ရန်ကုန်မြို့သစ် (New Yangon) ဖြစ်လာနိုင်မည်ကိုတွေးတောရမယ်လို့ ပို့ဆောင်ရေးနဲ့ပတ်သတ်တဲ့ကျွမ်းကျင်သူတွေကထောက်ပြထားပါတယ်။
ရန်ကုန်မြို့တော်၏ မြစ်တစ်ဖက်ကမ်း ဖြစ်လာမည့် ဒလကို တံတားထိုးပြီး နောက် လက်ရှိအတိုင်းထား၍ မဖြစ်တော့ပေ။ လက်ရှိ ဒလမြို့၏ ရပ်ကွက်များအနက် ပြန်လည်နေ ရာချထားခြင်းမပြုရသေးသော ရပ်ကွက်ကြီးသုံးခုသည် ယခင်မြို့ပြဖွံ့ဖြိုးရေးဆောင်ရွက်ရာမှ အကြောင်းကြောင်းကြောင့် ကြွေးကျန်အဖြစ် ကျန်နေခဲ့သေး၏။
တရားဝင်မြို့ကွက် မရိုက်ရသေးသော နေရာများအဖြစ်သာ ကျန်ရှိခဲ့မည်ဖြစ်သည်။ ဤအချက်ကို ပြည်သူ့လွှတ်တော်၌ ကိုယ်စားလှယ်ကြီးက မေးမြန်းခဲ့ရာ ရန်ကုန်တောင်ပိုင်းတွင် ဒလမှသည် ကြည့်မြင်တိုင်တစ်ဖက်ကမ်းအထိ ဖွံ့ဖြိုး ရေးလုပ်ငန်းများတွင် ပါဝင်လာမယ်လို့ဆိုထားပါတယ်။ အမှန်အားဖြင့် လူဦးရေ တစ်သိန်း ရှိသော ဒလအတွက် သီးသန့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို တံတားနှင့် အတူတစ်ဆက်တည်း မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အလေးအနက်အသိအမှတ်ပြုရမည်ဖြစ်ပေသည်။ မြို့သစ်တည်ခြင်းထက် အရင်ဆုံးဦးစားပေးရမည့် လုပ်ငန်းလည်းဖြစ်သည်။
မြို့သစ်တည်လျှင် အိမ်ရာများ မလွဲမသွေ ပါဝင်မည်ဖြစ်၏။ လက်ရှိ အိမ်ရာဈေးကွက်သည် အလွန်အေးခဲနေ၏။ အရောင်းအဝယ် မဖြစ်သလောက်ရှိပြီး အိမ်ငှားဈေးကွက် သာ နေရာကောင်း၌ ရှင်သန်ဖြစ်ထွန်းနေ၏။ အိမ်ရာရင်းနှီးမြှုပ်နှံမှု တန်ဖိုးများစွာ ကြီးမားလှသည့် အထက်ပါမြို့သစ်နေရာ၌ ပလုံမြုပ်မည့် အရင်းအနှီးများလည်း များ စွာကြီးမားလာနိုင်၏။
စီးပွားရေး အခြေအနေအရ ဝင်ငွေအလယ်အလတ်ရှိသော ပြည်သူတို့၏ ဝယ်လိုအား များစွာကျဆင်းနေခြင်းဖြစ်သည်။ အစိုးရ၏ ဧရာဝဏ်နှင့် ရတနာနှင်းဆီအထပ် မြင့်အိမ်ရာလည်း အရောင်းမသွက်။ PPP စီမံကိန်းများလည်း မြို့ပြနေရာ ကောင်းများမှာပင် တလှုပ်လှုပ် ရောင်းချနေရ၏။ BOTလည်း အလားတူ၊ ကွန်ဒိုလည်း အလားတူ၊ မြေရှင်နှင့် အခန်းပေး အခန်းယူလည်း အလားတူ ဝယ်လိုအားကျဆင်းနေသောအချိန်သည် မြို့သစ်တည်ရန် အချိန်ကောင်း အခါကောင်း လုံးဝမဖြစ်နိုင်ပေ။
မြို့သစ် အိမ်ရာများတွင် ကျူးကျော်များအတွက် အိမ်ရာများ ပါဝင်မည်ဟု ကြားသိရ၏။ မြေကွက်ချထားခြင်း မဟုတ်ဘဲ အိမ်ခန်းချထားခြင်းဖြစ်မည်ဟု ဆို၏။
သို့သော် ကျူးကျော်အိမ်ထောင်စုပေါင်း တစ်သိန်းငါးသောင်းခန့်ကို အားလုံးချထားပေးမည်ဟုလည်း သေချာစွာ မပြောနိုင်ပေ။ အားလုံးအတွက် အိမ်ခန်း တစ်သိန်းငါး သောင်းကို တစ်ခန်းလျှင် မြေနှင့်အခြေခံအဆောက်အအုံတန်ဖိုးမပါ သိန်း ၁၀၀ ဖြင့် ကျခံဆောက်လုပ်ပေးလျှင်ပင် ဘီလီယံ ၁,၅၀၀ ကျော် ကုန်ကျမည်ဖြစ်ပေသည်။ မြို့သစ်တစ်ခုတည်းမှာ စုပြုံနေရာချမည့်အစား မူလနေရာနှင့် နီးစပ်ရာနေရာများ၌ ချထားပေးသင့်ခြင်းဖြစ်သည်။ ထို့ကြောင်ကျွမ်းကျင်သူတွေရဲ့ထောက်ပြချက်တွေနဲ့အတူ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အကောင်းအမွန်ဆုံးအစီအမံများချပြရန်လိုအပ်မှာအသေအချာပင် ဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ