By Myanmar Builders Guide, Shweproperty.com
Updated at 18 February 2019
ရန်ကုန်မြို့သစ်တည် ဆောက်ရန် မြေသိမ်းဆည်းမှု ၉၈ ရာခိုင်နှုန်းပြီးစီးနေပြီး မြေပြင် တည်ဆောက်ရေး လုပ်ငန်းများ မကြာမီ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားပါသည်။
ရန်ကုန်မြို့သစ်စီမံကိန်း၏ အပြီးသတ် Master Plan (မဟာ ဗျူဟာစီမံကိန်း) နှင့် ပတ်သက်ပြီး စီမံကိန်းရေးဆွဲခဲ့သည့် AECOM စင်ကာပူ ကုမ္ပဏီက ဆွေးနွေးတင် ပြခြင်းကို ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။
‘‘ဒီမြေတွေကို လျော်ကြေး ပေးလိုက်တာနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ စတင်လာမှာဖြစ်ပါတယ်။ တည်ဆောက်ရေးစတင်တာနဲ့ မြို့ပြ Master Plan လိုလာမှာ ဖြစ်ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောကြားထားပါသည်။
စီမံကိန်းစတင်ရန် ပြီးခဲ့သည့် လွှတ်တော်က သဘော တူညီထားပြီး ဒေသခံများ၏ သဘောထားလည်း ကောက်ခံထားသည်ဟု ဆိုပါသည်။
ယခုစီမံကိန်းသည် အကြမ်းဖျင်းအားဖြင့် ကန်ဒေါ်လာ ငါးဘီ လီယံကုန်ကျမည်ဖြစ်ပြီး စီမံကိန်း တစ်ခုလုံးအတွက် အစိုးရက တစ်ပြားတစ်ချပ်မျှ အကြွေးယူမည်မဟုတ်ကြောင်းနှင့် လုပ်ငန်းရှင်များအတွက် ဘဏ်တွင် ချေးငွေအာမခံပေးသော်လည်း ပြဿနာဖြစ်ပါက တိုင်းအစိုးရ လုံးဝပြန်ဆပ်ရန်မလိုကြောင်းလည်း NYDC (ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ အမှုဆောင်အရာရှိချုပ်) ဦးသိမ်းဝေက ပြောကြားထားပါသည်။
မကြာမီ တည်ဆောက်ရေးလုပ်ငန်းများ၌ တရုတ် CCCC ကုမ္ပဏီနှင့် တည်ဆောက်ရာတွင် လုပ်ငန်း ခြောက်ခုအတွက် ကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံရှိပါသည်။ ထိုထဲတွင် အစိုးရက မြေယာတန်ဖိုး ၈ ရာခိုင်နှုန်းစိုက်ထည့်ထားပြီး ကုမ္ပဏီက ၉၂ ရာခိုင်နှုန်း ငွေကြေးစိုက်ထုတ်မည်ဟု ဦးသိမ်းဝေက ဆိုပါသည်။ သို့သော် အစိုးရ ၂၅ ရာခိုင်နှုန်းနှင့် ကုမ္ပဏီ ရှယ်ယာ ၇၅ ရာခိုင်နှုန်းအထိ ညှိနှိုင်းထားသည်ဟုဆိုသည်။ ထို ၂၅ ရာခိုင်နှုန်းမှာ ၁၅ နှစ်အတွင်း အမြတ်ငွေ ကန်ဒေါ်လာ သန်း ၄၅၀ ခန့် ရမည်ဟု ဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ မြေဧက ၂၀,၀၀၀ ကျော်တွင် အကောင်အထည်ဖော်ရန် စီစဉ်နေခြင်း ဖြစ်ပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ