By Sint Sint, Shweproperty.com
Updated at 22 October 2020
ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့် လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်နိုင်ပြီဟု ရန်ကုန်မြို့သစ်ဖွံ့ဖြိုး ရေးကုမ္ပဏီ(NYDC) အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။
ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် လုပ်ငန်းစဉ်များ အကောင်အ ထည်ဖော်ရန် ယှဉ်ပြိုင်တင်ဒါတင်သွင်းရန် စိတ်ဝင်စားသည့်ကုမ္ပဏီများ အဆိုပြုလွှာတင်သွင်းရေးကို အောက်တိုဘာ ၁၅ ရက်တွင် Swiss Challenge တင်ဒါကော်မတီက ဖိတ်ခေါ်ခဲ့သည်။
‘‘ကော်မတီရဲ့ ရည်ရွယ်ချက်ကတော့ စနစ်ကျပြီး ပွင့်လင်းမြင်သာတဲ့ Swiss Challenge လုပ်ငန်းစဉ်ကို ဖော်ဆောင်နိုင်ရုံသာမက ပုဂ္ဂလိကကဏ္ဍက ပိုမိုပါဝင်နိုင်ပြီး ယှဉ်ပြိုင်မှုကိုအားပေးဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့်Swiss Challenge တင်ဒါလုပ်ငန်းစဉ်ကို ကြီးကြပ်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအကြံပေးလုပ်ငန်းအဖွဲ့ဖြစ်တဲ့ Roland Berger ကို ခန့်အပ်ခဲ့ပြီး ဖြစ်ပါတယ်’’ဟု ဦးသိမ်းဝေက ဆိုသည်။
Swiss Challenge တင်ဒါကော်မတီတွင် ကော်မတီဝင်ငါးဦးပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့ပါဝင်သည်။
အဆိုပါစိတ်ဝင်စားမှုဖော်ပြ လွှာသည် ပထမအဆင့်ဖြစ်ပြီး စိတ်ဝင်စားသည့် ကုမ္ပဏီများ သည် အောက်တိုဘာ ၂၂ ရက် တွင် တင်သွင်းရမည်ဖြစ်သည်။
ရန်ကုန်မြို့သစ်၏ စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက်တရုတ်CCCC ကုမ္ပဏီ၏ ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) တင်သွင်းမှုကို ကြီးကြပ်ရန် ဂျာမနီအခြေစိုက် Roland Berger ကုမ္ပဏီကို အကြံပေးအဖြစ် မြန်မာအစိုးရက ပြီးခဲ့သည့် စက်တင်ဘာတွင် ငှားရမ်းခဲ့သည်။
ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင်ပါဝင်သည့် လုပ်ငန်းစီမံကိန်းများ အနက် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများကို ဦးစွာအကောင်အထည်ဖော်ဆောင်ရွက် ရန် အစိုးရဘက်က စီစဉ်ခြင်းဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင် အစိုးရလက်ထက်တွင် စတင်ခဲ့သည့် မြေနေရာရှိ မြေဧက ၂၀,၀၀၀ တွင် ပထမအဆင့် စတင်အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
နောက်ဆုံးရ သတင်းများ
SHWEPROPERTY ၏ တတိယအကြိမ်မြောက် အွန်လိုင်းအိမ်ခြံမြေအရောင်းပြပွဲအောင်မြင်စွာကျင်းပ၊ အခန်းပေါင်း ၄၀ ရောင်းချနိုင်ခဲ့
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တရုတ်ကုမ္ပဏီနှင့် ယှဉ်ပြိုင် တင်ဒါသွင်းမည့်ကုမ္ပဏီများကို ဖိတ်ခေါ်
ဆိုလာစနစ်သုံးအိမ်ခြေလေးသိန်းကျော်ပြုပြင်ထိန်းသိမ်းရေးကို ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်မည်
ဟံသာဝတီ လေဆိပ်စီမံကိန်း ပထမအဆင့် ပြီးဆုံးပါက တစ်နှစ်လျှင် ခရီးသည် (၈) သန်း ဝန်ဆောင်မှုပေးနိုင်မည်
Credit : 7Day News
Photo Credit : Mizzimaburmese
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ