By 7Day Daily, Shweproperty.com
Updated at 11 March 2019
ရန်ကုန်မြို့သစ် ပထမ အဆင့် အခြေခံအဆောက်အအုံ လုပ်ငန်းများ တင်ဒါခေါ်ရာတွင် ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့် ဖြူးရေးလုပ်ငန်းလုပ်ကိုင်လိုသည့် ကုမ္ပဏီအရေအတွက်အများဆုံး ဖြစ်သည်ဟု ရန်ကုန်မြို့သစ်ဖွံ့ ဖြိုးရေးကုမ္ပဏီ (NYDC)က မတ် လ ၈ ရက်တွင် သတင်းထုတ်ပြန် သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီက တင်ဒါခေါ်ခဲ့သည့် ရန်ကုန်မြို့သစ် ပထမအဆင့် အခြေခံအဆောက် အအုံတည်ဆောက်ရေးလုပ်ငန်း ခြောက်ခုကို မြန်မာ အပါအဝင် နိုင်ငံ ၁၃ ခုမှ စီးပွားရေးလုပ်ငန်း ၄၅ ခုက လုပ်ငန်း ၇၇ ခုကို တင်ပြ ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တင်ဒါတင်သွင်းသည့် နိုင်ငံ များမှာ မြန်မာ၊ အိန္ဒိယ၊ ဖင်လန်၊ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ အီတလီ၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး ကုမ္ပဏီ ၄၅ ခုက အချို့လုပ်ငန်းများကို ကဏ္ဍတစ်ခုထက် ပိုမိုတင်ပြသည် များလည်း ရှိသည်ဟုဆိုသည်။
ပထမအဆင့် လုပ်ငန်း ခြောက်ခုတွင် ဓာတ်အားထုတ် လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကို ကုမ္ပ ဏီ ၂၀၊ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကို ခုနစ်ခု၊ ဆိုက်ဘာ ဆက်သွယ်ရေး အခြေခံအ ဆောက်အအုံများကို ၁၃ ခု၊ ရေဆိုး သန့်စင်ရေးစနစ်လုပ်ငန်းများကို ၁၅ ခု၊ သဘာဝဓာတ်ငွေ့ထောက် ပံ့ရေးနှင့် ဖြန့်ဖြူးရေး ၁၄ ခုနှင့် ကွန်ဗင်းရှင်းစင်တာကို ရှစ်ခုတို့က လုပ်ငန်းလုပ်ကိုင်လိုကြောင်း စိတ် ဝင်စားမှုဖော်ပြလွှာ(EOI)တင်ပြသည်ဟုဆိုသည်။
တင်ပြကြသည့် လုပ်ငန်း ၄၅ ခုတွင် ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်မည့် Public-Private-Partnership (PPP)စနစ်ဖြင့် တည်ဆောက်မည်ဟု ကုမ္ပဏီ ၄၁ ခုက တင်ပြပြီး ကုမ္ပဏီလေးခုက ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်တာအဖြစ် တည်ဆောက် မည်ဟု တင်ပြလာကြောင်း ဆို သည်။
NYDC က PPP စနစ်ဖြင့် တင်ပြလာသည့် ကုမ္ပဏီများ သာ ဒီဇိုင်းဆွဲခြင်း၊ ရင်းနှီးမြှုပ်နှံ ခြင်း၊ တည်ဆောက်ခြင်း၊ စီမံလုပ်ကိုင်ခြင်းတို့ ဆောင်ရွက်မည်ဖြစ် ပြီး မကြာမီ ကုမ္ပဏီများနှင့်ဆက် သွယ်ဆောင်ရွက်မည်ဟု NYDC က ဆိုသည်။
ဆောက်လုပ်ရေးကန်ထ ရိုက်တာလုပ်ကိုင်လိုသည့် ကုမ္ပဏီများသည် အနာဂတ်တွင် စီမံကိန်း များကို ဦးဆောင်လုပ်ကိုင်မည့် အဖွဲ့အစည်းများ၌ လုပ်ငန်းများ တောင်းခံရမည်ဟုဆိုသည်။ ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန် မြို့ တစ်ဖက်ကမ်းရှိ မြေဧက ၂၀,၀၀၀ ကျော်တွင် အကောင်အ ထည်အထည်ဖော်ရန် စီစဉ်နေ သည်။
မြို့သစ်တည်ဆောက်မည့် မြေနေရာတွင် ပါဝင်သည့် ကြည့် မြင်တိုင်မြို့နယ်၊ ဝါးရုံဆိပ်ကျေး ရွာမှ ဦးနိုင်နိုင်ထွန်းက ‘‘မြို့သစ် စီမံကိန်းကို မြန်မြန်စချင်နေပါပြီ။ ဒီမှာက မြစ်တစ်ဖက်ကမ်းက လူ တွေနဲ့ လူနေမှုအရမ်းကွာလွန်းနေ တယ်။ ဒီဘက်က လယ်တွေလည်း ရေငန်ဝင်တာနဲ့ စိုက်လို့ပျိုးလို့ မ ကောင်းဘူး။ ဒါကြောင့် မြန်မြန် လေးစချင်ပါတယ်’’ဟု ဆိုသည်။
ရန်ကုန်မြို့သစ် စီမံကိန်း တွင် တရုတ် CCCC ကုမ္ပဏီနှင့် ကနဦးသဘောတူထားချက်များ အရ ၂၈ စတုရန်းကီလိုမီတာ (ဧက ၇,၀၀၀ ခန့်)တွင် ကန်ဒေါ် လာ ၁ ဒသမ ၆ ဘီလီယံတန်လုပ် ငန်းခြောက်ခုကို တည်ဆောက် မည်ဟု NYDC က ဆိုသည်။
၎င်းတို့တွင် ကြည့်မြင်တိုင်မှ ရန်ကုန်မြို့သစ်သို့ ဆက်သွယ် မည့် ခြောက်လမ်းသွားတံတား၊ လှိုင်သာယာမှ ဆက်သွယ်ထား သည့် နှစ်လမ်းသွားတံတားကို လေးလမ်းသွားအဖြစ် အဆင့်မြှင့် တင်ခြင်း၊ ၂၆ ကီလိုမီတာ (၁၆ မိုင်)ရှိသည့် မြို့သစ်လမ်းမကြီး များ၊ ရွာများစုစည်းပေးမည့် ဧက ၄,၂၀၀ ကျော်ရှိမည့် ရွာမြို့ငါးခု၊ ဧက ၃,၂၀၀ ရှိ စက်မှုဇုန်မြေနေ ရာ၊ ရေသန့်နှင့် ရေဆိုးစနစ်များ ပါဝင်မည်ဖြစ်သည်။
Ref & Photo Credit : 7Day Daily
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ