By Myanmar Builders Guide, Shweproperty.com
Updated at 30 October 2018
ရန်ကုန်မြို့သစ်စီမံကိန်း စီမံကွပ်ကဲရုံးကို ၂ဝ၁၉ ခုနှစ်ဖေဖော်ဝါရီလတွင် အပြီးတည်ဆောက်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်အမှုဆောင်အရာရှိချုပ် ထံမှ သိရသည်။
အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် စီမံကွပ်ကဲမည့် Site Office သည် အရေးကြီးသည့်အတွက် အမြန်တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ယင်းစီမံကိန်းရုံးကို ရန်ကုန်တိုင်းဒေသကြီးတွံတေးမြို့နယ်ရှိ ပန်းလှိုင်တံတားအဆင်းနေရာတွင် တည်ဆောက်နေခြင်းဖြစ်ပြီးပြီးခဲ့သည့် ဇွန်လအတွင်းက Site Office တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် လိုင်စင်ရ ဆောက်လုပ်ရေးကုမ္ပဏီများထံ အိတ်ဖွင့်တင်ဒါခေါ်ယူရာတွင် မြေ၊သဲဖို့ခြင်းလုပ်ငန်း နှင့် အင်ဂျင်နီယာဆိုင်ရာ မြေပြင်လမ်းခင်းခြင်းလုပ်ငန်း၊ကားပါကင်ခင်းခြင်းလုပ်ငန်းများနှင့် ရေမြောင်းများ ဖောက်လုပ်ခြင်း လုပ်ငန်းများကို San Htun & Mg Mg Lay Company မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ခြံဂိတ်တည်ဆောက်ခြင်း၊အဆောက်အအုံတည်ဆောက်ခြင်း နှင့် မိလ္လာစနစ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို MS Engineering Group မှတာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး မိုးကြိုးလွှဲတည်ဆောက်ခြင်း၊MEP ရေးဆွဲခြင်းလုပ်ငန်းများကို KKKA Engineering Supplyကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်၊
စီမံကိန်းMaster Plan နှင့် ဒီဇိုင်းကို ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ မြို့ပြစီမံခန့်ခွဲမှုအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် Oriental Consultants Japan နှင့် AECOM Singapore တို့ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်ပြီး မကြာမီ အများပြည်သူသို့ ချပြမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိစီမံကွပ်ကဲရုံးတည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့သစ်စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းစဉ်များကို စီမံကွပ်ကဲမည်ဖြစ်ကြောင်း၊စီမံကွပ်ကဲမည့် ဌာနမှာ Project Management ဌာနဖြစ်ပြီး စီမံကိန်းတည်ဆောက်စဉ်ကာလတွင် နယ်နိမိတ်အတွင်းအကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ယင်းရုံးသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊တွံတေးနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့တွင် အပိုင်းနှစ်ပိုင်းခွဲ၍ အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။
စီမံကိန်းအပိုင်း(၁)တွင် မြေဧကပေါင်း ၂ဝဝဝဝ ကျော်ပါဝင်ပြီး စီမံကိန်း ကနဦး အဆင့်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် ၁ဝ ဘီလီယံ မ,တည်ထားကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builder Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ