By 7daydaily, Shweproperty.com
Updated at 13 July 2015
ရန်ကုန်မြို့သစ်စီမံကိန်း တည်ထောင်ရန် တည်ထောင်လိုသူ နိုင်ငံသားပိုင်ကုမ္ပဏီများ အဆိုပြုလွှာ စတင်လျှောက်ထားနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကဇူလိုင်၁၂ရက်တွင်နိုင်ငံပိုင်သတင်းစာ၌ ကြေညာ ချက် ထုတ်ပြန်ထားသည်။
အဆိုပြုတင်ဒါလျှောက်လွှာ များကို ဇူလိုင် ၂၁ ရက် နောက်ဆုံး ထားကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ရုံးချိန်အတွင်း တစ်စုံလျှင် ကျပ်ငါးသောင်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး လာမည့် သြဂုတ်လ၁၈ရက် နောက်ဆုံး လျှောက်လွှာတင်သွင်းရမည် ဖြစ် သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့အနောက်ဘက် ပန်း လှိုင်မြစ်နှင့် တွံတေးတူးမြောင်း ကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေးကားလမ်းအကြားတွင် တည်ထောင်မည်ဖြစ်ပြီး ပြီးခဲ့ သည့် ဇွန်လ ၁၅ ရက်က ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်၌ စီမံကိန်းကို အတည်ပြုခဲ့ခြင်းဖြစ် သည်။
အဆိုပါ ရန်ကုန်မြို့သစ်စီမံ ကိန်းကို ၂၀၁၄ သြဂုတ်ကတည်း က ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် က စတင်ကြေညာခဲ့ပြီး ထိုစဉ်က စီမံကိန်းတည်ဆောက်ရန် မြန်မာ့ စေတနာမြို့သစ် အများပိုင် လီမိ တက်ကို ရွေးချယ်ခဲ့ရာ ပွင့်လင်း မြင်သာစွာ ရွေးချယ်ခဲ့ခြင်းမဟုတ် ဟုဝေဖန်မှုများရှိလာခဲ့၍ စီမံကိန်း ရပ်တန့်ခဲ့ရသည်။
ယခုတစ်ကြိမ်တွင်မူ တင်ဒါ ခေါ်ယူခြင်းများ၊ တည်ထောင် မည့်ကုမ္ပဏီရွေးချယ်ခြင်းများကို ပွင့်လင်းမြင်သာစွာ စနစ်တကျ ပြုလုပ်မည်ဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦး ကျော်စိုးက ပြောသည်။
‘‘ဝေဖန်မှုတွေတော့ ရှိချင် ရှိ မှာပဲ။ ဒါပေမဲ့ အားလုံးကောင်းဖို့ အတွက် လုပ်ရမှာပဲ’’ဟု ဝန်ကြီး က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းကမူ ‘‘ဒီလောက် သက်တမ်းတိုတိုလေး ကျန်တော့တဲ့အချိန်မှာ ဒီစီမံကိန်းကို ဘာ ကြောင့် အလောတကြီး လုပ်ချင် နေလဲဆိုတာ သံသယဖြစ်စရာပဲ’’ ဟု ပြောသည်။
တည်ထောင်မည့်ကုမ္ပဏီကို ပွင့်လင်းမြင်သာစွာ ရွေးချယ်မှု ဖြစ်စေရန် တင်ဒါခေါ်ယူခြင်းလုပ် ငန်းစဉ်များနှင့် ပဏာမဖွင့်ဖောက် မည့်နေရာတွင် အနီးကပ် စောင့် ကြည့်ရန် စီစဉ်ထားကြောင်း ဒေါက်တာ ညိုညိုသင်းက ပြော သည်။
တည်ထောင်လိုသူ ကုမ္ပဏီ များသည် ကုမ္ပဏီဆိုင်ရာ အချက် အလက်များ၊ ရင်းနှီးမြှုပ်နှံမည့် ငွေကြေးအစီအစဉ်၊ နည်းပညာ အကူအညီရယူဆောင်ရွက်မည့် အစီအစဉ်၊ စီမံကိန်းအကောင်အ ထည်ဖော်မည့် အစီအစဉ်၊ ပြည် သူများအတွက် လူမှုစီးပွားဆိုင်ရာ ဆောင်ရွက်ပေးမည့် အစီအစဉ် များကို ဖော်ပြပြီး တင်ဒါအာမခံ စပေါ်ငွေ ကျပ်ငါးဘီလီယံပေး သွင်းထားသည့် ချလန်မူရင်းများ ဖြင့် အဆိုပြုလျှောက်ထားရမည် ဟု တင်ဒါခေါ်ယူသည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။
အမေရိကန်ဒေါ်လာ ရှစ်ဘီ လီယံနှင့် ကျပ်ဘီလီယံ ခုနစ် ထောင်ကျော် ရင်းနှီးမြှုပ်နှံတည် ဆောက်မည့် ရန်ကုန်မြို့သစ်စီမံ ကိန်းကို သုံးနှစ်အတွင်း ၇၀ ရာခိုင် နှုန်းပြီးစီးအောင် တည်ဆောက် မည်ဟု ကြေညာထားသည်။
လျှောက်လွှာများကို သြဂုတ်၁၈ ရက်တွင် ပဏာမ ဖွင့်ဖောက်စိစစ်မည်ဖြစ်ပြီး ထပ် မံစိစစ်ခြင်း၊ အပြီးသတ်တည်ထောင်သူ ရွေးချယ်ခြင်းများကို တင်ဒါများအပေါ် မူတည်ပြီးမှ အချိန်သတ်မှတ် မည်ဟု ဝန်ကြီးဦးကျော်စိုးက ပြောသည်။
ယခုစီမံကိန်းအပြင် ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ်၊ ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်၊ မှော်ဘီ၊ သန်လျင်၊ ဒလ၊ ထန်းတပင်နှင့် လှည်းကူးမြို့ နယ်တို့တွင် မြို့သစ်စီမံကိန်းများ အား မဟာရန်ကုန် မြို့ပြဖွွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း (၂၀၄၀)ကို လွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖြစ်သည်။
Ref : 7Daydaily Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ