ရန်ကုန်မြို့သစ်စီမံကိန်းတွင် လျှပ်စစ်မီးနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် PTT Group နှင့် IGL Consortium တို့ အား ရွေးချယ်
By BETV News, Shweproperty.com
Updated at 24 August 2019
ရန်ကုန်မြို့သစ်စီမံကိန်းတွင် လျှပ်စစ်မီးနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် PTT Group နှင့် IGL Consortium တို့ အား ရွေးချယ်
By BETV News, Shweproperty.com
Updated at 24 August 2019
ရန်ကုန်မြို့သစ်စီမံကိန်းတွင် လျှပ်စစ်မီးနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် ထိုင်းနိုင်ငံအခြေစိုက် PTT/PTTEP/GPSC တို့ ပါဝင်သည့် PTT Groupနှင့် အိန္ဒိယနိုင်ငံအခြေစိုက် Indraprastha Gas Limited and Gail Consortium (IGL Consortium) တို့ အား ရွေးချယ်ထားကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC)မှ သိရသည်။
Power Supply and Distribution ကဏ္ဍအတွက် PTT Groupနှင့် Natural Gas Supply and Distribution ကဏ္ဍအတွက် IGL Consortium ကို ရွေးချယ်ထားခြင်းဖြစ်ပြီး ယင်းကုမ္ပဏီများအနေဖြင့် NYDC Challenge တင်ဒါလုပ်ငန်းစဉ်အရ စီမံကိန်း အကြိုအဆိုပြုလွှာ (Pre Project Documents-PPD)ပြင်ဆင်ရန်အတွက် လိုအပ်သည့်အစီအစဉ်နှင့် လေ့လာမှုများ ပြုလုပ်နိုင်ရန် NYDCနှင့် ဆက်လက်ဆွေးနွေးသွားရမည်ဖြစ်သည်။
ယခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်က ရန်ကုန်မြို့သစ် ပထမအဆင့် Stage-2 အခြေခံအဆောက်အဦစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် Stage-2 အခြေခံအဆောက်အဦစီမံကိန်းများဖြစ်သည့် (၁) Power Supply and Distribution ၊ (၂) Naturall Gas Supply and Distribution (၃) Cyber Connectivity (၄) Public Transport (၅) Waste Managementနှင့် (၆) Convention Center တို့အတွက် လုပ်ငန်းဆောင်ရွက်လိုမှု အဆိုပြုလွှာ (Expression of Interest) ကို ကြေညာခဲ့သည်။