By သတင်းဇုန်, Shweproperty.com
Updated at 11 December 2018
ရန်ကုန်မြို့သစ်စီမံ ကိန်းမဟာဗျူဟာ(Master Plan) ပထမအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကို ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက် ရေးကုမ္ပဏီ ဒုတိယဥက္ကဋ္ဌနှင့် အ မှုဆောင်အရာရှိချုပ် ဦးသိမ်းေ၀ ရှယ်ယာပိုင်ဆိုင်သည့် Dulwich ကောလိပ်တွင် ဒီဇင်ဘာ ၈ ရက် ကပြုလုပ်ခဲ့သည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း နှင့် ဗိသုကာပညာရှင်များအသင်း မှ ပညာရှင်များထံမှ အကြံဉာဏ် ရယူခြင်းဖြစ်သည်ဟု ဦးသိမ်းေ၀ ကပြောသည်။
ဆွေးနွေးပွဲတွင် စင်ကာပူ AECOM ကုမ္ပဏီလီမိတက်က Master Plan ပထမအဆင့်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန် သည်။
နေရာ အကန့်အသတ် ကြောင့် ဆွေးနွေးပွဲကို လူအနည်း ငယ်သာ ဖိတ်ကြားသည်ဟု NYDC အမှုဆောင်အရာရှိချုပ်ဦးသိမ်းဝေကဆိုသည်။ရန်ကုန်မြို့ သစ်စီမံကိန်း၏ မဟာဗျူဟာ ဒုတိယအပိုင်း လာမည့် ဇန်နဝါရီတွင် ပြီးဆုံး မည်ဟု NYDC က ကြေညာထားသည်။
ရန်ကုန်မြို့သစ် စီမံကိန်း တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများအ ပြင် ဟောင်ကောင်လုပ်ငန်းရှင် များကလည်း စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း လာ ရောက်လုပ်ကိုင်ရန် စိတ်ဝင်စား နေပြီး ကုန်ထုတ်လုပ်သည့်စက်ရုံ များကို မြန်မာနိုင်ငံသို့ ပြောင်း ရွှေ့ရန် စိတ်အားထက်သန်နေ သည့် ဟောင်ကောင်လုပ်ငန်းရှင် များရှိသည်ဟု ဦးသိမ်းဝေကဆိုသည်။
လက်ရှိတွင် စီမံကိန်းအ တွက် Pre - Project Document အပြီးသတ်ရေးဆွဲပြီး ဖြစ်ကာ ထိုမူကြမ်းကို တိုင်းဒေသကြီးအ စိုးရအဖွဲ့နှင့် တိုင်းဒေသကြီးရှေ့ နေချုပ်ရုံးသို့ တင်ပြမည်ဖြစ်သည်။
ရန်ကုန်မြို့သစ် စတင်ရာ တွင် တင်ဒါစတင်ခေါ်မည့်လုပ် ငန်းများသည် ကြည့်မြင်တိုင်မှ ရန်ကုန်မြို့သစ်သို့ ဆက်သွယ် မည့် ခြောက်လမ်းသွားတံတား၊ လှိုင်သာယာမှဆက်သွယ်ထား သည့် နှစ်လမ်းသွားတံတားကို လေးလမ်းသွားအဖြစ် အဆင့်မြှင့် တင်ခြင်း၊ ၂၆ ကီလိုမီတာ (၁၆ မိုင်) ရှိသည့် မြို့သစ်လမ်းမကြီး များ၊ ရွာများစုစည်းပေးမည့် ဧက ၄,၂၀၀ ကျော်ရှိရွာမြို့ငါးခု၊ ဧက ၃,၂၀၀ ရှိ စက်မှုဇုန်မြေနေရာ၊ ရေသန့်နှင့် ရေဆိုးစနစ်များပါဝင် မည်ဖြစ်သည်။
ထို့အပြင် တိုးမြစ်အနီးမြို့ သစ်နှင့် ၃၂ ကီလိုမီတာအကွာ တွင် တည်ဆောက်မည့် ရေပေး ဝေရေးပင်မအဆောက်အအုံနှင့် အဓိကရေဖြန့်ဝေရေးပိုက်လိုင်း များနှင့် လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးကွန်ရက်တို့တည်ဆောက်ရန် တင်ဒါခေါ်ယူမည်ဟု ဖော်ပြထား သည်။
ရန်ကုန်မြို့သစ် စီမံကိန်း တစ်ခုလုံးကို လေ့လာဆန်းစစ်ရန် တရုတ် CCCC ကုမ္ပဏီနှင့် ရန်ကုန်တိုင်းအစိုးရတို့ ပဏာမမူ ဘောင်သဘောတူညီမှု စာချုပ် (Framework Agreement) ကို ဧပြီ ၃၀ ရက်တွင်လက်မှတ်ရေး ထိုးခဲ့သည်။
Ref : သတင်းဇုန်
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ