By 7daydaily, Shweproperty.com
Updated at 22 August 2016
ရန်ကုန်မြို့သစ်စီမံကိန်း ကို အရှေ့ဒဂုံမြို့နယ် လေးထောင့်ကန်အနီးရှိ လယ်မြေဧက ၁၇,၀၀၀ ကျော်တွင် အကောင်အ ထည်ဖော်ရန် မြို့ပြစီမံကိန်းပညာ ရှင်များက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အကြံပြုထား ကြောင်း သတင်းရရှိသည်။
သြဂုတ် ၁၉ ရက်က ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ပုလဲ ခန်းမတွင် ပြုလုပ်သော ရန်ကုန် မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ မြို့ပြစီမံကိန်း ကျွမ်းကျင်ပညာရှင် များ၊ စီးပွားရေးလုပ်ငန်းရှင်များပါ ဝင်သည့် ဆွေးနွေးပွဲတွင် မြို့ပြစီမံ ကိန်း ပညာရှင်များက ထိုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ဦးစားပေးမြို့သစ်စီမံကိန်းကို အ ရှေ့ဒဂုံမြို့နယ်ပြီးပါက သန်လျင် ကုလားဝဲ တံတားအနီး မြေနေရာ၊ ဒလမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ် ကြား မြေနေရာ၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၌ မြို့သစ်စီမံကိန်း များကို ဦးစားပေး အကောင်အ ထည်ဖော်ရန် မြို့ပြစီမံကိန်းပညာ ရှင်များက အကြံပြုခဲ့ကြောင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်က ဆိုသည်။
‘‘လေးထောင့်ကန်ဘက်က အမှတ်(၂) လမ်းမကြီးနဲ့လည်း နီး တယ်။ ရန်ကုန်-မန္တလေး ရထား လမ်းနဲ့လည်းနီးတဲ့အတွက် အဲဒီနေရာကို မြို့သစ်စီမံကိန်းလုပ်ဖို့ ဦးစားပေးချင်တယ်လို့ တင်ပြကြတယ်’’ ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တွံတေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောကြားသည်။
ပညာရှင်များ၏ အကြံပြု တင်ပြချက်များကို ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီက မှတ်တမ်းရယူထားပြီး အ ကောင် အထည်ဖော်နိုင်ရန်သင့်၊ မသင့်ကို သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် မြို့နယ်များတွင် ဆွေးနွေး မှုများပြုလုပ်ပြီးမှသာ ဆုံးဖြတ်နိုင် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင်အစိုးရလက်ထက်က စီမံခဲ့ သည့် နေရာများတွင်သာ လုပ် ဆောင်မည်ဖြစ်သော်လည်း စီမံ ကိန်းကိုမူ ပြန်လည်အဆင့်မြှင့် ရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော်တွင် တရားဝင် ပြောကြားထားပြီးဖြစ် သည်။
ထို့ပြင် ဝန်ကြီးချုပ်၏ မဲဆန္ဒ နယ်ဖြစ်သော လှည်းကူးဒေသမှ စတင်ကာ ရန်ကုန်မြို့သစ်စီမံ ကိန်း စတင်မည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် နာမည်ကြီးနေသည့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ စီမံကိန်းမှာ တဖြည်းဖြည်း အကောင်အထည်ဖော်လာနိုင်ဖွယ်ရှိကြောင်း ရင်းနှီးမြှုပ်နှံသူများက ထင်ကြေးပေး ပြောဆိုနေကြသည်။
Ref : 7daydaily
Photo Credit : panoramio
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ