By Myanmar Builders Guide, Shweproperty.com
Updated at 5 July 2019
ယခုဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ကိုးထပ်နှင့်အထက် အဆောက်အအုံ ၁ဝ ခုသာ ဆောက်လုပ်ခွင့်ပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ နှစ်တွင် ခွင့်ပြုပေးခဲ့သည့် မြို့နယ်များမှာ ဗိုလ်တထောင်၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ သာကေတ၊ မရမ်းကုန်း၊လှိုင်နှင့် သန်လျင်မြို့နယ်တို့ ဖြစ်ပြီး အထပ် မြင့် အဆောက်အအုံ တည်ဆောက်မှုကို သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှသာ ခွင့်ပြုပေးခြင်းဖြစ်သည်။
ယင်းကဲ့သို့ခွင့်ပြုပေးရာတွင် သာကေတမြို့နယ်ရှိ ရှုခင်းသာမြို့ပတ်လမ်း၌ တည်ဆောက်မည့် အဆင့်မြင့်အိမ်ရာ စီမံကိန်းကို ၃၂ ထပ်အထိ ခွင့်ပြုပေးခဲ့ပြီး ညွှန်ကြားချက်များအတိုင်းသာ တည်ဆောက်ရမည်ဖြစ်သည်။ ယခုနောက်ပိုင်း အဆောက်အအုံများ တည်ဆောက်ရာတွင် လုံခြုံရေးကို အဓိကထား တည်ဆောက်ရန်နှင့် ငလျင်ဒဏ်နှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် လမ်းညွှန်ချက်များလည်းပါဝင်ပြီး သတ်မှတ်ထားသည့်အတိုင်း တည်ဆောက်မှု မရှိပါက အရေးယူမည်ဖြစ်သည်။
လက်ရှိခွင့်ပြုပေးထားသည့် အဆောက်အအုံများတွင် အမြင့်ဆုံး ၃၂ ထပ်အထိသာ ပါဝင်ပြီး ဟိုတယ်၊ ရုံးခန်းနှင့် အဆင့်မြင့် လူနေအိမ်ရာများ ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း အထပ်မြင့် အဆောက်အအုံ တည်ဆောက်ခွင့် မပြုသည့်နေရာများကိုလည်း သတ်မှတ်ပေးထားပြီး ဖြစ်သည်။
တည်ဆောက်နိုင်သည့် နေရာများ၌ လျှောက်ထားလာသည့် အခြေအနေများကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း လျှောက်ထားမှုနည်းသော်လည်း လာမည့်ပွင့်လင်းရာသီတွင် အထပ်မြင့် အဆောက်အအုံ တည်ဆောက်မှုများလာနိုင်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ