By PPT, Shweproperty.com
Updated at 3 June 2014
ယခု နှစ်ဆန်းပိုင်းမှစတင်ကာ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ရုံးခန်းအငှားဈေးကွက်ယခင်ကထက် ပိုသွက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများထံမှ သိရသည်။
ယင်းကဲ့သို့ ရုံးခန်းအငှားဈေးကွက်မြှင့်တက်လာခြင်းမှာ နိုင်ငံတကာစီးပွားရေး လုပ်ငန်းများမှ ပြည်တွင်း ၌ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ကုမ္ပဏီရုံးခန်းများ လာရောက်ဖွင့်လှစ်ခြင်းများကြောင့် ကွန်ဒိုခန်းများအပြင် အသင့်ရုံးခန်းဖွင့်နိုင် သည့် တိုက်ခန်းများပါ ငှားရမ်းမှုများရှိနေကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ရွှေလင်းအိမ် အိမ်ခြံမြေလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူက “အဆင့်မြင့်အိမ်ရာတွေနဲ့ကွန်ဒိုလိုမျိုး အခန်းတွေက ရုံးခန်းဖွင့်လို့အဆင်ပြေတယ်။ အဓိကကတော့ ကွန်ဒိုခန်းတွေကို ရုံးခန်းဖွင့်ဖို့ အငှားတွေရှိလာတယ် “ ဟုပြောသည်။
ယခင်က နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် လုံးချင်းငှားရမ်း ၍ ရုံးခန်းဖွင့်လှစ်ခြင်းများရှိ ပြီးယခုအခါ အချက်အချာကျသည့် နေရာများတွင် ကွန်ဒိုအခန်းများ ဆောက်လုပ်ခြင်းများရှိလာခြင်းကြောင့် ရုံးခန်းသီးသန့်ငှားရမ်း သည့်နေရာများပေါ်ပေါက်လာသည့် အတွက် မြို့တွင်းနှင့် အချက်အချာကျသည့် နေရာများတွင်သာ အငှားအဓိက ရှိကြောင်းသိရသည်။
မိုးလွင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးချိုက “ ရုံးခန်းဖွင့်ဖို့အတွက် ငှားရမ်းကြတာတွေ များလာတယ်။ ပြည်တွင်းကုမ္ပဏီတွေကတော့ တိုက်ခန်းလောက်ပဲ ငှားဖွင့်တာများတယ်၊ နိုင်ငံခြားကုမ္ပဏီတွေကတော့ ကွန်ဒိုအခန်း များများပါတာကို ရုံးခန်းဖွင့်ကြတယ် “ ဟုပြောသည်။
မြို့တွင်း ၌ န်ုင်ငံတကာအဆင့်မီ ရုံးခန်းဖွင့်လှစ်နိုင်ရန် တည်ဆောက်ထားသည့် နေရာများတွင် စတုရန်းပေနှင့်တွက်ကာ ဒေါ်လာဖြင့် အခန်းငှားရမ်း ယူခြင်းများရှိပြီး မြို့တွင်းရှိ ကွန်ဒိုတိုက်ခန်း ဈေးနှုန်းများမှာ ဓာတ်လှေကားပါအခန်းများ အနေဖြင့်ကျပ်နှစ်သိန်းမှ ကျပ်လေးသိန်းကြား ပေါက်ဈေးရှိပြီး အခန်းကျယ်နှင့် ပရိဘောဂစုံလင်ပါက ကျပ်ရှစ်သိန်းဝန်းကျင်ခန့် ဈေးနှုန်းရှိကာ မြို့နယ်နှင့် အချက်အချာကျသည့် နေရာပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း သိရသည်။
Ref : Democracy Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ