By တင်ရတနာထွန်း, Shweproperty.com
Updated at 2 July 2014
ရန်ကုန်မြို့၏ မြို့စွန်နေရာများရှိ မြေကွက် များကို ဝယ်ယူလိုသူအများအပြားရှိနေ သော်လည်း ရောင်းသူမရှိဖြစ်နေကာ ဈေးနှုန်းများမှာလည်း ပါးစပ်အခေါ်ဈေး များဖြင့် တစ်နေ့တခြား ပိုမိုမြင့်တက် လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"ရန်ကုန်မှာ မြေပိုင်ရှင်တွေက ကန်ထရိုက်တိုက်တွေဆောက်လာကြတော့ မြေကွက်တွေ တစ်နေ့ ထက်တစ်နေ့ ရှားလာတယ်။ အရမ်းစည်တဲ့နေရာမှာဆို မြေကွက်တွေမရှိတော့ဘူး။ မစည်သေးတဲ့ မြို့နယ်တွေမှာလည်း မြေကွက်တွေကို ငွေကြေးတတ်နိုင်သူတွေက ဝယ်ထားကြတော့ မြေကွက် တွေကို ပြန်ရောင်းမယ့်သူမရှိဘဲ အရောင်းအဝယ်အေးနေပေမယ့် ပါးစပ်အပြောဈေးတွေက တစ်နေ့ ထက်တစ်နေ့ ပိုတက်လာတယ်"ဟု အိမ်ခြံမြေအကျိုးဆောင် ကိုထူးမြတ်က ပြောသည်။
လှည်းကူးမြို့နယ်နှင့် ထောက်ကြန့် တို့တွင် ရန်ကုန်အိမ်ခြံမြေဈေးများ စတင် လှုပ်ခတ်သည့် အချိန် ကစတင်၍ မြေကွက် များကို ဝယ်ယူချင်သူများသာရှိခဲ့ပြီး ပြန်လည် ရောင်းမည့်သူ မရှိခဲ့ကြောင်း ၎င်းက ပြောသည်။
"လှည်းကူးနဲ့ ထောက်ကြန့်က မြေကွက် တွေ ရန်ကုန်မြေဈေးတွေစတက်ပြီးဆိုတဲ့အချိန်က အရမ်း အဝယ်လိုက်ခဲ့ပြီး နောက်ပိုင်းဝယ်ချင်တဲ့သူတွေ အများကြီးရှိလာတာ တောင် ရောင်းမယ့်သူမရှိဖြစ် နေတယ်။ တချို့ လူတွေကတော့ မြေဈေးတွေကအချိန်ကြာ ရင် ထပ်တက်မယ်ဆိုပြီး မရောင်းတော့ ဘူး။ ဒါ့ပြင် မြေဈေးတွေက သူတို့ပါးစပ်ပြောဈေး မှာကို တစ်နေ့တခြားဈေးပိုတက်လာတယ်။ တကယ် ရောင်းရင် အဲဒီဈေးပေါက်မပေါက်တော့ မသိဘူး။ နေရာမစည်ကားတဲ့နေရာတောင် မြေဈေးပြော လိုက်ရင် ဈေးတွေက ခေါင်ခိုက်နေတယ်"ဟု ၎င်းကပြောသည်။
"ထောက်ကြန့်မှာ မြေဈေးတွေထပ်တက် မှရောင်းမယ်ဆိုပြီး ဈေးအတက်ကိုစောင့်နေတယ်"ဟု မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တွင်နေထိုင်သူတစ်ဦးက ပြောသည်။ ဂရန်ရှိသော မြေကွက်များမှာ ပိုင်ဆိုင်မှု ပိုသေချာသော်လည်း ဝယ်ရောင်းလုပ်သူ များက ဂရန်မရှိသေးသော မြို့စွန်က စလစ်မြေ များ၊ ပါမစ်မြေများကို ဝယ်ယူကာ ပြန်လည်ရောင်းချမှုများ ပိုမိုပြုလုပ်လာကြ ကြောင်းအကျိုးဆောင် များကပြောသည်။
"ဂရန်ရှိတဲ့မြေက ဈေးတွေ သိသိသာသာ တက်လာတော့ ဝယ်ရောင်းအများစုက ဂရန်မရှိသေးတဲ့ မြေကစပြီး စတင် ရင်းနှီးမြှုပ်နှံလာကြတယ်။ နေရာစည်လာရင်လည်း ဈေးက တစ်ဟုန်ထိုးတက် သွား နိုင်လို့ ဝယ်ရောင်းတွေက အဲဒီလို ပိုလုပ်လာကြတယ်"ဟု ကိုထူးမြတ်က ပြောသည်။
Ref : MM TIMES
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ