By The Voice Daily, Shweproperty.com
Updated at 22 May 2015
ရန်ကုန်မြို့တော်ရှိ ဝင်ကြေးအခမဲ့ပန်းခြံများအပါအဝင် ပန်းခြံပေါင်း (၆၃) ခုအထိ မေလပထမပတ်မှ စတင်ကာ အဆင့်မြှင့်ပြင်ဆင်မှုများ ဆောင်ရွတ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါပန်းခြံ အဆင့်မြှင့်ပြင်ဆင်မှုတွင် အသေးစိတ်ပြင်ဆင်ရန် လိုအပ်သော ပန်းခြံ (၅) ခုကို ယခုဘဏ္ဍာနှစ်မှ စတင်ကာ အကြီးစားပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ကျန်ရှိသောပန်းခြံများကို လိုအပ်သည့်အပိုင်းများကိုသာ အသေးစားပြင်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“အကြီးစားပြင်တဲ့ ပန်းခြံတွေကတော့ မြေသားကအစ ပြန်ညှိနေတယ်၊ အသေးစားလုပ်တဲ့ ပန်းခြံတွေမှာ ဆိုရင်တော့ အဓိကလျှောက်လမ်းတွေခင်းတယ်၊ မြက်ခင်းပြန်ဖော်တယ်။ တချို့ပန်းခြံတွေဆိုရင် ရေပန်းလေးတွေနဲ့ အားကစားကွင်းငယ်တွေ ထည့်တာမျိုးရှိတယ်။ အချောသတ်လုပ်ငန်းပိုင်းတွေ ကျန်သေးတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အကြီးစားပြင်ဆင်လျက်ရှိသည့် ပန်းခြံများမှာ မြောက်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာသီရိပန်းခြံနှင့် ရွှေပေါက်ကံပန်းခြံ၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပန်းခြံ၊ သာကေတမြို့နယ်ရှိ မြကံသာပန်းခြံ နှင့် ပုဇွန်တောင်မြို့နယ်ရှိ ဇေယျာပန်းခြံတို့ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ် နှင့် အားကစားကွင်းများ ဌာနထံမှ သိရှိရသည်။
“မဟာဗန္ဓ္ဓုလပန်းခြံမှာတော့ ဘေးဘက်က မြောင်းတွေပြန်လုပ်နေတာ တွေ့တယ်။ ပန်းခြံထဲမှာက အပင်တွေအားလုံး မီးဆိုင်းတွေလုပ်ပြီးတော့ ည (၈)နာရီလောက်အထိ ဖွင့်စေချင်တယ်။ လူလည်းတော်တော် စည်ကားသွားမယ် ထင်တယ်”ဟု အကောက်ခွန်ရုံးတွင် ဝန်ထမ်းလုပ်ကိုင်နေသူ (၂၃)နှစ်အရွယ် မဝတ်ရည်က ပြောဆိုသည်။
အလားတူ အသေးစားပြင်ဆင်လျက်ရှိသော ပန်းခြံများမှာ ကန်တော်မင်္ဂလာပန်းခြံ၊ ပြည်သူ့ရင်ပြင်၊ မဟာဗန္ဓ္ဓုလပန်းခြံ နှင့် ဝင်ကြေးအခမဲ့ပန်းခြံ (၅၉) ခုလည်း ပါဝင်ကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနထံမှ သိရှိရသည်။
Ref : The Voice Daily
Posted By Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ