By Messenger, Shweproperty.com
Updated at 13 November 2015
ရန်ကုန်မြို့သို့ ကျေးလက်ဒေသများမှ ရွှေ့ပြောင်း အခြေချသူ လူဦးရေ (၆ ဒသမ ၆) ရာခိုင်နှုန်း မြင့်တက်လာပြီး၊ တစ်နှစ်လျှင် လူဦးရေ သုံးသိန်းကျော် အသားတင် ဝင်ရောက်လာကာ ရွှေ့ပြောင်း အခြေချသူ ပိုမိုမြင့်တက်လာကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းများ အသင်းထံမှ သိရသည်။
''ရန်ကုန်မြို့ရဲ့ လူဦးရေက ငါးသန်းကျော် ရှိတယ်။ တစ်နှစ် တစ်နှစ် ရန်ကုန်မြို့ကို အခြေချဖို့ ပြောင်းရွှေ့လာတဲ့ လူဦးရေက များနေတယ်။ ရန်ကုန်ကနေ အပြင်ကို ပြန်ထွက်တာက ရှစ်ပုံတစ်ပုံပဲ ပြန်ထွက်တယ်။ ရန်ကုန်ကနေ လျော့သွားတာ နည်းတယ်။
ပြောင်းလာတဲ့ လူဦးရေက အညာဘက်က လာမယ်။ မြစ်ဝကျွန်းပေါ်ကနေ လာတယ်။ မြို့ရဲ့ အလယ်ကောင်လောက်မှာပဲ လူဦးရေ ထူထပ်နေတာ ဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင်တွေကို ထပ်မံတိုးခဲျ့ဖို့ လိုအပ်ပါတယ်။
ရန်ကုန်မှာက အဆောက်အအုံတွေ အပါအဝင် မဖွံ့ဖြိုးသေးတာတွေ တော်တော် များနေတယ်'' ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း တွဲဖက် အတွင်းရေးမူး ဦးကျော်ကျော်စိုးက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့တွင် တစ်နှစ်ပျမ်းမျှ အခန်းပေါင်း (၃၃၀၀၀)ခန့် လိုအပ်နေပြီး၊ ရန်ကုန်နေ လူဦးရေ သိပ်သည်းမှု မြင့်တက်လာမှုကြောင့် အိမ်ရာ လိုအပ်ချက် မြင့်မားမှု ကြီးထွားလာနေကာ ကျူးကျော်နေထိုင်သူ လူဦးရေး မြင့်မားလာကြောင်း သိရသည်။
"ရန်ကုန်မြို့ကို ဝင်ရောက်လာတဲ့ လူဦးရေက များနေတယ်။ အဲဒီလို လူဦးရေ သိပ်သည်းမှုတွေ ဖြစ်လာပြီး၊ အိမ်ရာ မလုံလောက်တော့ ကျူးကျော် ပြဿနာတွေ ဖြစ်လာတယ်။ တစ်နှစ် တစ်နှစ်ကို ထပ်ပြီးလိုတဲ့ အခန်း အနေအထားက မြင့်မားလာတယ်။
ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ အများကြီး နောက်ကျခဲ့တဲ့ အတွက် ရေ၊ မီး၊ လမ်း၊ လူ နေတိုက်တာ အဆောက်အဦတွေ ဆောက်လုပ်ကြရဦးမှာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ဦးအောင်မြင့်က ပြောသည်။
လူနေမှု ထူထပ်လာပြီး၊ လူဦးရေ သိပ်သည်းမှု မြင့်တက်လာသည့် ရန်ကုန်မြို့၏ ခံနိုင်ရည်ဝန်အား လျှော့ချရန် မြေဧက (၄၀၀၀၀) နီးပါး ကျယ်ဝန်းသည့် ကြည့်မြင်တိုင်၊ ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တို မြို့နယ် ဧရိယာများ ပါဝင်သည့် ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်မြေ ဧရိယာအဖြစ် သတ်မှတ်ပြီး မြို့ပြ ကျပ်တည်းမှု ပြဿနာများကို ဖြေရှင်းရန် အတွက် စီစဉ်လျက်ရှိကြောင်း ၎င်းထံမှ သိရသည်။
Ref : Messenger
Photo Credit : Thet Swe Lin
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ