By ဇင်မို့မို့အေး, Shweproperty.com
Updated at 17 October 2012
အနော်ရထာလမ်း၊ အမှတ် ၁၈၂-၁၉၄၊ ဆူးလေဘုရားလမ်း၊ အမှတ် ၁၆၄ နှင့် အမှတ် ၁၄၁၊ ၃၃ လမ်း (အထက်)ထောင့်ရှိ မြေကွက်များကို နေထိုင်သူအိမ်ရှင်များနှင့် နိုင်ဂရု(ပ်) ဆောက်လုပ်ရေးတို့ အဆောက်အအုံ အသစ်ဆောက်လုပ်ရန် သဘော တူညီထားလျက်ရှိရာ အချိန်ကြန့် ကြာမှုများ ဖြစ်နေသောကြောင့် အခက်အခဲများဖြင့် ရင်ဆိုင်နေရ ကြောင်း အိမ်ရှင်များမှ ထုတ်ဖော် ပြောကြားခဲ့သည်။
ဆာက်လုပ်ချိန်ကာလကို နှစ်နှစ်ခန့်ဟု သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် နှစ်နှစ်ကျော်သွားခဲ့သော်လည်း အဆောက်အအုံပြီးစီးချင်းမရှိဘဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောက်လုပ်ခွင့်ပြုမိန့် မကျသောကြောင့် စတင်မဆောက် လုပ်နိုင်ခြင်းဖြစ်သည်ဟု ကုမ္ပဏီနှင့် အိမ်ရှင်များ၏ ညှိနှိုင်းမှုတွင် ကုမ္ပဏီ ဘက်မှ ထိုသို့ပြောဆိုကြောင်း အိမ်ရှင် တစ်ဦးဖြစ်သူ ဦးသန်းထွန်းဦးက ပြော သည်။
''စည်ပင်သာယာကို ပြောတော့လည်း အစည်းအဝေးခေါ်မယ်ဆိုပြီး အခုအချိန်ထိ မခေါ်သေးဘူး။ နှစ်နှစ် နဲ့ သုံးလတောင်ရှိသွားပြီ။ ကုမ္ပဏီက တော့ လက်ရှိအချိန်ထိ အခန်းငှားခပေးပါတယ်။ မြေညီထပ်ကို ခြောက် သိန်းနဲ့ အပေါ်ထပ်ကို နှစ်သိန်းပေး ပါတယ်။ တိုင်းဒေသကြီးကိုလည်း ဇူလိုင်လက တိုက်အမြန်ဆောက်ပေး ဖို့ စာတင်ထားပါတယ်။ ကျွန်တော် တို့လိုပဲ အန္တရာယ်ရှိ အဆောက်အအုံ လို့ သတ်မှတ်ပြီး ကျွန်တော်တို့ နောက်မှ ဖျက်ပြီးဆောက်တဲ့ တိုက် တွေတောင် အခုပြီးနေပြီ။ သူတို့ ပေးတာနဲ့ အပြင်မှာ ငှားနေရတာ က လုပ်ငန်းလုပ်သူတွေအတွက်က အဆင်မပြေတော့ဘူး။ နှစ်နှစ်ဆိုတဲ့ အချိန်ကာလမှာ အများကြီးဆုံးရှုံး သွားပြီ။ ကျွန်တော်တို့အနေနဲ့က တိုက်အမြန်ပြီးဖို့ပါပဲ။ နိုင်ငံတော်က ဘာလုပ်ပေးမှာလဲ၊ ဘာပံ့ပိုးပေးမလဲ ဆိုတာပါပဲ။ သူတို့ ဒီအကြောင်းတွေ ကို သိလား၊ မသိဘူးလားဆိုတာ လည်း ကျွန်တော်တို့ မသိဘူးဖြစ်နေ တယ်''ဟု ၎င်းက ပြောသည်။
''ကျွန်တော်တို့က အောက်မှာဆိုရင် ၁ဝ သိန်း၊ ၁၂ သိန်းလောက် ငှားနေရမှာ။ ငှားခက နှစ်သိန်းပဲ ရတော့ ဘယ်လိုမှ အဲဒီလိုနေရာမှာ ငှားလို့မရဘူး။ လက်ရှိက ရှစ်ပေ လောက်ရှိတဲ့ တိုက်ခန်းကျဉ်းလေး မှာပဲ ငှားနေရတယ်။ ဒီနေရာ ကျဉ်း ကျဉ်းလေးမှာ စတူဒီယိုလုပ်ငန်းလုပ်တော့ ဘယ်လိုမှ အဆင်မပြေဘူး။ လုပ်ငန်းအများကြီး ထိခိုက်သွား တယ်။ နေရာအတည်တကျ မရှိ တော့ ဃကျအသာနမ တွေက ဘယ်နား ရှာရမလဲ မသိကြဘူး။ အဓိက မိတ် ပျက်တာပေါ့။ တချို့ဆို လုပ်ငန်းပါ ရပ်နေရပြီ။ အဓိကကတော့ ငွေပေး တာထက် တိုက်မြန်မြန်ဆောက်ပေး ဖို့က အရေးကြီးပါတယ်''ဟု ၎င်းတိုက်၏ ပထမထပ်တွင်နေထိုင်ပြီး စတူဒီယိုလုပ်ငန်း လုပ်ကိုင်သူ ဦးသန်း ထွန်းဦးက ပြောသည်။
ရွှေလွန်းပျံစတိုးဆိုင်မှ ဦးကြည် စန်းကလည်း ''ဒီနှစ်နှစ်အတွင်း စီးပွားရေးက တစ်ဝက်လောက်ကျ သွားတယ်။ ကိုယ့်နေရာ မဟုတ်တော့ လည်း အများကြီး ကွာသွားတာ ပေါ့။ အခုလက်ရှိကတော့ ဘားလမ်း မှာ ခဏငှားထားပါတယ်''ဟု ပြော သည်။
အဆောက်အအုံ ဆောက်လုပ် ရန် အဆင့်ဆင့်တင်ပြရပြီး အဆိုပါ အဆောက်အအုံတွင် နေထိုင်သူများ နှင့် ညှိနှိုူင်းမှုကိုလည်း အချိန်ယူရခဲ့ ရကြောင်း၊ ၎င်းနေရာသည် ရန်ကုန် မြို့၏ အချက်အချာကျသော နေရာ ဖြစ်နေသည့်အတွက် အဆင့်မြင့် အဆောက်အအုံ ဆောက်လုပ်မည် ဖြစ်ကြောင်း နိုင်ဂရု(ပ်) ဆောက်လုပ် ရေးမှ Operation Director ဦးစော မြင့်အောင်က ပြောသည်။
'အဲဒီနေရာက အဆောက်အအုံ စုစုပေါင်း လေးခုရှိတယ်။ တစ်ခုနဲ့ တစ်ခုတိုက်ဖျက်တဲ့အချိန်နဲ့ အိမ်ရှင် တွေ ရွှေ့ပြောင်းတာလည်း မတူဘူး။ ကျွန်တော်တို့က အဲဒီနေရာ လေးခု ပေါင်းကို အဆောက်အအုံတစ်ခု တည်း ဆောက်လုပ်မှာပါ။ အရင်ဆုံး ပြောင်းခဲ့တဲ့ အိမ်တွေကတော့ နှစ်နှစ် ကျော်နေပြီ။ ၂ဝ၁ဝ ပြည့်နှစ်၊ ဖေဖော် ဝါရီလပိုင်းက စညှိနှိုင်းခဲ့တယ်။ အခု နောက်ဆုံး တိုက်ကိုတော့ ဖျက်နေ ပြီ။ ပြီးတော့မယ်။ နေထိုင်သူတွေနဲ့ ညှိနှိုင်းရတာကြောင့်လည်း ကြန့်ကြာမှုတွေ ဖြစ်နေတယ်။ ခဏနေဖို့ နေရာပြန်ရှာမှာနဲ့ ဆိုတော့လည်း သူတို့အတွက်ကလည်း အချိန်လို တယ်။ မြို့တော်စည်ပင်နဲ့လည်း ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ကျွန် တော်တို့ဘက်ကလည်း ဆောက်နိုင် လျက်သားနဲ့ မဆောက်တာ မဟုတ် ပါဘူး။ ဆောက်ဖို့အတွက် ညှိနှိုင်းနေ ရတဲ့အတွက် ကြန့်ကြာတာပါ။ ၂ဝ၁၃ ခုနှစ်၊ ဧပြီမှာတော့ ဆောက်လုပ်ရေး လုပ်ငန်း စတင်နိုင်မယ်''ဟု ၎င်းက ပြောသည်။
နိုင်ဂရု(ပ်) ဆောက်လုပ်ရေးမှ အဆိုပါနေရာတွင် ၁၂ ထပ်မြင့်သည့် အဆောက်အအုံ ဆောက်လုပ်မည် ဖြစ်ပြီး နေထိုင်သူအိမ်ရှင်များကို အခန်း ငှားခ မြေညီထပ် ခြောက်သိန်း၊ အပေါ်ထပ်များကို နှစ်သိန်းနှင့် နှစ်နှစ် စာချုပ်ဖြင့်ပေးခဲ့ရာ ထိုနှစ်နှစ်ပြည့်ပြီး ပါက ခြောက်သိန်းကို ကိုးသိန်း၊ နှစ်သိန်းကို လေးသိန်းလေးသောင်း တိုးပေးသွားမည်ဖြစ်ကြောင်း ဦးစောမြင့်အောင်က ပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ဆောက်လုပ်မိန့် ခွင့်ပြုချက်ရရှိရန် တင်ပြညှိနှိုင်းဆဲ ဖြစ်ကြောင်း သိရသည်။
Source : TheTradTimes
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ