By emg, Shweproperty.com
Updated at 12 December 2011
ရန်ကုန်မြို့၏ ယခုလအတွင်း အိမ်ခြံမြေဈေးကွက်အခြေအနေမှာ မြို့တွင်းထက် ဆင်ခြေဖုံးမြို့နယ်များတွင်ရှိ အိမ်ခြံမြေများသာ အရောင်းအဝယ်အများအပြားဖြစ်ပေါ်နေကြောင်း ၊ စက်မှုဇုန်ဈေးကွက်တွင် မှု သီလဝါစက်မှုဈေးကွက်မှာ နှစ်လအတွင်း သုံးဆနီးပါးမြင့်တက်ပြီး အရောင်းအဝယ်ပြုလုပ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များနှင့် လုပ်ငန်းရှင်များ ထံမှသိရှိရသည်။အိမ်ခြံမြေဈေးကွက်၌ မြို့တွင်းထက် ဆင်ခြေဖုံးမြို့နယ်များ အတွင်းရှိ ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၇၀ ဝန်းကျင်ရှိ အိမ်ခြံမြေများ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် မှ မန်းနေဂျင်းဒါရိုက်တာဦးသန်းဦးက “မြို့တွင်းက အိမ်ခြံမြေအခြေအနေက တော်တော်ငြိမ်သက်နေပြီးတော့ ဆင်ခြေဖုံးနယ်မြေတွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် နဲ့ ဒဂုံ(အရှေ့ပိုင်း) မြို့နယ်အတွင်းမှာ ရှိတဲ့ကျပ်သိန်း ၃၀ က နေ ကျပ်သိန်း ၇၀ အထိ ဈေးနှုန်းပေါက်နေတဲ့ ၄၀-၆၀ မြေကွက်တွေ အရောင်းအဝယ်ဖြစ်နေပါတယ်။ စက်မှုဇုန်ဈေးကွက်မှာတော့ သီလဝါစက်မှုဇုန်က အောက်တိုဘာနောက်ဆုံးအပတ်က တစ်ဧကကို ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ရှိခဲ့တယ်။ နိုဝင်ဘာလ ဒိုတိယအပတ်အတွင်းမှာ ကျပ်သိန်း ၁၈၀၀ ဖြစ်ခဲ့တယ်။ လအကုန်မှာ ကျပ်သိန်း ၂၅၀၀ ဖြစ်ခဲ့တယ်။ အခု ဒီဇင်ဘာလအတွင်းမှာ တစ်ဧကကို ကျပ်သိန်း ၃၀၀၀ ဝန်းကျင်ရှိ ဈေးနှုန်းပေါက်နေတယ် ” ဟုပြောကြားခဲ့သည်။ပြည်တော်သစ်အိမ်ခြံမြေလုပ်ငန်းမှ အထွေအထွေမန်နေဂျာဖြစ်သူ ကိုဘိုဘိုကျော်က “ရင်းနှီးမြုပ်နှံတဲ့လူတွေက ဗဟန်း၊ရန်ကင်း၊သင်္ဃန်းကျွန်းမြို့နယ်တွေဖြစ်တဲ့ မြို့တွင်းကဈေးအရမ်းကြီးတဲ့အတွက်ကြောင့် ဆင်ဖြေဖုံးမြို့နယ်တွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် နဲ့ ဒဂုံ(အရှေ့ပိုင်း) မြို့နယ်အတွင်းက မြေကွက်တွေ ကိုပဲလိုက်နေကြတာပါ။ ဒါ့အပြင် သီလဝါစက်မှုဇုန်မြေကွက်တွေ အရောင်းအဝယ်လိုက်နေတာကလည်း ရင်နှီးမြုပ်နှံတဲ့လူတွေက ကားဈေးကွက်၊ရွှေဈေးကွက်နဲ့ ဒေါ်လာဈေးကွက်အခြေအနေကလည်းသိပ်မဖြစ်တော့လို့ မြေဘက်မှာ ရင်းနှီးမြုပ်နှံကြတာဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေက စက်ရုံတွေ တည်ဆောက်ခွင့် ရခဲ့ရင်အဆင့်သင့်ဖြစ်ဖို့အတွက် စုံးစမ်းမေးမြန်းပြီး ဝယ်ကြတာဖြစ်ပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။လှိုင်သာယာစက်မှုဇုံ ကော်မတီဥက္ကဌ ဦးမြတ်သင်းအောင်က “မြို့လယ်နဲ့မိုင် ၂၀ လောက်ဝေးတဲ့ သီလဝါစက်မှုဇုန်နယ်မြေမှာ ဈေးနှုန်းတွေက ကျပ်သိန်း ၂၆၀၀ ကျော်လောက်ဖြစ်နေကြတယ်။ မြို့လယ်ခေါင်နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ဒဂုံးဆိပ်ကမ်း စက်မှုဇုန်မှာ တစ်ဧက ကို ကျပ်သိန်း ၁၀၀၀ ဝန်းကျင်လောက်ပဲရှိတယ်။ ဘာလို့ အဲဒီလောက်ထိပေါက်ဈေးက ကွာဟနေရလဲဆိုရင်တော့ သီလဝါစက်မှုဇုန်နယ်မြေမှာ တည်ဆောက်မယ့် စက်ရုံတွေက နိုင်ငံခြားသားတွေ ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းဆက်စပ်ပစ္စည်းတွေထုတ်မဲ့စက်ရုံတွေဆောက်မယ်ဆိုတဲ့ သတင်းတွေကြောင့်ဖြစ်ပါတယ်။ အကယ်၍ ဖြစ်မလာဘူးဆိုရင် သယ်ယူပို့ဆောင်ရေးစရိတ်အတွက် အများကြီးကုန်ကျနိုင်ပါတယ်” ဟုသုံးသပ်ပြောကြားခဲ့သည်။Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ