By Sint Sint, Shweproperty.com
Updated at 8 September 2020
အခွန်ဖြေလျှော့မှုများရှိနေသော်လည်း ရန်ကုန်အိမ်ခြံမြေဈေးကွက်ရောင်းလိုအားနှင့် ဝယ်လိုအားသည် COVID-19 အခြေအနေအပေါ် မူတည်နေကြောင်း အိမ်ခြံမြေအကျိုးဆောင် အချို့ကပြောသည်။
COVID-19 ကပ်ရောဂါ အရှိန်မြင့်လာသဖြင့် အသွားအလာ ကန့်သတ်မှုများကြောင့် လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ်များစွာတုံ့နှေးသွားကြောင်း ၎င်းတို့က ပြောသည်။
ရန်ကုန် အိမ်ခြံမြေဈေးကွက် သည် မြန်မာနိုင်ငံကို COVID-19 ကပ်ရောဂါ စတင်ရောက်ရှိလာ သည့် ဧပြီ၊ မေလကဲ့သို့ အရောင်း အဝယ်ရပ်တန့်ခြင်းမရှိသေးသော်လည်း ဇွန်၊ ဇူလိုင်တို့နှင့် နှိုင်းယှဉ်လျှင် လျော့နည်းသွားကြောင်း အကျိုးဆောင်အချို့ကပြောသည်။ ‘‘ကပ်ရောဂါ အခြေအနေ ဆိုးလို့ အားလုံးပိတ်လိုက်မယ်ဆိုရင် ဈေးကွက်ကတော့ရပ်သွားမှာပဲ’’ ဟု စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ ဦးစိုင်းခွန်နောင်က ပြောသည်။
ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ဇွန်လကစတင်၍ အရောင်းအဝယ် အနည်းငယ်ပြန်လည် ကောင်းမွန်လာပြီး ကျပ်သိန်း၂၀၀ မှ သိန်း ၁,၀၀၀ အကြား မြေ ကွက်များ အရောင်းအဝယ်ရှိခဲ့ သည်။ ဒဂုံ၊ ဆိပ်ကမ်း၊ မြောက်ဒဂုံ ဘက်မှ မြေကွက်များ အရောင်း အဝယ်အချို့ရှိခဲ့သည်ဟု အိမ်ခြံ မြေအကျိုးဆောင်များက ပြောသည်။ပါမစ်မြေဖြစ်ပြီး ရောင်းဝယ်မှုများတွင် အခွန်ဆောင်စရာမလိုခြင်း၊ ရောင်းနိုင်၊ ဝယ်နိုင်သည့် ငွေကြေးပမာဏ ဖြစ်နေခြင်းကြောင့် အရောင်းအဝယ်ပြုလုပ်ကြသည်ဟု ၎င်းတို့ကပြောသည်။
‘‘အရှိန်လေးနဲ့တော့ အရောင်းအဝယ်တွေက ရှိနေသေးတယ်။ ဒါပေမဲ့ ပိုတင်းကျပ်လာရင် ပိုပြီးအေးသွားမှာပါ’’ ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦး ကပြောသည်။
ပြည်တွင်းရွှေဈေးနှင့် အမေရိကန်ဒေါ်လာတန်ဖိုး မတည်ငြိမ်မှု၊ အခွန်ဖြေလျှော့မှု၊ ဘဏ်အတိုးနှုန်းလျှော့ချမှုများက လာမည့် ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေဈေး ကွက်အတွက် အလားအလာ ကောင်းများ မျှော်လင့်နိုင်သော်လည်း COVID-19 ကပ်ရောဂါ ကူးစက်မှုအနေအထားနှင့် ရွေး ကောက်ပွဲက ဈေးကွက်အခြေအနေကို ပြောင်းလဲနိုင်သည်ဟု ၎င်းကပြောသည်။
Credit : 7Day News
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ