By 7Day Daily, Shweproperty.com
Updated at 25 June 2019
ဒီချုပ်အစိုးရက ရန်ကုန်အိမ်ခြံမြေဈေးကွက် ပြိုကျမည့် အခြေအနေကို တာဝန်ယူ ထိန်းသိမ်းခဲ့ရသည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
မြန်မာနိုင်ငံ၏ ၁၀ စုနှစ်တစ်ခုအကြာ တစ်ရှိန်ထိုးမြင့်တက်ခဲ့သောအိမ်ခြံမြေမိုးပျံပူဖောင်းကြီး ပေါက်မည့်အခြေအနေကို တာ ဝန်ယူထိန်းသိန်းနိုင်ခဲ့သည်ဟုဇွန် လ ၂၁ ရက်က စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော စပိုင်ဖွံ့ဖြိုးမှု လီမိတက်မှ မြန်မာ့ဂုဏ်ရည်လမ်းနှင့် အထက်ပန်းဆိုးတန်းလမ်းထောင့်တွင် တည်ဆောက်အကောင်အထည်ဖော်မည့် Gonyi Shophouse အဆောက်အအုံပိုင် တိုင်စိုက်ထူခြင်းအခမ်းအနားအ ဖွင့်မိန့်ခွန်း၌ ဝန်ကြီးချုပ်ကပြော ကြားခြင်းဖြစ်သည်။
‘‘ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးက ထင်သလိုတက်ခဲ့တဲ့ကာလတစ်ခုရှိခဲ့တယ်။ ဒီကာလဂယက်ကို အစိုးရသစ်တာဝန်ယူပြီး နောက် တောက်လျှောက်ရိုက်ခတ်မှုရှိခဲ့တယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
အိမ်ခြံမြေဈေးကွက် မိုးပျံပူဖောင်းပေါက်မည်ဆိုပါက မြန်မာနိုင်ငံဘဏ္ဍာရေးနှင့် ဘဏ်စနစ်ကို ထိခိုက်နိုင်သဖြင့်ဝင်ရောက် ထိန်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၏ ဘဏ်စနစ်သည်ယခင်က မရွှေ့ပြောင်းနိုင်သောအိမ်၊ မြေများကိုသာအပေါင်ပစ္စည်းအဖြစ် လက်ခံခဲ့သည်။ ဘဏ်များမှ ငွေချေးလိုသူက အိမ်၊ မြေကို အပေါင်ထားသဖြင့် အိမ်ခြံမြေဈေး ဆိုးရွားစွာထိုးကျပါက ဘဏ်များအတွက် အန္တရာယ်ရှိသည်ဟု စီးပွားရေးပညာရှင်အချို့က ပြောသည်။
အိမ်ခြံမြေဈေးကွက်အခြေအနေက လက်ရှိအချိန်တွင် ပြန်လည်တည်ငြိမ်လာပြီး ရင်းနှီးမြှုပ် နှံလိုသူများလုပ်ငန်းစတင်နိုင်ပြီဟု ဆိုသည်။
Ref : 7Day Daily
Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ