By Kumudra, Shweproperty.com
Updated at 11 June 2019
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြားလာတာကြောင့် ရန်ကုန်အိမ်အငှားဈေးကွက် လှုပ်ခတ်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောပါတယ်။
အဲသည်လို လှုပ်ခတ်ရာမှာ ဗဟန်း ၊ မရမ်းကုန်း စတဲ့ မြို့နယ်တွေအပါအဝင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးမြို့နယ် ၃၄ မြို့နယ်အတွင်းမှာလည်း လှုပ်ခတ်လာတယ်လို့ သိရပါတယ်။
“ အငှားဈေးကွက်နည်းနည်း မြိုင်လာတဲ့သဘောရှိတယ်၊ စည်ပင်နယ်နိမိတ်အတွင်းမှာ အငှားသွက်လာတယ်ပေါ့၊ နိုင်ငံခြားသားဝင်တာများလာလို့ပါ၊သူတို့က အစုံငှားနေကြတယ်”လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ်လအတွင်းက စတင်လှုပ်ခတ်ခဲ့တာဖြစ်ကာ လတ်တလောမှာ ပိုမိုအငှားလိုက်လာတယ်လို့ သိရပါတယ်။
“အဓိကအားဖြင့် မြေကော လုံးချင်း ၊ ကွန်ဒို နောက် ဟိုတယ် အလုံးလိုက်ငှားနေတဲ့ နိုင်ငံခြားသားတွေပါ ရှိလာတယ်” လို့ ဦးစိုင်းခွန်နောင်က ပြောပါတယ်။
လတ်တလောမှာ ဒလစီမံကိန်း ဧရိယာလို မြို့နယ်တွေအတွင်းမှာအရောင်းအဝယ်မဖြစ်ဘဲ အေးနေပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီးအ တွင်းက ဒလ ၊ ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာတွေမှာ မဟုတ်ဘဲ ရန်ကုန်မြို့နယ်နိမိတ်အတွင်းမှာ ရှိတဲ့ အိမ်ခြံမြေတွေ အရောင်းအဝယ် အနည်းငယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အရောင်းအဝယ်ဖြစ်ရာမှာ ဧရာဝတီ၊ကမ္ဘောဇ၊ရိုးမ စတဲ့ဘဏ် တွေကထုတ်ချေးပေးနေတဲ့ ချေးငွေတွေနဲ့ ရန်ကုန်မြို့တွင်း မြို့နယ်တွေအတွင်းမှာ အဓိကလုံးချင်းနှင့် ကွန်ဒိုတွေကို အဝယ်လိုက်လာပြီး ဝယ်ယူတာတွေ ပိုများလာခဲ့တယ်လို့ သိရပါတယ်။
Ref : Kumudra
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ