By Myanmar Builders Guide, Shweproperty.com
Updated at 24 June 2019
ရန်ကုန်မြို့ တွင်းမြို့နယ်များ နှင့် တောင်ဥက္ကလာပ ၊ သင်္ဃန်းကျွန်း စသောမြို့နယ်များမှ ခြံမြေများ၏ လာမည့်ဘဏ္ဍာနှစ်အတွက် စံနှုန်းသတ်မှတ်ချက်ကို ၂၀၁၈ ကထက် ၁၀ ရာခိုင်နှုန်းခန့် လျှော့ချကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားမှုကို အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်သူ အချို့ထံက သိရပါသည်။
ရန်ကုန် မှာရှိသည့် မြို့နယ်အချို့ခြံမြေများ၏ စံနှုန်းသတ်မှတ်ချက်ကိုလည်းသိခဲ့ရသည်။ မင်္ဂလာတောင်ညွန့် မြို့နယ်ဆိုလျှင် တစ်ပေပတ်လည်စံနှုန်းကို ကျပ် ၂၂၅,၀၀၀ မှကျပ် ၂၀၀,၀၀၀၊ ရန်ကင်းမြို့နယ် ပါရမီလမ်းရှိ ခြံမြေတစ်ပေပတ်လည်စံနှုန်းကို ကျပ် ၁၈၀,၀၀၀ မှ ကျပ် ၁၆၅,၀၀၀၊သစ္စာလမ်းမှာကျပ် ၂၀၀,၀၀၀ မှ ကျပ် ၁၈၀,၀၀၀၊ တက္ကသိုလ်ရိပ် သာလမ်းသစ်မှာ ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၂၂၅,၀၀၀ သို့ အသီးသီး လျှော့ချခဲ့ ကြောင်း၊ ရန်ကင်း ကမ္ဘာအေးဘုရားလမ်းတစ် လျှောက်မြေတစ်ပေပတ်လည်စံ နှုန်းမှာ ယခင်ကဲ့သို့ ကျပ်လေး သိန်းဖြင့် အတက်၊ အကျမရှိကြောင်း ဖော်ပြထားပါသည်။
ပြည်လမ်းတစ်လျှောက်ရှိ လှိုင် ၊ မရမ်းကုန်းမြို့နယ် တို့တွင် တစ်ပေပတ်လည်စံနှုန်းကို ကျပ် ၃၀၀,၀၀၀ မှကျပ် ၂၈၀,၀၀၀၊ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းကို ကျပ် ၃၀၀,၀၀၀ မှ ကျပ် ၂၈၀,၀၀၀ သို့လည်း အသီးသီး လျှော့ချသတ်မှတ်ကြောင်းသိရပါသည်။ ရန်ကုန်မြို့ပြင် မြို့နယ်များဖြစ်သော အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်း ရှိ မြေတစ်ပေပတ်လည်နှုန်း ထားကို ကျပ် ၁၈၀,၀၀၀ မှ ကျပ် ၁၆၅,၀၀၀ သို့ လျှော့ချခဲ့ကြောင်းသိရပါသည်။
“အိမ်ခြံမြေ တစ်ပေပတ်လည် စံနှုန်းများလျှော့ချခဲ့သော်လည်း ရန်ကုန်အိမ်ခြံမြေ ဈေးကွက်သိသာ စွာထူးခြားလာမည်မဟုတ်ကြောင်း၊အရောင်းအဝယ်လုပ်တဲ့ အခါ အခွန်ဆောင်နိုင်ဖို့ ပကတိ အခြေအနေနဲ့ မကွာအောင်စံနှုန်း တွေပြင်ထားတာပါ’’ ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက သုံးသပ်ထားကြောင်းလည်းသိရပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ