By MP ခိုင်, Shweproperty.com
Updated at 8 October 2012
မဟာရန်ကုန်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလျာထားချက်များကြောင့်ယင်းနှင့်စပ်ဆက်နေရာများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာသည့်အတွက် အိမ်ခြံမြေဈေးနှုန်းများမြင့်တက်လာကြောင်း မဏ္ဍိုင်အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှ ဦးသန်းဦးကပြောသည်။
အဆိုပါနေရာများမှာ ဧကလေးသောင်း နှစ် ၃ဝ ကာလရှည်စီမံကိန်း၊ ရန်ကုန်မြို့နှင့် ရှစ်မိုင်ပတ်လည်တွင် ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး ဇုန်တည်ဆောက်ရန်လျာထားချက်၊ လှိုင်သာယာ၊ ဘုရင့်နောင်၊ ကြည့်မြင် တိုင်တို့တွင် တံတားကြီးငါးစင်းတည် ဆောက်ရန်လျာထားခြင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း ၄၂ ရပ်ကွက်တွင် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ခြင်း၊ ဟံသာဝတီလေဆိပ်ကို နိုင်ငံတကာ လေဆိပ်အဖြစ်အသိအမှတ်ပြုလိုက်ပီးနောက် ရန်ကုန်မြို့သို့လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ဧည့်သည်များ တည်းခိုမှုအဆင်ပြေ စေရန် ယင်းလေဆိပ်အနီးတွင် ဟိုတယ်ဇုန်ဖွင့်ရန်လျာထားချက်များ စ သည်တို့ကြောင့် ယင်းနှင့်ဆက်စပ် နေရာများတွင် အိမ်ခြံမြေဈေးနှုန်း များမြင့်တက်လာခြင်းဖြစ်ကြောင်းသိ ရသည်။
''ဒီလိုမျိုး အကြောင်းစုံလာပြီးတိုက်ဆိုင်နေလို့ ဈေးတွေတက်လာတယ်။ အရင်တုန်းက အိမ်ခြံမြေကဇူလိုင်လကနေ စက်တင်ဘာလကုန် အထိ ထူးခြားမှုမရှိဘူး။ ဒီလမှ အ ထူးဇုန်တွေတည်ဆောက်တော့မယ် ဆိုလို့ သူတို့နဲ့နီးမယ့်နေရာတွေမှာရင်းနှီးမြှုပ်နှံဖို့အတွက် လိုက်ဝယ်ကြ တော့ ဈေးတက်လာတယ်''ဟု ဦး သန်းဦးကပြောသည်။
အဆိုပါစီမံကိန်းများဆောက်လုပ် မည်ဟူသော သတင်းများထွက်ပေါ် လာပြီးနောက် မင်းဓမ္မလမ်းနှင့်အနီး တစ်ဝိုက်တွင် တစ်ပေပတ်လည်မြေ တစ်ကွက်လျှင် ကျပ်နှစ်သိန်းဝန်း ကျင်ရှိပြီး ဧကလေးသောင်းစီမံကိန်းအတွက် သီလဝါ၊ သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်၊ ခရမ်း စသည့်နေရာများတွင် လယ်မြေများ ကို လိုက်လံဝယ်ယူနေခြင်းကြောင့် မြေတစ်ဧကလျှင် ကျပ်သိန်း ၁၅ဝ အထိဈေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။
Source : TMP
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ