By ကုမုဒြာ, Shweproperty.com
Updated at 5 June 2013
အခုရက်ပိုင်းအတွင်း ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာ တိုက်ခန်းတွေ အဌားလိုက်နေတယ်လို့ သိရှိရပါတယ်။
‘ဌားတဲ့သူတွေကတော့ ဝန်ထမ်းတွေရော၊ ကျောင်းသူတွေရော အစုံပါပဲ၊ ကျောင်းဖွင့်ခါနီးမို့ ကျောင်းပြောင်းတာတွေရယ်၊ နယ်ဘက်ကနေ တက်လာပြီး ဒီမှာပြောင်းနေဖို့ ဌားတဲ့သူတွေလဲရှိတယ်’လို့(မြ)ပန်းသခင်အိမ်ခြံမြေအကျိုးဆောင်မှ ကိုမင်းမင်းစိုးက ပြောပါတယ်။
မေ ၃၀ ရက်နေ့မှ ဇွန် ၆ ရက်နေ့အထိ အိမ်ခြံမြေ အဌားဈေးနှုန်းများ
*(မြ)သခင်အကျိုးဆောင်မှ ကောက်ယူခဲ့သော ဈေးနှုန်းများဖြစ်ပါသည်။ ဈေးနှုန်းပြောင်းလဲမှု ရှိနိုင်ပါသည်။
အဓိကအဌားလိုက်တဲ့နေရာတွေကတော့ လမ်းမတော်၊ ကမာရွတ်၊ အင်းစိန်နဲ့ လှည်းတန်းဘက်တွေဖြစ်ပြီး ဆိုင်ဖွင့်မယ့်သူနဲ့ နေထိုင်မယ့်သူတွေ ဌားရမ်းတာဖြစ်တယ်လို့ သိရပါတယ်။
‘ဈေးတွေကတော့ တစ်သိန်းခွဲ၊ နှစ်သိန်းဝန်းကျင်တွေနဲ့ အဌားလိုက်နေတယ်၊ အဓိကတော့ အခန်းတွေပဲ’လို့ ကိုမင်းမင်းစိုးက ဆက်ပြောပါတယ်။
ဆိုင်ခန်းအဌားတွေကတော့ အနည်းဆုံး ခုနစ်သိန်းကျပ်ကနေ ကျပ်သိန်း ၃၀ ဝန်းကျင်အထိရှိပြီး ပေအကျယ်နဲ့ လူစည်တဲ့နေရာပေါ်မူတည်ပြီး အဌားလိုက်တယ်လို့ သိရပါတယ်။
Ref: Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ