By Messenger, Shweproperty.com
Updated at 29 July 2015
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၅ ဘဏ္ဍာနှစ်အတွက် မြေဈေးနှင့်တိုက်ခန်း ဈေးစံနှုန်းသတ်မှတ်ချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။ ““ဒီဈေးနှုန်းတွေက လက်ရှိအချိန်နဲ့လည်း အမှန်တကယ်ကိုက်ညီမှုရှိသလို မျှတမှုလည်း ရှိတဲ့အတွက် တရားဝင်သတ်မှတ်ချက်ကို ထုတ်ပြန်ပေးခဲ့တာဖြစ်တယ်”” ဟု ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့ ထုတ်ပြန်ရာတွင် မြို့နယ်အလိုက်ဂရန်မြေ တစ်စတုရန်းပေအလိုက် သတ်မှတ်ပေးခြင်းဖြစ်ပြီး၊ တိုက်ခန်းများမှာလည်း အထပ်အမြင့်အနိမ့်ပေါ် မူတည်၍ တစ်စတုရန်းပေ ဈေးနှုန်းများကို သတ်မှတ်ပေးခြင်း ဖြစ်သည်။
သတ်မှတ်ချက်တွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌ ဂရန်မြေတစ်စတုရန်းပေလျှင် အနည်းဆုံး (၁၄oooo)ကျပ် မှ အများဆုံး(၂၄oooo)ကျပ်ရှိပြီး၊လမ်းအနေအထားပေါ်တူ တည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်ပြင်ပရှိ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒဂုံဆိပ်ကမ်း၊ ဒလ စသည့်မြို့နယ်များတွင် တစ်စတုရန်းပေလျှင် အနည်းဆုံး (၄၆oo) ကျပ်မှ အများဆုံး ကျပ်(၉ooo)ဝန်းကျင် သတ်မှတ်ထားပြီး၊ တောင်ဥက္ကလာပ၊ တာမွေ စသည့်မြို့နယ်များတွင် အများဆုံး (၁၁oooo)ကျပ်ဝန်းကျင်ဟု သတ်မှတ်ထားသည်။
““ဒီစံနှုန်းတွေသတ်မှတ်ဖို့အတွက် အိမ်ခြံမြေအသင်းကို အကူအညီတောင်းပြီး ဖြစ်နိုင်တဲ့ဈေးကို တင်ပြပြီးသွားပြီ။ အခုထုတ်ပြန်တဲ့စာရင်းကို မကြည့်ရသေးတော့ အတိအကျ ပြောလို့မရဘူး””ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယခုနှစ်အတွက် မြေဈေးနှုန်း သတ်မှတ်ရာတွင် မြို့နယ် (၄၄) မြို့နယ်၏ မြေဈေးစံနှုန်းများသတ်မှတ်ခြင်းဖြစ်ပြီး၊ ထိုသတ်မှတ်ချက်တွင်လမ်းအနေအထား၊ မြေအကျယ် အဝန်းပေါ် မူတည်၍ စံနှုန်းမှာကွာဟမှုများရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။ တိုက်ခန်းများရောင်းဝယ်ခြင်းအပေါ် စည်းကြပ်ရန် အဆိုပြုစံနှုန်းများမှာ မြောက်ဥက္ကလာပ၊ သာကေတ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာတို့တွင် တစ်စတုရန်းပေလျှင် မြေညီထပ်မှာ (၃oooo)ကျပ် ဝန်းကျင်ဖြစ်ပြီး၊ (၇)လွှာမှာ (၁၄ooo) ဝန်းကျင်ဖြစ်ကြောင်း သိရသည်။
ယင်းပြင် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင် နှင့် ဒဂုံမြို့နယ်များတွင် တစ်စတုရန်းပေလျှင် မြေညီထပ် (၁၂oooo)ကျပ် ဝန်းကျင်၊ အမြင့်ဆုံး (၇)လွှာမှာ (၃၇ooo) ဝန်းကျင်ဖြစ်သည်။
Ref : Messenger
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ