By Yangon Media Group, Shweproperty.com
Updated at 9 June 2017
ရန်ကုန်အိမ်ခြံ မြေဈေးကွက်အတွင်း အရောင်းအဝယ်များအေးနေခဲ့ရာမှ လတ်တလော ကာလအတွင်း အရောင်းအဝယ်များ ပြန်လည်ဖြစ်လာခဲ့ပြီး ဈေးကွက်အတွင်း အလှုပ်အခတ်များ ရှိလာခဲ့ ကြောင်း အိမ်ခြံမြေအသိုင်းအဝိုင်းမှသိရသည်။ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ကာလအတော်အတန်ကြာအထိ အရောင်းအဝယ်များအေးစက် နေခဲ့ရာမှ ပြီးခဲ့သည့်မေလနှောင်း ပိုင်းမှစတင်ကာ အရောင်းအဝယ်များ ပြန်လည်လှုပ်ခတ်လာခဲ့ခြင်းဖြစ်ကာ လက်ရှိအနေအထားမှာ ဈေးကွက်ကောင်းမွန်သည့်အနေအထား တစ်ရပ်သို့ရောက်ရှိရန်အတွက် အစပျိုးသည့် အနေအထားတစ်ရပ်ဟု အိမ်ခြံမြေအသိုင်းအဝိုင်းကဆိုသည်။
စိုင်းခွန်နောင် အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဦးစိုင်းခွန်နောင်က ''အဝယ်တွေကတော့ ပြန်လိုက်လာ နေပြီလို့ သုံးသပ်လို့ရတယ်။ အဝယ် တွေပြန်လိုက်လာတဲ့အကြောင်းအရင်းကတော့ အရင်နှစ်တွေတုန်းကလည်း ဒီအချိန်ဆိုရင် အဝယ်က အခုလိုပဲ မြင့်လာနေကျဆိုတော့ အခုချိန်က အဝယ်လိုက်လာတတ်တဲ့ ရာသီလို့ ပြောလို့ရတယ်''ဟု ဇွန် ၂ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။ ရန်ကုန်တိုင်းအတွင် အိမ်ငှားရမ်းလုပ်ကိုင်မည့်သူများအနေဖြင့် အိမ်ငှားရမ်းခွင့်လိုင်စင်ရှိမှသာ အိမ်ငှားရမ်းခွင့်ရရှိမည်ဆိုသည့် ကောလာဟလသတင်းများ ထွက်ပေါ်နေခဲ့ သော်လည်း အဆိုပါသတင်းများမှာ ရန်ကုန်အိမ်အငှားဈေးကွက်အပေါ်တွင် တစ်စုံတစ်ရာရိုက်ခတ်မှုမရှိ ကြောင်းလည်း ဦးစိုင်းခွန်နောင်က ဆိုသည်။
''ဒီလိုမျိုးသတင်းတွေထွက်ပေါ် နေတဲ့အတွက်ကြောင့်တော့ ရန်ကုန်အိမ်အငှားဈေးကွက်အပေါ်မှာတော့ ရိုက်ခတ်မှုမရှိပါဘူး''ဟု ဦးစိုင်းခွန် နောင်ကဆက်လက်ပြောသည်။ အရောင်းအဝယ်ပိုင်းတွင် အလှုပ်အခတ်များရှိလာသကဲ့သို့ အငှား ဈေးကွက်မှာလည်း မြို့နယ်တိုင်းတွင် ဆက်လက်အငှားသွက်နေဆဲဖြစ်ပြီး တိုက်ခန်းများသာမက လုံးချင်းများပါ အငှားဖြစ်နေကြောင်းသိရသည်။ မကြာမီကာလအတွင်း ဝါတွင်းကာလသို့ရောက်ရှိလာမည်ဖြစ်သော်လည်း အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်များမှာ ဆက်လက် ဖြစ်နေဦးမည်ဖြစ်ပြီး အငှားဈေးကွက်အပေါ်တွင် အနည်းငယ်သက်ရောက်မှုရှိနိုင်ကြောင်းလည်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒု- ဥက္ကဋ္ဌ ဦးသန်းဦးကဆိုသည်။
ဦးသန်းဦးက ''လာမယ့် ၇ လပိုင်းဆိုရင် ဝါဝင်တော့မယ်ဆိုပေမယ့် အိမ်ခြံမြေအရောင်းအဝယ်ဈေး ကွက်အတွက်ကတော့ သိပ်ပြီးပတ်သက်မှုမရှိပါဘူး တကယ်တမ်းမှာက တော့ အငှားဈေးကွက်လောက်ပဲ၊ ဒီဟာက သက်ရောက်မှုရှိတယ်''ဟု ဇွန် ၂ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ လက်ရှိအချိန်တွင် အရောင်းအ ဝယ်အလှုပ်အခတ်များဖြင့် ဈေးကွက် ကောင်းမွန်နေပြီး ဝါတွင်းကာလအ တွင်းပါ အရောင်းအဝယ်များ ဆက်လက်ကောင်းမွန်နိုင်ကြောင်း အိမ်ခြံ မြေအသိုင်းအဝိုင်းက သုံးသပ်ပြော ကြားသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ