By Wut Yee Htun (Shweproperty.com), Shweproperty.com
Updated at 1 June 2017
စီးပွားရေးလုပ်မယ်ဆိုတာနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒါမှမဟုတ် လတ်တလော စီးပွားရေးတစ်ခုခုကို စတင်မယ်ဆိုတဲ့ သူတွေဟာ ရန်ကုန်မြို့တော်ကြီးကိုပြေးမြင်ကြပါတယ်။ ရန်ကုန်ဆိုတာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာအကျဆုံးမြို့တော်တစ်ခုဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကနေစီးပွားရေးအရရင်းနှီးမြှုပ်နှံဖို့ ဖြစ်စေ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်စေ၊ နယ်ဘက်ကနေအလုပ်လုပ်ဖို့ ထွက်လာသူတွေဖြစ်စေရန်ကုန်မြို့တော်ကြီးဆီကိုပဲဦးတည်နေရတာဖြစ်ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးအစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်းမှာအာဆီယံနိုင်ငံတွေအပြင် နိုင်ငံရပ်ခြားစုံ အသီးသီး ကလေ့လာရေး ခရီးစဉ်အဖြစ်မြန်မာနိုင်ငံကိုလာရောက်မှု ပိုမိုများပြားလာခဲ့ပါတယ်။ ထိပ်သီးခေါင်းဆောင်တွေရဲ့ လေ့လာရေး ခရီးစဉ်အတွင်း မှာဆိုရင် ရန်ကုန်မြို့တော်ကိုမပါမဖြစ် လာရမြဲလာနေရဆဲပါပဲ။
ဒီလိုအချက်အချာကျလူစည်ကားတဲ့ အများသူငှာအာရုဏ်စိုက်မှုမြင့်တက်နေတဲ့ ရန်ကုန်ရဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့ ပြည်လမ်းမပေါ် မှာရုံးခန်းတစ်ခန်းပိုင်ဆိုင်ချင်ပါသလား၊ ရုံးခန်းလို့ဆိုလိုက်တာနဲ့သာမန်ရုံးခန်းမျိုးမဟုတ်ဘဲနိုင်ငံတကာအဆင့်မီဒီဇိုင်းရေးဆွဲထားတဲ့ စမတ်ကျကျအလုပ်လုပ်နိုင်မယ့် ပြည်ငြိမ်းသူဆောက်လုပ်ရေးရဲ့ Office Tower ပဲဖြစ်ပါတယ်။ စုစုပေါင်း(၄၁၇၆၃)စတုရန်းပေရှိတဲ့ Office Tower ကိုနာမည်ကြီးဒီဇိုင်နာတွေကကမ္ဘာ့အဆင့်မှီအဆောက်အဦးတစ်ခုအဖြစ်ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာပဲဖြစ်ပါတယ်။
Office Tower ဟာ(၈.၅)မိုင်မှာတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ စမတ်ကျတဲ့ရုံးခန်းရဲ့ အနီးတစ်ဝိုက်မှာဈေးဝယ်မလား၊ ခရီးထွက် မလား၊ ဘုရားဖူးမလားကိုယ်ကြိုက်နှစ်သက်ရာလုပ်နိုင်ပါတယ်။ဆိုလိုတာက Office Tower ရဲ့ အနီးတစ်ဝိုက်မှာဈေးဝယ်ထွက်ဖို့ Ocean Super Centre နဲ့ Junction (8)စတဲ့ ဈေးဝယ်စင်တာတွေရှိနေပါတယ်။ Office Tower ကနေရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို သွားမယ်ဆိုရင် (၁၀)မိနစ်ပဲကားစီးသွားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းစီးပွားရေးကိစ္စနဲ့ ပြည်ပ ထွက်ခွာဖို့ကိစ္စတွေအတွက် ရုံးခန်းနဲ့အနီးမှာလေဆိပ်ရှိတာမို့ ပူပန်စရာမလိုအပ်တော့ပါဘူး။ ဒါ့အပြင် Yangon Second Central Business Discript နဲ့လည်းနီးသလို၊ (၆)မိုင်ခွဲမှာရှိတဲ့ နိုင်ငံတကာစီးပွားရေးစင်တာနဲ့လည်းမဝေးတော့လို့ လိုအပ်တဲ့စီးပွားရေးကိစ္စတွေနဲ့ စီးပွားရေးအတွေ့အကြုံဖလှယ်ပွဲမျိုးတွေကိုအချိန်မကုန်ဘဲတက်ရောက်နိုင်မှာလဲဖြစ်ပါတယ်။
Tower ဟာကမ္ဘာအေးဘုရားရဲ့အနီးမှာပဲရှိတာမို့ မိမိရုံးခန်းကိုဧည့်သည်နိုင်ငံခြားသားတွေလာမယ်ဆိုရင် ကမ္ဘာအေးဘုရားကိုပါ သွားရောက်လည်ပတ်နိုင်ပြီးဘုရားအနီးတစ်ဝိုက်က ဂမုန်းပွင့်ဈေးဝယ်စင်တာနဲ့ ဈေးဆိုင်တွေကြောင့် လူစည်ကားနေလို့ ဒီလိုလူထူထပ်တဲ့ နေရာမျိုးမှာကိုယ့်ရဲ့ ရုံးခန်းကိုဂုဏ်ယူစွာ ဖွင့်လှစ်နိုင်ခွင့်ရမှာ လည်းဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ နာမည်ကြီး ဝိတိုရိယဆေးရုံ လည်းရုံးခန်းရဲ့ အနီးမှာရှိနေတယ်ဆိုတာ ဖြည့်စွက်ပြောပါရစေ။
Tower ရဲ့ မြေညီထပ်နဲ့ မြေအောက်ထပ်တွေမှာကားအစီးရေအနည်းဆုံး(၁၅)စီးရပ်နားနိုင်အောင် စီစဉ်ပေးထားပါတယ်။ Tower ရဲ့ အထပ်တိုင်းမှာရုံးခန်းတွေ၊ Pantry တွေအပါအဝင် အမျိုးသား၊ အမျိုးသမီးသန့်စင်ခန်းကိုတည်ဆောက်ပေးထားပါတယ်။ အပေါ်ဆုံး ထပ်မှာတော့ နားနေဆောင်တစ်ခု ထည့်သွင်းပေးထားတာမို့ ဒီ Tower ရဲ့ အပေါ်ဆုံးဆိုတဲ့ အမြင့်ဆုံးနေရာကနေရန်ကုန်မြို့ရဲ့ နေ့အလှ၊ ညအလှ ရှုခင်းတွေကိုပါ တစ်ပါတည်း ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ရုံးခန်းထဲမှာအလုပ်လုပ်ရင်းစိတ်ဖိစီးလာလို့ ဖြစ်ဖြစ်၊ ရှုခင်းကောင်းကောင်းကြည့်ချင်လို့ဖြစ်ဖြစ်လုပ်လက်စအလုပ်တွေကို (၁၀)မိနစ်လောက်နားပြီး Tower ရဲ့ အပေါ်ဆုံးထပ် ကနေရန်ကုန်ရဲ့ အလှကိုခံစားနိုင်ပါသေးတယ်။
လုပ်ငန်းရှင်တွေနဲ့အတူတူနေ့လည်စာနဲ့ ညစာစားပွဲတွေအတွက်ဖြစ်စေ၊ ဝန်ထမ်းတွေနဲ့ ပါတီလုပ်ချင်လို့ ဖြစ်စေ၊ စားပွဲသောက် ပွဲပျော်ပွဲ ရွှင်ပွဲလုပ်ချင်တယ်ဆိုရင်တော့ Hotel Yangon ကလည်းရုံးခန်းရဲ့ အနီးနားမှာပဲတည်ရှိနေပါတယ်။ ဂေါ့ဖ်ရိုက်ဝါသနာပါတဲ့ သူတွေအတွက် လည်းရုံးခန်းရဲ့ အနီးတစ်ဝိုက်မှာ ဂေါ့ဖ်ကွင်းရှိပါသေးတယ်။
အဆောက်အဦးတစ်ခုလုံးရဲ့ မှန်တွေဟာခိုင်ခံ့ပြီးအပူဒဏ်နဲ့ ဆူညံသံတွေမကြားရအောင် အဆင့်မြင့်နည်းပညာနဲ့ တည်ဆောက်ထား ပါတယ်။ အရန်လျှပ်စစ်မီးအားပေးစနစ်ကလည်းဒီဇယ်သုံးလျှပ်စစ် ဓာတ်အားပေးစက်ကိုအသုံးပြုထားပြီး၊အန္တရာယ်ကင်းအောင် ဖွဲ့စည်း ထားပါသေးတယ်။ ရုံးခန်းထဲကပစ္စည်းတွေ၊ အချက်အလက်တွေ၊ နည်းပညာတွေအတွက် လုံခြုံမှုရှိအောင် လုပ်ထားပေးသလို၊ (၂၄) နာရီ ပတ်လုံးလုံခြုံရေးဝန်ဆောင်မှုကိုပါ ထည့်သွင်းပေးထားပါတယ်။ ကုမ္ပဏီနဲ့ဝန်ထမ်းတွေအတွက် အရေးပါဆုံးတစ်ခုဖြစ်တဲ့ အင်တာနက် လိုင်းကိုလည်းသာမန်ထက် ကောင်းမွန်အောင် ဖိုင်ဘာဆက်ကြောင် းဖြင့်ပြုလုပ်ပေးထား ပါသေးတယ်။
ရေလိုင်းစနစ်၊ ပြန်လည်သန့်စင်သောမိလ္လာကန်စနစ်နဲ့ မီးဘေးအန္တရာယ်အတွက်လည်းကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ တည်ဆောက်ပေး ထားတဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ စောင့်ကြိုနေတဲ့ PyiNyein Thu ဆောက်လုပ်ရေးရဲ့ Office Tower ပဲဖြစ်ပါတယ် လေဝင်လေထွက်စနစ် ကောင်းအောင်လည်း တည်ဆောက်ပေး ထားတဲ့ ဒီ Tower ရဲ့ အပေါ်ဆုံးထပ်ကတော့ ရန်ကုန်ရဲ့ အလှကိုခံစားနိုင်မှာဖြစ်သလို၊ အားလုံးထက်ထူးခြားအောင်နဲ့ ရန်ကုန်မြို့ရဲ့မြင်ကွင်း ကျယ်အလှကို အစည်းအဝေး လုပ်ရင်းခံစားနိုင်မှာ ပဲဖြစ်ပါတယ်။
ရန်ကုန်မှာရုံးခန်းဖွင့်ချင်တယ်ဆိုရင် မြို့လယ်ခေါင် လူစည်ကားတဲ့နေရာ၊ ဒီဇိုင်းဆန်းတဲ့အဆောက်အဦး၊ အဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ Office Tower ရှိတယ်ဆိုတာပထမတစ်ချက် အနေနဲ့ သတိရစေချင်ပါတယ်။ ဒုတိယတစ်ခုကတော့ လုပ်ငန်းခွင် တွင်းလုံခြုံမှုနဲ့ ရုံးအတွင်း လုံခြုံမှုအပြည့်အဝ စီစဉ်ပေးထားတယ် ဆိုတဲ့အချက်ပါပဲ၊ တတိယတစ်ချက်ကတော့ လုပ်ငန်းရှင်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ၊ ညီလာခံတွေ၊ အစည်းအဝေးပွဲတွေကိုရန်ကုန်မြို့ရဲ့ မြင်ကွင်းကျယ်အလှကိုရှုစားပြီး ပြုလုပ်နိုင်တယ် ဆိုတာပဲဖြစ်ပါတယ်။ ဒါကြောင့် ရုံးခန်းနေရာရှာဖို့ စိတ်ညစ်နေတဲ့သူတွေအတွက် Office Tower ရှိတယ်ဆိုတာလက်တို့လိုက်ပါရစေ။ ။
Written By : Wut Yee Htun (Shweproperty.com)
Posted By : Wai Phyoe (Shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ