By The Trade Times, Shweproperty.com
Updated at 2 September 2015
ရန်ကုန်မြို့တွင်း၌ အိမ်တွင်း ပရိဘောဂပစ္စည်းများ ပါဝင်သည့် တိုက်ခန်းအငှားဈေးကွက်မှာ ယခုနှစ် အတွင်း ပိုမိုတွင်ကျယ်လာကြောင်း သိရသည်။
”အရင်ကတည်းက ပရိဘောဂ ပါတဲ့ တိုက်ခန်းတွေကို ငှားကြတယ်။ ဒါပေမယ့် ကွန်ဒိုတွေကြီးပဲ များတယ်။ အခုက ကွန်ဒိုမဟုတ်တဲ့ ရိုးရိုးတိုက် ခန်းမှာပါ ပရိဘောဂ အပြည့်အစုံနဲ့ ငှားလာကြတယ်”ဟု မြန်မာ့အဖိုး တန်မြေ အိမ်ခြံမြေဝန်ဆောင်မှု လုပ် ငန်းမှ မပိုးစန္ဒီက ပြောသည်။
ပရိဘောဂ အပြည့်အစုံဖြင့် ငှားရမ်းပေးနေသည့် တိုက်ခန်းများ၏ ဈေးနှုန်းမှ တစ်လလျှင် ၁၄ သိန်း ဝန်းကျင်မှ စတင်၍ ဒေါ်လာ ၈,ဝဝဝ ဝန်းကျင်အထိရှိကြောင်း သိရသည်။ ယင်းငှားရမ်းသည့် တိုက်ခန်းများ၌ ၁၈ ပေ ထ ပေ ၆ဝ အကျယ်ရှိသည့် ရိုးရိုး တိုက်ခန်းများ ပါဝင်သလို ကွန်ဒို တိုက်ခန်းများ၊ လုံးချင်းအိမ်ရာများ လည်း ပါဝင်သည်။
လက်ရှိတွင် ပရိဘောဂပစ္စည်း များပါဝင်သည့် တိုက်ခန်းများအား ငှားရမ်းမှုများသည့် မြို့နယ်များမှာ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်နှင့် စမ်းချောင်းမြို့နယ် တို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဗိုလ်တထောင်မြို့နယ်ရှိ တိုက်ခန်းများ တွင်လည်း ပရိဘောဂများအလှဆင် ကာ ငှားရမ်းမှုများ ရှိလာခဲ့သည်။
”အဲဒီလို တိုက်ခန်းမျိုးတွေကို များသောအားဖြင့် နိုင်ငံခြားသား တွေ ကြိုက်နှစ်သက်ကြတယ်။ အခု နောက်ပိုင်း နိုင်ငံခြားသားတွေလည်း အများကြီး ဝင်ရောက်လာကြတော့ လနဲ့ ချီနေတဲ့သူတွေက ဟိုတယ်တွေ မှာ ငှားမနေတော့ဘဲ ရှုခင်းကောင်းတဲ့ လုံးချင်းတိုက်လေးတွေမှာ နေကြ တာ များလာတယ်” ဟု အိမ်လုံးချင်း၊ တိုက်ခန်းငှားရမ်းခြင်းနှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ မချယ်ရီက ပြောသည်။
ပရိဘောဂပါဝင်သည့် တိုက်ခန်း၊ ကွန်ဒိုများဟု ဆိုရာတွင် ဧည့်ခန်းသုံး ဆိုဖာများ၊ အဲကွန်း၊ တီဗီ၊ အိပ်ခန်း တွင်းသုံး အဝတ်ဗီရို၊ မှန်တင်ခုံ၊ ခုတင်၊ မီးဖိုချောင်သုံး ဂက်စ်မီးဖို၊ ပန်းကန်စင်၊ ရေချိုးခန်းသုံး အဝတ် လျှော်စက် အစရှိသည့် ပစ္စည်းများ ပါဝင်ပြီး ငှားရမ်းနေထိုင်မည့်သူများ မှာ အသင့်နေထိုင်ရုံ တိုက်ခန်းများ အဖြစ် ငှားရမ်းလာကြကြောင်း သိရ သည်။
ယင်းတိုက်ခန်းများအား ငှားရမ်း မှုမှာ အနည်းဆုံး တစ်နှစ်စာချုပ်ဖြင့် ငှားရမ်းကြသည်။ အလားတူ လူနေ တိုက်ခန်းများအပြင် ရုံးခန်းများကို လည်း လုပ်ငန်းသုံးပစ္စည်းဖြစ်သည့် စားပွဲများ၊ ထိုင်ခုံများ၊ အဲကွန်းများပါ ဝင်သည့် မီနီတိုက်ခန်းများအား ငှား ရမ်းနေမှုများ ရှိနေကြောင်း သိရ သည်။ ၎င်းတိုက်ခန်းများမှာမူ အနိမ့် ဆုံး တစ်လ ကျပ် ၁ဝ သိန်း ဝန်းကျင်မှ ဒေါ်လာ ၁,ဝဝဝ ကျော်အထိ ဈေး ရှိကြောင်း သိရသည်။
ထိုတိုက်ခန်းများအား ငှားရမ်း အသုံးပြုသူများ နောက်ပိုင်း၌ ပိုမို များပြားလာနိုင်ပြီး ထိုသို့ငှားရမ်းမှု များပြားလာခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ အိမ်ခြံမြေလုပ်ငန်းလည်း တိုး တက်လာမည်ဖြစ်ကြောင်း အိမ်ခြံမြေ အရေးလေ့လာသူများက သုံးသပ်ကြ သည်။ ပြည်ပနိုင်ငံများ၌ ပရိဘောဂ ပစ္စည်းပါသည့် အသင့်နေ တိုက်ခန်း ငှားရမ်းနေမှု တွင်ကျယ်ခြင်းသည် ကြာမြင့်နေခဲ့သော်လည်း မြန်မာ နိုင်ငံအနေဖြင့်ဆိုလျှင် နောက်ကျနေ သည့် ဈေးကွက်တစ်ခု ဖြစ်သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ