By ပြညြ့်ဖိုးအောင်, Shweproperty.com
Updated at 27 October 2012
ပြည်တွင်းဘဏ်လုပ်ငန်းများက ပြည်သူများစုဆောင်းထားသည့်ငွေများကို မြေယာများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းကြောင့် ရန်ကုန်မြို့တော်ရှိမြေဈေးများ မိုးထောင်ကာ ဆမတန် မြင့်မားနေ ခြင်းဖြစ်ကြောင်း နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများကို စောင့်ကြည့်လေ့လာသည့်အဖွဲ့ BIC (Bank Information Center) မှ အာရှနိုင်ငံများ မန်နေဂျာ Jelson Garcia က ပြောကြားသည်။
ရန်ကုန်မြို့တော် Chatrium Hotel တွင် အောက်တိုဘာ ၂၅ ရက်က ကျင်းပသော နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများဆိုင်ရာ ဆွေးနွေးပွဲတွင် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်ပြီး သိရှိရသည့်အကြောင်းရင်းကိုမူ မီဒီယာ များသို့ ပြောဆိုခြင်းမရှိပေ။
BIC (Bank InformationCenter) မှာ အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ကို စောင့်ကြည့် လေ့လာသည့်အဖွဲ့အစည်းဖြစ်သည်။
''ပြည်တွင်းမှာ အခြားရင်းနှီးမြှုပ်နှံဖို့ကလည်း သိပ်မရှိတော့ မြေယာမှာ ရင်းနှီးတာပေါ့။ အစိုးရကလည်း မြေယာဝယ်ယူမှုအပေါ်မှာ မူဝါဒတွေ ချမှတ်ပေးထားတာမျိုးမရှိဘူးဖြစ်နေ တယ်လေ။ အဲဒါကြောင့်လည်း ဝယ်ချင်သလိုဝယ်လို့ရနေတာပါ။ အစိုးရက မူဝါဒကိုချမှတ်ဖို့လည်း လိုပါတယ်'' ဟု Jelson Garcia က The Voice Weekly သို့ ပြောကြားသည်။
သို့သော် ဘဏ်အချို့က ယင်း အချက်ကို ငြင်းဆိုသည်။
ဘဏ်လုပ်ငန်းများမှာ ပြည်သူများ၏အပ်နှံငွေများကို စီးပွားရေးလုပ်ငန်းများတွင် ပြန်လည်ချေးခြင်းသာ ပြုလုပ်ရပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ခွင့်မရှိ ကြောင်း ကမ္ဘောဇဘဏ်ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားသည်။ ''ဘဏ်မှာ အပ်ထားတဲ့ငွေတွေကို ပြန်ထုတ်ချေးတာလေ။ Export, Import သမားတွေ၊ စီးပွားရေးသမား တွေကိုလေ၊ ဘဏ်ကရင်းနှီးမြှုပ်နှံတာ မျိုးလုပ်လို့ကိုမရတာ၊ ကုန်သွယ်လို့ လည်းမရဘူး'' ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ ဘဏ်အသီးသီးမှာ ၎င်းတို့၏အပ်ငွေ၊ သွင်းငွေနှင့် ချေးငွေများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ နေ့စဉ် တင်ပြရပြီး ဗဟိုဘဏ်ကလည်း စိစစ်တာဝန်ယူလျက် ရှိသဖြင့် ဘဏ်များ ထိုသို့ လုပ်ခွင့်သာ မည်မဟုတ်ကြောင်း ဗဟိုဘဏ်မှ တာဝန် ရှိသူက ရှင်းပြသည်။ ပြည်တွင်း ဘဏ်တချို့မှာ ရန်ကုန်မြို့တော်အတွင်းရှိ အိမ်၊ ခြံ၊ မြေ များတွင် လျှို့ဝှက်စွာဖြင့် ရင်းနှီးမြှုပ်နှံမှု များရှိလာကြောင်း ရန်ကုန်မြို့လယ်ရှိ အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းများ မှ တာဝန်ရှိသူများက The Voice Weekly သို့ ပြောကြားသည်။
''ဘဏ်အနေနဲ့တော့မဟုတ်ဘူး။ သူတို့နီးစပ်ရာတွေ၊ ဆွေမျိုးသားချင်း တွေကို ဝယ်ခိုင်းပြီး ရင်းနှီးမြှုပ်နှံတာ တွေတော့ရှိတယ်'' ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားသည်။
မြန်မာနိုင်ငံရှိ နာမည်ကျော် ဘဏ်တချို့၏ ပိုင်ရှင်များမှာ ဘဏ် လုပ်ငန်းအပြင် အခြားစီးပွားရေးများ လည်း ပူးတွဲလုပ်ကိုင်နေသဖြင့် ဘဏ် လုပ်ငန်းများ မလုပ်ကိုင်မီကတည်းက အိမ်၊ ခြံ၊ မြေလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှုများနှင့် ပတ်သက်မှုရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
''တကယ့်သူဌေးကြီးတွေဆို အိမ်၊ ခြံ၊ မြေနဲ့မကင်းဘူး။ အိမ်၊ ခြံ၊ မြေနဲ့ မလွတ်ကင်းတာကလည်း ငွေကြောင့်ပဲ။ ငွေမည်းတွေကို ငွေဖြူ လုပ်ကြတာပေါ့'' ဟု အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးရန်အောင်က The Voice Weekly သို့ ပြောကြားသည်။
လုပ်ငန်းရှင်အများစုသည် ယခင် က ကားဈေးကွက်၊ ဒေါ်လာဈေးကွက် စသည်တို့တွင် ငွေကြေးကစားမှုများရှိခဲ့ ရာမှ ယခုအခါ အဆိုပါဈေးကွက်များမှာ လှုပ်လှုပ်ရှားရှားဖြစ်လာသောကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက်သို့ ပြောင်းလဲ မြှုပ်နှံမှုများ ရှိလာကြောင်း အိမ်၊ ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဦးမင်းမင်းက လတ်တလောအခြေအနေ ကို မှတ်ချက်ပြုသည်။
''မြေမှာရင်းနှီးမြှုပ်နှံဖို့ဝယ်လို့ မရဘူး။ ဥပဒေရှိပါတယ်။ အန်ကယ် တို့ဘဏ်အနေနဲ့တော့ မြေမှာရင်းနှီးတာ မရှိပါဘူး။ ဘဏ်ခွဲဖွင့်ဖို့အတွက် အဆောက်အအုံမြေဝယ်တာမျိုးပဲရှိပါ တယ်''ဟု မြန်မာ့ရှေ့ဆောင်ဘဏ်ဖွင့် ထားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကပြောကြားသည်။
မြန်မာနိုင်ငံတွင် ဆယ်နှစ်ကြာ လုပ်ငန်းများလုပ်ကိုင်ဖူးသည့် BIG ၏မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူ Mr.Shiro ကမူ ယင်းသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံတွင် အခြားရင်းနှီးမြှုပ်နှံ သည့် စတော့ရှယ်ယာဈေးကွက်များ မရှိခြင်း၊ လုပ်ငန်းငယ်များ တည်ထောင် ရန်ခက်ခဲခြင်းတို့ကြောင့်လည်း ဖြစ်နိုင် ကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံ၏အဓိကစီးပွားရေး လုပ်ငန်းများအခြေစိုက်ရာ ရန်ကုန်မြေဈေးများမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်မှ တဖြည်းဖြည်းမြင့်တက်လာပြီး ၂ဝဝ၁ နှောင်းပိုင်းတွင် ၃ဝ ရာခိုင်နှုန်းအထိ ခုန်တက်လာပြီး ယခုနှစ်တွင် သုံးဆ အထိ မြင့်တက်လာပြီဖြစ်ကြောင်း ပြည် ကြီးတံခွန် အိမ်၊ ခြံ၊ မြေအကျိုးဆောင် များထံမှ သိရသည်။
ဂျပန်နှင့် တည်ဆောက်ရန် သဘောတူထားပြီးဖြစ်သော သီလဝါ ဆိပ်ကမ်းအနီး သန်လျင်မြို့ရှိ အောင် ချမ်းသာရပ်ကွက်၊ သီလဝါရွာ၊ ဖလန်း၊ စံချိန်မီ စသည့်ရပ်ကွက်များတွင်လည်း မြေဈေးများ တစ်ဧကလျှင် နေရာ ပေါ်မူတည်၍ ယခင်က ငွေကျပ်သိန်း ၂၅ဝဝ မှ ၃ဝဝဝ ထိ မြင့်တက်လာ ကြောင်း ၎င်းကပြောကြားသည်။
Source : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ