By kumudranews, Shweproperty.com
Updated at 10 April 2019
ရန်ကုန်မြို့ကြီး ဖွံ့ဖြိုးတိုးတက် နိုင်ဖို့ ၁၀ စုနှစ်မတိုင်ခင်မှာ ပြုပြင် ပြောင်းလဲရမယ့် အခြေအ နေတစ် ရပ်ရှိနေပါတယ်။ နေရေး ကိစ္စမှာ ပြုပြင်ပြောင်းလဲ သင့်တဲ့ ပထမအ ချက်ဖြစ်ပြီး လက် ရှိ အစိုးရစနစ် မှာလည်း ကြိုးပမ်း ဆောင်ရွက် နေ ပါတယ်။ အစိုးရအနေနဲ့ မြေထည့် ဝင်ပြီး ရင်းနှီး မြှုပ်နှံသူတွေက အိမ် ရာတွေ ဆောက်လုပ်ပြီး သင့်တင့် တဲ့ နှုန်း ထားတွေနဲ့ ရောင်းနိုင်ဖို့ ကြိုးစား သွားမှာပါ။ ဒါကြောင့် ရေ ရှည် ရင်း နှီးမြှုပ်နှံနိုင်မယ့်သူ လို အပ်ပြီး နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံ သူတွေကို လည်း အစိုးရက ဖိတ် ခေါ် သွားဖို့ ရှိနေတယ်လို့ သိရပါ တယ်။
ရန်ကုန်တိုင်း ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရင်းနှီးမြှုပ်နှံမှု လုပ်ရင် ရေရှည်ရင်းနှီးမြှုပ်နှံနိုင် မယ့်သူမျိုး လိုအပ်ပါတယ်။ ရေ ရှည်ရင်းနှီးမြှုပ်နှံမယ့်သူတွေက တန်ဖိုးနည်းအိမ်ရာတွေ ဆောက် ပေးရင် ဈေးကို သင့်တင့်တဲ့နှုန်းနဲ့ ရောင်းချနိုင်မယ်၊ ရေရှည်မဟုတ် ရင် အိမ်ရာဝယ်သူတွေက ကာလ တိုအတွင်းမှာ ပြန်ဆပ်ရရင် လစဉ် ပေးဆပ်ရမယ့် အခန်းတန်ဖိုးနှုန်း ထားတွေ များနေမယ်၊ ဒါကြောင့် ၁၅ နှစ်အထက် ရေရှည်ရင်းနှီးမြှုပ် နှံ နိုင်မယ့် နိုင်ငံတကာ ရင်း နှီးမြှုပ် နှံနိုင်သူတွေကို ဖိတ်ခေါ်လိုပါ တယ်” လို့ ပြောပါတယ်။
လုပ်ငန်းရှင်တွေအနေနဲ့သည်ကဏ္ဍ မှာ ရင်းနှီးမြှုပ်နှံလာရင် နေ ရေးအ ခက်အခဲတွေရှိတဲ့ ပြည်သူ တွေနဲ့ ကျူးကျော်နေထိုင်သူတွေရဲ့ အ ခက်အခဲတွေကို ဖြေရှင်းပေးနိုင် မှာ ပါ။ သည်အတွက် ဆောက်လုပ် ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းမှုတွေ ပြု လုပ်နေပြီး အစိုးရဘက် မြေထည့် ပေး၊ အဖွဲ့အစည်းဘက်က ချေးငွေ စနစ်ပုံစံမျိုးစုံနဲ့ အိမ်ရာ တည် ဆောက်ပေးနိုင်ပြီး နေထိုင်ရေး အ ဆင့်မြှင့်တင်သွားမယ်လို့ သိရပါ တယ်။
ဒါ့အပြင် တန်ဖိုးနည်းအိမ်ရာ တွေကို ချေးငွေစနစ်နဲ့ ရောင်းချတဲ့ အခါ ချေးငွေပြန်ဆပ်ဖို့ အခက်အခဲ တစ်ရပ်ကြုံလာရင် ဖြေရှင်းပေးနိုင် မယ့် အာမခံစနစ်တွေကိုလည်း ပြင်ဆင် ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ အ ခက်အခဲတွေကို ဖြေရှင်း နိုင်ဖို့အ တွက် ခိုင်မာတဲ့ ကွန် ဒို မီနီ ယံ ဥပဒေ၊ တိုက်ခန်း၊ အိမ် ရာ ဥပဒေ တွေကအရေး ကြီး တဲ့ ကဏ္ဍတစ်ခုပဲ ဖြစ်နေပါတယ်။ ဥပဒေ တွေအား လုံးကို အမြန်ဆုံး ထွက်ရှိနိုင်ဖို့ ကြိုး ပမ်းဆောင် ရွက် သွားရမှာ ဖြစ်ပါ တယ်။
ဥပဒေတွေ ခိုင်ခိုင်မာမာပေါ် ထွက်လာရင်း ရန်ကုန်မြို့ရဲ့ လက် ရှိ အဆောက်အအုံဟောင်းတွေကို ထိန်းသိမ်းနိုင်မှာလည်း ဖြစ်ပါ တယ်။ ရန်ကုန်မြို့မှာ ပထမဆုံး စုပေါင်းပိုင်အိမ်ရာတွေကတော့ ကွန်ဒိုမီနီယံတွေပဲ ဖြစ်ပါတယ်။
စုပေါင်းပိုင်အိမ်ရာ တည် ဆောက်သူတွေကို ဧပြီလ ၆ ရက် နေ့က စုပေါင်းပိုင်အဆောက်အအုံ ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ တည်ထောင်သူ လုပ်ငန်းလိုင်စင် ပေးအပ်ခဲ့ပါတယ်။ တိုင်းဒေသကြီး အစိုးရအနေနဲ့လည်း စုပေါင်းပိုင် အိမ်ရာ တည်ထောင်ပြီးနောက်ပိုင်း အိမ်ရာနေထိုင်သူတွေကို အိမ်ရာ ကို စီမံခန့်ခွဲနိုုင်မယ့် အခြေ အနေ တွေ ဆောင်ရွက်ပေးနိုင်မှာပါ။
“ရန်ကုန်မြို့ရဲ့ အဆောက်အ အုံ တော်တော်များများက တစ်ဦး တစ် ယောက်ချင်းဆီက အခန်း တစ်ခန်း စီ ပိုင်ဆိုင်ကြတာ များပါ တယ်၊ အဆောက်အအုံတွေကို ဆေးတစ် ခါသုတ်ပြီး နောက်ထပ် သုတ်နိုင်ဖို့အခြေအနေသိပ် မတွေ့ ရတော့ ဘူး၊ အခန်းတစ်ခန်းပဲ ပိုင် ကြတာဆိုတော့ ကိုယ့်အခန်းကို ကြိုက်တဲ့ ဆေးရောင်ကလည်း မျိုး စုံ ရှိနိုင်ပါတယ်၊ ပြုပြင်ထိန်းသိမ်း တဲ့အခါ စုပေါင်းပိုင်အခြေအနေမျိုး မရှိတော့ဘဲ တစ်ဦးတစ်ယောက် ချင်းဆီက ပြုပြင်တည်ဆောက်ကြ တဲ့ အခြေအနေမျိုးတွေပဲ ရှိနေပါ တယ်” လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ထုတ်ပြန်ပေးမယ်
ဒါ့အပြင် ကန် ထ ရိုက် တာ တိုက် အတွက် Apartment Law ကိုလည်း ထုတ်ပြန်ပေးတော့မှာပါ။ Apartment Law မှာ အိမ်ရာတွေ ကို စနစ်တကျ ပြုပြင်ထိန်းသိမ်း နိုင်ပြီး တည်ထောင်သူတွေ အ တွက် ဥပဒေနဲ့ ခိုင်ခိုင်မာမာ လုပ် ကိုင်နိုင်မှာ ဖြစ်ပါတယ်။
အိမ်ခြံမြေဈေးကွက် ပိုကောင်း လာဖို့ Apartment Law ကို ရေး ဆွဲ နေပြီး ဇွန်လမှာ မူကြမ်း ထွက် နိုင် ဖို့ ခန့်မှန်းထား ကြောင်း သိရ ပါတယ်။ Myanmar Develop-ment Association သုံးခု ပူး ပေါင်း ပြီး ဆောက်လုပ်ရေးလော ကနဲ့ သက် ဆိုင်သူတွေကို ဖိတ် ကြားကာ တ ကယ့်ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ညှိနှိုင်း ဆွေးနွေးကာ ဥပ ဒေ မူကြမ်းရေး ဆွဲ မှာ ဖြစ်ပါတယ်။
“Apartment Law ထွက်လာ ရင် ဈေးကွက် ပိုခိုင်မာမယ်၊ Apar-tment Law က အလယ်အလတ် နေထိုင်သူတွေအတွက် ဆောင် ရွက်မှာဖြစ်ပါတယ်၊ဇွန် လ မှာထွက် ဖို့ မျှော်မှန်းထား တယ်” လို့ Mya-nmar Development Asso-ciation (MDA) General ဦးရဲဝင်း က ပြောပါတယ်။
ရန်ကုန်မြို့ စတင်ဖွံ့ဖြိုးလာတဲ့ အချိန်မှာ ကန်ထရိုက်တိုက်တွေ စဆောက်ခဲ့ကြပြီး တစ်ထပ်အိမ် ကလေးတွေက နှစ်ထပ်တိုက် လေးခန်းတွဲပါတဲ့ကန်ထရိုက် တိုက် တွေ အဖြစ် စခဲ့ကြတာဖြစ်ပါတယ်။ နောက်မှ လေးထပ်၊ ခြောက်ထပ် အဆောက်အအုံတွေ ဖြစ်လာပြီး ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ကြီးကြပ်မှုနဲ့ အတူ လိုက်ပါ ဆောင် ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အခြေအနေတွေကို ဥပဒေ အရ လိုက်ပါဆောင်ရွက်ရပြီး အ ခန်းတစ်ခန်းစီ ပိုင်ဆိုင်ကြတဲ့ အ ခြေအနေဖြစ်ကာ အခန်းပိုင်ရှင် တစ်ဦးက မြေပိုင်ဆိုင်တာမျိုး မရှိ ဘူး၊ ဒါကြောင့် အိမ်တစ်လုံးပြုပြင် ထိန်းသိမ်းဖို့ စုပေါင်းငွေမရှိတဲ ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ သိရပါတယ်။
နေရေးအခက်အခဲရှိသူတွေ အတွက် ဆောက်လုပ်မှုပုံစံတွေနဲ့ ဖြေရှင်းဆောင်ရွက်ပေးနိုင်အောင် တိုင်း ဒေသကြီးအစိုးရနဲ့ ဗဟိုအစိုး ရတို့ ပူးပေါင်းဆောင်ရွက်နေတယ် လို့ သိရပါတယ်။
မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု တွေ ရောက်လာနိုင်အောင်နယ် ပယ် ကဏ္ဍအသီးသီးက ကြိုးပမ်း ဆောင်ရွက်ပေးဖို့ ရန်ကုန်တိုင်းဝန် ကြီးချုပ်က တိုက်တွန်းပြော ကြားခဲ့ ပါ တယ်။ စုပေါင်းပိုင် အိမ်ရာ တွေ တည် ဆောက်ရေး၊ လုပ်ငန်း ရှင် တွေအနေနဲ့ ကောင်းမွန်တဲ့ အ ဆောက် အအုံတွေ ပေါ်ထွန်းဖို့ ဥပ ဒေကို ကျင့်သုံးပြီး မြို့ပြဖွံ့ဖြိုးတိုး တက် ရေးအတွက် ဆောင်ရွက် သွားရမှာ ဖြစ်တယ်လို့ သိရပါ တယ်။
Ref ; kumudranews
Photo Credit ; jllrealviews
Posted By ; Khun Gyi ( ShweProperty.com )
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ