By The voice journal, Shweproperty.com
Updated at 22 October 2019
#Unicode
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရောင်းချသည့်မြေကွက်များတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် ရေ၊ မီး၊ လမ်း ကုန်ကျစရိတ်ကို ဝယ်ယူသူမှ ကျခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC) အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသည့် YCDC ၏နှစ်ပတ်တစ်ကြိမ် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဒဂုံမြို့သစ် လေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များရှိ မြေကွက်ပေါင်း ငါးရာကျော်ကို ရောင်းချမည်ဖြစ်ပြီး ထိုအထဲမှ မြေကွက်ဆယ်ရာခိုင်နှုန်းခန့်တွင် အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး၊ လမ်း မရှိကြောင်း YCDC တွဲဖက်အတွင်းရေးမှူး ဦးသန်းထံမှ သိရှိရသည်။
အဆိုပါ အခြေခံလိုအပ်ချက် ပြည့်စုံမှုမရှိသည့်မြေကွက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပုဂ္ဂလိကကုမ္ပဏီများကို စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) ခေါ်ယူပြီး တည်ဆောက်ပေးမည်ဖြစ်ပြီး ယင်းကုန်ကျစရိတ်ကို မြေကွက်ဝယ်ယူသူမှ ကျခံရမည်ဖြစ်ကြောင်း ဒေါ်လှိုင်မော်ဦးက ဆိုသည်။
“မြေဖိုးသည် ပေ ၄၀×၆၀ တစ်ကွက်ကို ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့အခြေခံနှုန်းထားနဲ့ ဥပမာ သိန်း ၆၀ ကျတယ်ဆိုပါစို့။ Infrastructure စရိတ်က သိန်း ၅၀ ကျတယ်ဆိုရင် ဒီမြေကွက်သည် သိန်း ၁၁၀ ဖြစ်သွားပါလိမ့်မယ်” ဟု ဦးသန်းက ရှင်းပြသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေဝယ်ယူခွင့်လျှောက်လွှာများကို တောင်ဥက္ကလာပမြို့နယ် (၄/၆)ရပ်ကွက်၊ ဗြိဟ္မာစိုရ်လမ်းနှင့် သီလလမ်းထောင့်ရှိ အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် အောက်တိုဘာလ ၇ ရက်နေ့မှစတင်ကာ တစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချလျက်ရှိသည်။
#Zawgyi
ရန္ကုန္တိုင္းေဒသႀကီး အစိုးရက ေရာင္းခ်သည့္ေျမကြက္မ်ားတြင္ အေျခခံလိုအပ္ခ်က္ျဖစ္သည့္ ေရ၊ မီး၊ လမ္း ကုန္က်စရိတ္ကို ဝယ္ယူသူမွ က်ခံရမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ(YCDC) အတြင္းေရးမွဴး ေဒၚလႈိင္ေမာ္ဦးက ေျပာၾကားသည္။
ေအာက္တိုဘာလ ၂၁ ရက္ေန႔ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပသည့္ YCDC ၏ႏွစ္ပတ္တစ္ႀကိမ္ သတင္းမီဒီယာမ်ားႏွင့္ ေတြ႕႔ဆံုပြဲတြင္ ၎က ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ရန္ကုန္တိုင္းေဒသႀကီးအစိုးရက ဒဂံုၿမိဳ႔သစ္ ေလးၿမိဳ႔နယ္ႏွင့္ လႈိင္သာယာ၊ ေရႊျပည္သာၿမိဳ႕နယ္မ်ားရွိ ေျမကြက္ေပါင္း ငါးရာေက်ာ္ကို ေရာင္းခ်မည္ျဖစ္ၿပီး ထိုအထဲမွ ေျမကြက္ဆယ္ရာခိုင္ႏႈန္းခန္႔တြင္ အေျခခံလိုအပ္ခ်က္မ်ားျဖစ္သည့္ ေရ၊ မီး၊ လမ္း မရွိေၾကာင္း YCDC တြဲဖက္အတြင္းေရးမွဴး ဦးသန္းထံမွ သိရွိရသည္။
အဆိုပါ အေျခခံလိုအပ္ခ်က္ ျပည့္စံုမႈမရွိသည့္ေျမကြက္မ်ားကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ ပုဂၢလိကကုမၸဏီမ်ားကို စိတ္ဝင္စားမႈအဆိုျပဳလႊာ(EOI) ေခၚယူၿပီး တည္ေဆာက္ေပးမည္ျဖစ္ၿပီး ယင္းကုန္က်စရိတ္ကို ေျမကြက္ဝယ္ယူသူမွ က်ခံရမည္ျဖစ္ေၾကာင္း ေဒၚလႈိင္ေမာ္ဦးက ဆိုသည္။
“ေျမဖိုးသည္ ေပ ၄၀×၆၀ တစ္ကြက္ကို ကာလတန္ဖိုးစိစစ္ေရးအဖြဲ႔က သတ္မွတ္ထားတဲ့အေျခခံႏႈန္းထားနဲ႔ ဥပမာ သိန္း ၆၀ က်တယ္ဆိုပါစို႔။ Infrastructure စရိတ္က သိန္း ၅၀ က်တယ္ဆိုရင္ ဒီေျမကြက္သည္ သိန္း ၁၁၀ ျဖစ္သြားပါလိမ့္မယ္” ဟု ဦးသန္းက ရွင္းျပသည္။
လက္ရွိ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔က ေျမဝယ္ယူခြင့္ေလွ်ာက္လႊာမ်ားကို ေတာင္ဥကၠလာပၿမိဳ႕နယ္ (၄/၆)ရပ္ကြက္၊ ၿဗိဟၼာစိုရ္လမ္းႏွင့္ သီလလမ္းေထာင့္ရွိ အေရွ႕ပိုင္းခ႐ိုင္ စုေပါင္းရံုးတြင္ ေအာက္တိုဘာလ ၇ ရက္ေန႔မွစတင္ကာ တစ္ေစာင္လွ်င္ က်ပ္တစ္ေသာင္းျဖင့္ ေရာင္းခ်လ်က္ရွိသည္။
Ref : The voice journal
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ