By 7daydaily, Shweproperty.com
Updated at 4 December 2015
ဒဂုံမြို့သစ်တောင်ပိုင်း တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်နေ သည့် ရန်ကုန်မြို့၏ ပထမဆုံးအ ငှားချ အိမ်ရာစီမံကိန်း၌ ငှားရမ်း နေထိုင်လိုသူများအနေဖြင့်၂၀၁၆ ဖေဖော်ဝါရီ ၁ ရက်တွင် စတင် လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သ တင်းရရှိသည်။ လျှောက်ထားလိုသူများ သည် နေအိမ်ခန်းမရှိကြောင်း ကိုယ်တိုင်ခံဝန်ချက်၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များကို ပူးတွဲတင် ပြရမည်ဖြစ်ပြီး လျှောက်ထားသူ အရေအတွက်များပြားပါက မဲစ နစ်ဖြင့် ရွေးချယ်ငှားရမ်းပေးမည် ဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်တောင်ပိုင်း အ မှတ်(၂)လမ်းမကြီးနှင့် မဟာဗန္ဓု လလမ်းထောင့်ရှိ အဆိုပါ အငှား အိမ်ရာစီမံကိန်းကို တည်ဆောက် လျက်ရှိပြီး ၂၀၁၆ မတ်လကုန်၌ ပြီးစီးမည်ဖြစ်သောကြောင့် ပြီးစီးသည်နှင့် တစ်ပြိုင်နက် စတင်ငှား ရမ်းမည်ဖြစ်သည်။
ခြောက်ခန်းတွဲ လေးထပ်အ ဆောက်အအုံ အလုံး ၅၀ အခန်း ပေါင်း ၁,၂၀၀ ကို ငှားရမ်းမည် ဖြစ်ပြီး ငှားရမ်းမည့်ဈေးနှုန်းကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေး ပေ။
ယခုစီမံကိန်းသည် ရန်ကုန် မြို့တွင် လုပ်ဆောင်နေသည့် အ ငှားအိမ်ရာ စီမံကိန်းများအနက် အစောဆုံးနှင့် ပထမဆုံးပြီးစီးငှား ရမ်းနိုင်မည့် အိမ်ရာစီမံကိန်းဖြစ် သည်။
လျှောက်လွှာများကို ဖေဖော် ဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ရောင်းချပေးမည်ဖြစ်ကာ အမှန် တကယ် အိမ်ပိုင်မရှိသူများအား အဓိက ရွေးချယ်ငှားရမ်းပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် လက်ရှိ၌ ရန်ကုန်မြို့တော်စည်ပင်၊ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် မွေးရေကျေးလက်ဝန်ကြီးဌာနတို့က အငှားအိမ်ရာစီမံကိန်းများ လုပ်ဆောင်ရန် တင်ဒါခေါ်ယူခြင်း၊ မြေနေရာရှာဖွေခြင်းများ ပြုလုပ် နေပြီး အချို့မှာ စီမံကိန်းများပင် စတင်နေပြီဖြစ်သည်။
Ref : 7daydaily
Photo Credit : mmbiztoday
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ